4

97 9 4
                                    

မက်သရူး၏မိဘတွေက ဂွန်းနု၏ရုတ်တရက်ဆန်သော ရောက်ရှိလာမှူအပေါ် ငြိုငြင်သည့်ဟန်မရှိပဲ ဖက်လှဲတကင်းသာ ကြိုဆိုကြသည် ။ နှစ်ယောက်တူတူ Vancouver ရဲ့အထင်ကရ နေရာတွေ လည်ပတ်ပြီးမှ Korea ကို တူတူပြန်လာခဲ့ကြသည် ။

ဟျောင်းရဲ့မိဘတွေကတော့ တော်တော်ကြာမှ ပြန်တွေ့ရသည့် သားငယ်လေးနှင့်မခွဲချင်ဖြစ်နေပြီး " အိမ်နဲ့ဝေးနေတဲ့ကလေးမို့ မက်သရူးကို ဂရုစိုက်ပေးပါနော် " ဟုဆိုကာ ဂွန်းနုလက်ကို ဆုပ်ကိုင်ပြီး အားကိုးတကြီး ပြောလာသော မက်သရူးဟျောင်းရဲ့မေမေ့ကြောင့်

" စိတ်ချပါ အန်တီ ကျွန်တော်သေချာဂရုစိုက်မှာပါ "
ဟုပြန်ဖြေတော့

" အန်တီက ဂွန်းနုနဲ့ဆို မက်သရူးကိုစိတ်ချပါတယ် သားကလေ ပြန်လာတဲ့တောက်လျှောက် နေ့တိုင်း ဂွန်းနုကသူ့ကို ဘယ်လောက်ဂရုစိုက်ကြောင်း သူ့အပေါ်ဘယ်လောက်ကောင်းကြောင်းအမြဲပြော​ပြတာ "

ဟျောင်းက သူ့မိဘတွေဆီ ဂွန်းနုအကြောင်းပြောပြထားကြောင်းပြောထားသော်လည်း အန်တီဆီမှ ကြားရသောအခါတွင်တော့ ဂွန်းနုရင်ထဲ ပို၍ ပီတိဖြစ်ရသည် ။ ရင်ခုန်ရလွန်းလို့ပင် သူ့အဖေကိုနှူတ်ဆက်နေသည့် ဟျောင်းကို ပြေးဖက်ကာ ပါးအိအိလေးတွေကို ချိုင့်ဝင်သွားသည်အထိ နမ်းပစ်ချင်လာမိတော့သည်။

Korea ပြန်ရောက်ပြီး သိပ်မကြာခင်မှာပင် သူတို့နှစ်ယောက် ကျောင်းနှင့်နီးသော တိုက်ခန်းတခုတွင် အတူပြောင်းနေဖြစ်ကြသည် ။ ဟျောင်းကကျောင်းပြီးမှ အတူပြောင်းနေမည်ဟု ပြောထားသော်လည်း ပြန်ရောက်တာနှင့် အခန်းရှာဖို့စပြောလာသူမှာလဲ ဟျောင်းပဲ ဖြစ်နေတော့သည် ။ ဟျောင်းပြောသည်ကတော့  "ခွဲလိုက်ရတဲ့နှစ်လအတွက် အလွမ်းသယ်ချင်လို့ " ဟူသော စကားတခွန်းနှင့်ပင် သူလွမ်းသလို ဟျောင်းကလဲ ထပ်တူလွမ်းနေကြောင်း ဖွင့်ဟပြောလိုက်သလိုပင် ။

တိုက်ခန်းလေးက ကျောင်းနှင့်လမ်းလျှောက်သွားလျှင် ၁၅မိနစ်ခန့်သာ ဝေးပြီး အခန်းနှစ်ခန်း အပြင် ဧည့်ခန်းနှင့် မီးဖိုချောင် ပါဝင်သည့် ရိုးရိုးရှင်းရှင်းအခန်းလေးပင် ။ ဟျောင်းက ထိုအခန်းလေးမြင်သည်နှင့်အရမ်းသဘောကျနေကာ ဘယ်နေရာမှာ ဘယ်ပစ္စည်းလေးတွေထားမည် ဘယ်လိုအလှဆင်မည်ဟူသော အတွေးလေးပင်ပြောပြလာကာ ကလေးတယောက်လို ပြုံးရွှင်နေတော့သည်။

You've reached the end of published parts.

⏰ Last updated: Apr 22 ⏰

Add this story to your Library to get notified about new parts!

In the name of WisteriaWhere stories live. Discover now