Intro

471 16 0
                                    

-ပတ်ဂျီမင်

"စကားကိုအမြင်ကပ်အောင်ပြောစမ်းပါဦး ဂျွန်ဂျောင်ဂု.."

-ဂျွန်ဂျောင်ဂု

"သိပ်ချစ်လွန်းလို့ အပိုင်သိမ်းထားမိရုံပါ..အတ္တဆန်တယ်လို့တော့ ခေါင်းစဉ်အတပ်မခံနိုင်ဘူး.."

-ကင်မ်ထယ်ယောင်း

"ကိုကိုက ငါ ကင်မ်ထယ်ယောင်းရဲ့ အပိုင်!.."

-မင်ယွန်းဂီ

"Hyungဗျာ..တွေ့တာ တစ်နာရီတောင်မပြည့်သေးပဲ ဒီလူရဲ့ နှလုံးသားကို သိပ်ပြုစားရက်တယ်.."

-ဂျောင်ဟိုဆော့

"မင်းလေးကတော့ အမြင့်ကိုပျံတတ်သွားမဲ့ လှပတဲ့ စွန်လေးတခုဖြစ်တည်ပေးပေါ့.."

-ကင်မ်ဆော့ဂျင်

"မင်းသာငါ့အပိုင်မဟုတ်ခဲ့ရင် ဘယ်သူ့မှမင်းကိုမပိုင်စေရဘူး.."

-ကင်မ်နမ်ဂျွန်း

"လူနာတိုင်းကိုကုသနိုင်ပေမဲ့ မင်းကြောင့်ဖြစ်တည်လာတဲ့ရောဂါကို ကိုယ် ကိုယ်တိုင်မကုသနိုင်ခဲ့ဘူး.."

———————

Hi နှလုံးသားတို့ရေ..အသက် လို့ခေါ်ပါတယ်။သာသာတို့မင်မင်တို့အစား အသက် လို့တရင်းတနှီးခေါ်လို့ရပါတယ်နော်။အသက် အခုပြောချင်တာကတော့ 'စွန်' လို့အမည်ရတဲ့ BTS Fan fiction အကြောင်းလေးပေါ့..။Ficလေးက Vminkookဆိုပေမဲ့ Jikook sideကိုပဲသွားပါမယ်လို့ပြောချင်ပါတယ်။
OTPအစွဲရှိတဲ့ သဲလေးတို့ဖတ်နိုင်မှဖတ်ကြပါနော်။ပြီးတော့ warning အနေနဲ့က ရိုင်းစိုင်းတဲ့အသုံးအနှုန်းလေးတွေပါနိုင်တာပါပဲ။ကိုယ်တိုင်ကလည်း ကိုယ့် idolတွေရယ်ဖြစ်လာရင် respectရှိပြီး ချစ်ပါတယ်။
+18လိုဟာကတော့ အသက် ကိုယ်တိုင်မရေးနိုင်တဲ့အတွက်ကြောင့် ပါမှာတော့မဟုတ်ပါဘူး.. kissing scenesလောက်ပဲပါနိုင်ပါမယ်။ဇာတ်အိမ်ဇာတ်လမ်းကိုတော့ အချိတ်အဆက်မိမိနဲ့ ခိုင်မာအောင်ရေးသွားပေးပါ့မယ်လို့ ကတိပေးနိုင်ပါတယ်။အသက်က professional အဆင့်မဟုတ်လို့ စာရေးသားရာမှာ တစ်ခုခုကိုအကျယ်တဝံ့ရှင်းပြတဲ့အခါမျိုးကျ ရုပ်လုံးပေါ်အောင် သိပ်မရေးတတ်သေးတာကို ခွင့်လွှတ်စေချင်ပါတယ်..
ကိုယ်နှစ်သက်တဲ့ရပ်၀န်းလေးက စာရေးရတာလေးကိုပါ။နှလုံးသားတို့က အသက်ရဲ့ficကိုဖတ်ပြီး စိတ်အပန်းဖြေရာရောက်စေချင်လို့ အခုလို 'စွန်' ficကိုရေးသားရခြင်းဖြစ်ပါတယ်။

စွန်Where stories live. Discover now