Chapter - 82

885 121 5
                                    

[Unicode]

အပိုင်း ၈၂။

ရှုရှင်းရွယ်သည် ပြောပြီးသွားသည်နှင့် သူ့တုံ့ပြန်မှုကို ကြည့်ချင်သဖြင့် ထိုလူကို မရဲတရဲကြည့်လိုက်သည်။

သို့သော် သူမ မျှော်မှန်းထားသည့်အတိုင်း ဒေါသ သို့မဟုတ် အံ့သြမှုမရှိခဲ့။

စုန့်ယန်က ပြုံးလိုက်ပြီး သူ့မျက်လုံးထဲတွင် ရယ်မြူးရိပ် ရောင်ပြန်ဟပ်နေ၏။

ဤတုံ့ပြန်မှုကို ရှုရှင်းရွယ် မမျှော်လင့်ထားသလို သူ့ရယ်မောသံများဆီက သူမ ခဏတာဖမ်းစားခံလိုက်ရသည်။

စုန့်ယန်သည် ရှင်းလင်းနေသောမျက်ခုံးနှင့် တောက်ပသောမျက်လုံးများဖြင့် အမြဲတမ်း ချောမောသည့်အသွင်အပြင်ရှိပေသည်။ သူသည် နယ်ပယ်ထဲသို့ စောစောဝင်ရောက်ကာ နှစ်ပေါင်းများစွာကြာအောင် ဂုဏ်တင်ခံခဲ့ရသောကြောင့် သူ့ထံမှ ထွက်ပေါ်လာသော ရင့်ကျက်သည့်စိတ်ထားက သူ့ကို ခပ်တန်းတန်းဖြစ်နေစေသော်လည်း မာနကြီးတဲ့ပုံမပေါ်စေပေ။ စင်ပေါ်မှာပဲဖြစ်ဖြစ်၊ စင်အောက်မှာပဲဖြစ်ဖြစ်၊ လူတွေက သူ့ဆီက မျက်လုံးလွှဲဖို့ခက်ပါသည်။

ရှုရှင်းရွယ်သည် လူသစ်တစ်ဦးဖြစ်ပြီး ပွဲဦးထွက်မှ ယခုအချိန်အထိ သူမ၏လမ်းခရီးမှာ မလွယ်ကူခဲ့ပေ။ သူမသည် အောင်မြင်လိုသောဆန္ဒ ပြင်းပြပြီး စုန့်ယန်ကဲ့သို့ ယောက်ျားများကို ပြင်းပြင်းပြပြ လေးစားချစ်ခင်တတ်သည်။ သူမ သူတို့ကိုထိလို့မရတော့ သူတို့အား မော်ကြည့်ရမည့် စီနီယာပုဂ္ဂိုလ်များအဖြစ် သဘောထားခဲ့သည်။ ယခုမူ သူမ သူ့ရှေ့တွင်ရပ်နေသဖြင့် မိုက်မဲသောအတွေးအချို့က သူမ၏ကျိုးကြောင်းဆီလျော်တတ်မှုကို အလိုလိုလွှမ်းမိုးသွားလေသည်။

အကယ်၍ သူမသာ ဒီအမျိုးသားကို အရယူနိုင်မည်ဆိုပါက... အရာအားလုံးတွင် ထူးချွန်သည့် စီနီယာအစ်မထံမှ သူ့ကို ဆွဲထုတ်နိုင်မည်ဆိုလျှင်...။

ထိုက သူမကိုယ်သူမ "သက်သေပြခြင်း" နှင့် ညီမျှပေလိမ့်မည်။

ဒါရိုက်တာကော၏ပံ့ပိုးကူညီမှုမရှိရင်တောင် သူမဟာ သူမ့အစ်မထက် ပိုသန်မာနေသေးမည်ပင်။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now