Ch-163+164

421 42 0
                                    

ယဲ့ရှောင်ချန်း 163+164

အခန်း (၁၆၃) - ရှန်းနုန်စိုက်ပျိုးရေး

ရုတ်တရက် ဘီးလုံးကြီး အလွန်လျင်မြန်စွာ လည်ပတ်သွားသည်။

မိနစ်အနည်းငယ် ကြာအောင် လည်ပတ်ပြီးသွားသောအခါ ဘီးလုံးကြီး နှေးလာ၏။

နောက်ဆုံးအချိန်တွင် မြှားဦးက အလွန်အမင်း ကျယ်ပြန့်သော အကန့်တစ်ခုပေါ်သို့ ကျရောက်သွား၏။

ယဲ့ရှောင်ချန်း မတတ်နိုင်ဘဲ စိတ်ပျက်သော မျက်နှာ ဖြစ်သွားရသည်။

အကန့်က ပိုကြီးလေလေ ပစ္စည်းတန်ဖိုး ပိုနည်းလေလေ ဖြစ်သည်။

ဒီလောက်ကျယ်သည့် အကန့်တွင် ပစ္စည်းကောင်းကောင်း ရှိနေပါက အံ့သြစရာ ကောင်းနေပါဦးမည်။

"ဟာကွာ ကံကလည်း ဆိုးလိုက်တာ။"

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်သည်။

သူ ရရှိသွားသည့် ပစ္စည်းကို ကြည့်လိုက်၏။ ခေတ္တ အံ့အားသင့်သွားပြီးနောက် ထူးဆန်းသော မျက်နှာထားမျိုး ဖြစ်လာခဲ့သည်။

အင်မော်တယ် စာလုံး အဘိဓာန်။

ယဲ့ရှောင်ချန်း အနည်းငယ် တုံးအသလို ခံစားလိုက်ရသည်။ အစကတည်းက သိထားပါက သူကံစမ်းမဲ အရင်နှိုက်ခဲ့မည်ဖြစ်ပါသည်။

အင်မော်တယ် အဘိဓာန်ကို ရထားပါက လနတ်သမီးကို ဘာသာပြန်ခိုင်းစရာ မလိုအပ်ပါ။

အင်မော်တယ် စာလုံးအားလုံး ပါဝင်သော အဘိဓာန်ကို ကြည့်လိုက်သည်။

စာသား၏ ရှင်းလင်းချက်များကလည်း တရုတ်စာလုံးများဖြစ်နေသည်။ ဒီလိုနှင့်အင်မော်တယ် စာလုံး အဘိဓာန်ကို အသုံးပြုပြီး ယဲ့ရှောင်ချန်း အင်မော်တယ် စာလုံးများ၏ အဓိပ္ပာယ်ကို နားလည်နိုင်ပါပြီ။

ပစ္စည်းကောင်းလေးပဲ။

ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းက ဒီအင်မော်တယ်စာလုံး အဘိဓာန်အား အတော်လေး ကျေနပ်မိပါသည်။

အနည်းဆုံးတော့ အင်မော်တယ် စာလုံး ဘာသာပြန် ကုန်ကျစရိတ်ကို လျှော့ချနိုင်လိမ့်မည်။

ကောင်းကင်ဘုံလယ်သမားWhere stories live. Discover now