Chapter 3 ( zawgyi )

49 1 0
                                    

အကောင်ပေါက်လာခြင်း

ပလုံ!

အိုးထဲကရေမှာပွက်ပွက်ဆူနေကာ ဖြူဖြူဝိုင်းဝိုင်းဥကလေးမှာ ရက်ရက်စက်စက်ပင်ထိုအထဲပစ်ထည့်ခံလိုက်ရပြီး နောက်တစ်စက္ကန့်မှာပင် အိုးထဲအပြုတ်ခံရတော့မလိုဖြစ်နေလေသည်။ရေပူဟာ ရုတ်တရက် ဘေးနှစ်ဖက်လှိုင်းထသွားပြီး ဥလေးမှာထိုအထဲတွင် ထောင်လျက်သား အိုးအောက်မှာမြှုပ်လိုက်ပေါ်လိုက် ဖြစ်နေတော့၏။

နဂါးဥလေး : "....."

စူးမုလော့က မကပ်တဲ့အိုးထဲကနေ နဂါးဥလေးကိုထုတ်လိုက်ပြီးပြောလိုက်သည်။ : " အံ့သြသွားလား? စိတ်လှုပ်ရှားသွားလား? လှုပ်လာပြီလား? "


နဂါးဥလေးမှာ မလှုပ်ရှားရဲပါပေ။


ထိုအရာလေးခံစားချက်မဲ့နေသည်ကိုမြင်တော့
စူးမုလော့သူ့နှုတ်ခမ်းထောင့်စွန်းလေးကို အနည်းငယ်မြင့်တက်လိုက်ပြီး သူ့ကိုတို့ထိလိုက်၏။ " ငါကဒီတိုင်းမင်းကိုခြောက်လိုက်ရုံပါ "


သူကနဂါးဥလေးအား​ခြောက်ရသည့်အကြောင်းအရင်းကိုမပြောသလို၊ နဂါးဥလေးသည်လည်းမလွဲဧကန်ကိုမေးမလာခဲ့။ သူ့မှာစူးမုလော့ရဲ့လက်ဖဝါးပြင်ထဲမယ် လုံးလုံးမပျော်မရွှင်နဲ့လှိမ့်ကာပတ်နေရုံပဲ တတ်နိုင်လေသည်။

စူးမုလော့ကထိုအရာကို ဂရုစိုက်မနေဘဲ
အီမိုနေသည့် ဥလေးအား ဆေးကြောကာအိတ်ကပ်ထဲထည့်ပြီးအပြင်သို့ထွက်လာခဲ့တော့၏။


သူ,သည်နေ့အိုင်ဒီကတ်လျှောက်ဖို့အတွက် မကောင်းဆိုးဝါးများအစည်းအရုံးကို သွားမှာဖြစ်သည်။မကောင်းဆိုးဝါးများအစည်းအရုံးက မိစ္ဆာနတ်ဆိုးရေးရာကိစ္စများအတွက် အထူးဖွဲ့စည်းထားသောအဖွဲ့အစည်းပင်။ထိုအဖွဲ့အစည်းက ခြွင်းချက်မရှိ လင်းချန်အပါအဝင် အခြားမြို့အမျိုးမျိုး၌အကိုင်းအခွဲများရှိလေ၏။

နတ်ဆိုးများအတွက် ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်နေပါသည်ဆိုကတည်းက ထိုအဖွဲ့အစည်းမှာ နတ်ဆိုးများကဲ့သို့ပင် လူသိရှင်ကြားတည်ရှိဖို့ဆိုတာမဖြစ်နိုင်ပါပေ။ထို့ကြောင့်မို့ မကောင်းဆိုးဝါးများအစည်းအရုံးကယေဘုယျအားဖြင့် မြို့ထဲတွင်ဖုံးကွယ်၍တည်ရှိနေ၏။ထိုနေရာက သာမန်ရုံးအဆောက်အဦပုံစံနှင့်တူပြီး လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ သူတို့အကုန်လုံးမှာ သာမန်လူများနှင့်မခြားနားသည့် ရုံးဝန်ထမ်းများလိုပါပင်။

You've reached the end of published parts.

⏰ Last updated: Jan 10 ⏰

Add this story to your Library to get notified about new parts!

နှစ်များစွာပျိုးထောင်ခဲ့ရတဲ့ နဂါးဥလေးနောက်ဆုံးတော့ အခွံအက်လာပြီ!Where stories live. Discover now