unicode
ပြတင်းပေါက်ကနေရောင်ကမျက်စိကိုလာထိုးနေတာကြောင့် နိုးလာခဲ့သည်။
အခန်းပြင်ထွက်ကြည့်တော့ ထမင်းစားပွဲမှာထိုင်ရင်းသူ့ကိုစောင့်နေတဲ့ဖြိုးကိုတွေ့လိုက်ရသည်။လွန်း၏မျက်နှာရှုံ့မဲ့သွားသည်။မသိချင်ယောင်ဆောင်ပြီးပြန်၀င်မယ်အလုပ်.....
"လာလေ ထမင်းလာစား"
"ငါဗိုက်မဆာဘူး"
"လာပါ~"
အတင်းခေါ်နေတာကြောင့် သွားထိုင်လိုက်သည်။ ထမင်းပန်းကန်ကိုမသက်ာသလိုနဲ့ စိုက်ကြည့်လိုက်သည်။
"စိတ်ချ ဘာဆေးမှမခတ်ထားပါဘူး။"
"အင်း"
"စားပြီးရင် အိမ်ပြန်ပို့ပေးပါ့မယ်..."
"......."
ဘာမှပြန်မပြောနေဘဲ ထမင်းကိုသာဆက်စားနေလိုက်သည်။ သူထပ်မယုံချင်တာကြောင့်ပင်။
"ကိုယ်အတည်ပြောနေတာ"
"မင်းလိုကောင်ရဲ့စကားကိုယုံရမှာတဲ့လား"
"ကိုယ်မလိမ်ဘူး ကလေးစိတ်ပါမှသာပြန်လာခဲ့"
"အင်း.."
ထမင်းကိုမြန်မြန်စားလိုက်သည်။စားပြီးလို့ ထသွားမယ်အလုပ် ဖြိုးကရေခွက်ကိုလှန်းကမ်းပေးလိုက်သည်။ သူရေဆာနေပေမဲ့ မသောက်ချင်တာကြောင့် ငြင်းပြီးထွက်လာလိုက်သည်။
ဖြိုးကပေးမသွားဘဲလက်ကိုလှမ်းဆွဲကာ ရေကိုအတင်းတိုက်သည်။ အတင်းတွန်းထုတ်ပေမဲ့မလွှတ်တာကြောင့်မျက်နှာကို ထိုးလိုက်ကာမှ လွှတ်ပေးသည်။
"စောက်ရူးထမနေစမ်းနဲ့!"
ပြောပြီးတာနဲ့ အပြင်ကိုထွက်ထိုင်နေလိုက်၏။ဖြိုးကပန်းကန်တွေဆေးပြီးတာနဲ့အိတ်တွေကိုသယ်လာကာ ကားထဲထည့်လိုက်သည်။
ဒီတစ်ခါတော့ လမ်းကိုမြင်ရတာကြောင့် သေချာကြည့်နေပေမဲ့ အတော်ကိုဝေးလွန်းသည်။ သူဆီတော်တော်ပေါလားမသိဘူးလို့တွေးလိုက်မိသည်။
_____________________
"ရောက်ပြီ.."
လွန်းကတပျော်ကြီး ကားပေါ်ကဆင်းကာ အိတ်တွေကိုအမြန်ယူပြီး အိမ်ထဲတန်း၀င်သွားသည်။ ဖြိုးကတော့သူ့ကိုနှုတ်ဆက်မလားလို့ငေးနေတုန်းပင်။ မနှုတ်ဆက်တာကြောင့်ပြန်လှည့်ထွက်မည်အလုပ် ရှိန်းက လွန်းကိုလာထွက်ကြိုတာကိုမြင်လိုက်သည်နှင့် စိုးရိမ်စိတ်များထပ်၀င်လာသည်။
![](https://img.wattpad.com/cover/357449842-288-k252161.jpg)