718 45 5
                                    

မနက်စာအဖြစ် သစ်ကြားသီးအစေ့သာ စားထားပေမဲ့ ၂နာရီကျော်အထိ နေ့လယ်စာ စားဖို့က စိတ်ကူးမရှိမိသေး။စားပွဲခုံဘေးက ဟိုရှီပေးထားသည့် လက်တေးဗူးလေးကြောင့် အစာခံနေလား မပြောတတ်။
ဉာဏ်စမ်းမေးခွန်းဟောင်း ပေါင်းချုပ်စာအုပ်
နှင့် အီတလီနိုင်ငံဗဟုသုတ ၁၀၁ စာအုပ်ထဲ သူ့အာရုံကို လုံးလုံးနှစ်ထားခဲ့သည်။

ကျောင်းတိုင်း နွေရာသီဆို ပိတ်ပေမယ့်
အားကစားပြိုင်မည့်သူများကိုတော့
ကြိုတင်လေ့ကျင့်ဖို့ ခေါ်တတ်သည်။
ဝန်ဝူးနေသည့်နယ်မြို့ကျောင်းလေးမှာ
စာလုပ်ချင်သည့်သူများအတွက်
စာကြည့်ခန်းအပါအဝင်စာသင်ခန်းတစ်ခန်း သို့မဟုတ် နှစ်ခန်းဖွင့်ပေးထားသည်။
စာလာလုပ်သည့်ကျောင်းသားကတော့
များများစားစားမရှိ။ ဒီနေ့ဆိုသူအပါအဝင် အခန်းထဲလေးယောက်သာရှိသည်။

လေးလပိုင်းဝင်လာပြီမို့ ဘောလုံးကွင်းနားက
ပန်းနုရောင်ချယ်ရီပွင့်တွေဝေနေသည်ကို
ပြတင်းပေါက်က မြင်ရသည်။
ပြည်နယ်အဆင့် ဉာဏ်စမ်းပြိုင်ပွဲအထိ မှန်းထားတာမို့ နေ့တိုင်းလိုလို ကျောင်းလာပြီး လေ့လာဖြစ်သည်၊ မှတ်စုထုတ်သည်။  တခါတလေလည်း စာသင်ခန်းပြတင်းပေါက်ကနေ ငေးကြည့်ရတာကိုကြိုက်သည်။
ပြတင်းပေါက်ကနေ ကရာတေးဝတ်စုံဝတ်ထားသော ကျောင်းသား နှစ်ယောက် အားကစားခန်းက ထွက်လာသည်ကို မြင်ရသည်။
ဟိုရှီက ကရာတေး ခါးပတ်နက်မို့
အငယ်တန်းဂျူနီယာတွေ ကူပေးဖို့အတွက်
ဝန်ဝူးနှင့်အတူတူ နွေရာသီကို
ကျောင်းအတူတူလာသည်။ လေ့ကျင့်ရင်း
တစ်ဖက်က ဝန်ဝူးနေ့လယ်စာ အချိန်မှန်စားဖို့ အခန်းထဲထိလာပြီးသတိပေးတတ်သည်။ ဒီနေ့ ဟိုရှီလာမပြောသေးတော့ ဝန်ဝူးလည်း မစားဖြစ်သေး။

အပြင်ကိုငေးကြည့်နေရင်းက
ချယ်ရီပွင့်ဖတ်လေးတွေ
ပန်းနုရောင်ကနေ စူးရှသော အပြာရောင်၊ အဝါရောင်ပြောင်းသွားသလို ခံစားရသည်။ နားထဲက လေပူတွေ ထွက်လာသလိုဖြစ်လာသည်။
နားထင်က ချွေးစီးတွေ စီးကျလာတော့ ဘယ်လိုမှ နေလို့မရတော့၊ အာခေါင်တွေ
ခြောက်သွေ့လာသလို။ ခုံကို
မျက်နှာနှင့်ကပ်ပြီး မှောက်လျက်နေပြီး
အသက်ပြင်းပြင်းရှုကြည့်သည်။
လည်ပင်းအထိ တပ်ထားသော ကြယ်သီးကို အသက်ရှုချောင်အောင် ကြိုးစားပြီး
ဖြုတ်လိုက်သည်။ နားရွက်တွေက အပူကြောင့် နီရဲနေသည်။

Might because of the heat stroke Where stories live. Discover now