1

219 22 5
                                    

" ဟျောင်း မတွေ့တာကြာပြီနော် "

သူ နှုတ်ဆက်စကားဆိုရင်း ဟျောင်းကို ကြည့်မိတော့ ဟျောင်းမျက်နှာပေါ်မှာ သူမြင်နေကျ တောက်ပတဲ့ အပြုံးလေးတစ်ပွင့်ကို တွေ့ရသည်။

" ကျွန်တော်ဒီတလော အလုပ်တွေပဲ ဖိလုပ်နေမိတာ ဟျောင်းရဲ့
ဟျောင်းကိုလဲ အရမ်းလွမ်းနေတာ
ဟျောင်း သိရဲ့လား "

သူ အဝေးကို ငေးရင်း ရင်ဖွင့်မိသည်။
ဆောင်းတွင်း ညနေခင်း လေပြေအေးတစ်ချက် ဝေ့လိုက်တော့ အနည်းငယ် စိမ့်ခနဲ ဖြစ်သွားသည်နှင့် သူ လောင်းကုတ်အင်္ကျီ အိတ်ကပ်ထဲ လက်ကို ထည့်လိုက်သည်။

" ဒီရက်ပိုင်း တော်တော်အေးတာနော် ဟျောင်း
ကျွန်တော် ဟျောင်းကို စတွေ့တုန်းကလည်း အရမ်းအေးနေခဲ့တာလေ
ဟျောင်း မှတ်မိသေးလား "

~~~~

ဂွန်းနု ဟျောင်းနဲ့စတွေ့တုန်းက ဟျောင်းကို သူ့ထက်ငယ်မယ်ထင်ခဲ့တာ

" ဟေ့ ဟိုကျောင်းသား ဒီမှာ ပိုက်ဆံအိတ်ကျနေခဲ့တယ် "

ဂွန်းနုလှမ်းခေါ်တော့ ရှေ့ကနေ ခပ်သွက်သွက်လျှောက်နေတဲ့ကောင်လေးက ပြန်လှည့်ကြည့်လာလေရဲ့ ။ ဆောင်းမနက်ခင်းရဲ့ နေရောင်အောက်မှာ ထိုကောင်လေး ရွှေရောင်ဆံပင်အုပ်အုပ်လေးတွေက တောက်ပနေတယ် ။ ကြည်ကြည်လင်လင်မျက်နှာလေးမှာ ​ပြုံးလိုက်ရင် ပေါ်လာတဲ့ smile line လေးတွေ မျက်လုံးကော့ညွတ်ညွတ်လေးတွေကနေ ဂွန်းနု အကြည့်မလွှဲနိုင်ခဲ့ဘူး ။

" ကျေးဇူးပါနော် " ပြောပြီး ရယ်ပြလာတော့ ပေါ်လာတဲ့ သွားတန်းဖြူဖြူလေးတွေမြင်ကာ ဂွန်းနုနှလုံးသားက တဒိတ်ဒိတ်နဲ့ ခုန်နေလိုက်တာ ။

" ရပါတယ် " ဂွန်းနု မူမမှန်တဲ့ ရင်ခုန်သံတွေကို မသိချင်ယောင်ဆောင်ဖို့ကြိုးစားပေမဲ့ အချည်းနှီးပင် ။ မသိစိတ်က အလိုလို ထိုကောင်လေးနှင့်ရင်းနှီးချင်မိပေမဲ့ သူဘယ်လို စကားစရမှန်းမသိခင်မှာပင် ထိုကောင်လေးက သူ့လက်ထဲမှ ပိုက်ဆံအိတ်က်ို ယူကာ သူ့ကို နှူတ်ဆက်ပြီး ထွက်သွားလေပြီ ။

" ဂွန်းနု ကျောင်းသားသစ်တွေအတွက် ဒီနေ့ကြိုဆိုတဲ့ပွဲရှိတယ်တဲ့ "

In the name of WisteriaWhere stories live. Discover now