Part-3

746 37 3
                                    

"ကိုကို လာပြီလား?ယောင်းက ကိုကို ကြာနေလို့စိတ်ပူနေတာ..တခုခုဖြစ်နေတာများလားလို့လျှောက်ရှာနေတာ.."

"Sorry ယောင်းငယ်..ကိုကိုအလုပ်ကိစ္စဖုန်းပြောရင်းကြာသွားတာ..ပေါက်စကိုစိတ်ပူစေမိပြီ.."

"ဟင့်အင်း မဟုတ်တာကိုကိုရယ်.."

ခြံ၀န်းထဲသို့ ၀င်၀င်ချင်းပင်ဟိုဟိုဒီဒီလျှောက်ရှာနေသော ယောင်းငယ်ကိုတွေ့လိုက်လေသည်။
ပြီးတော့မှ ကိုယ့်ကိုလိုက်ရှာနေတာတဲ့..ရင်ထဲကိုနွေးခနဲဖြစ်သွားစေတဲ့ခံစားချက်လေးက စောနကဒေါသူပုန်ထနေတဲ့ အမည်မသိစိတ္တဇနာမ်က ပျောက်ကွယ်သွားလေရဲ့။

"မွေးနေ့ရှင်ကစောနမှ ကလပ်ကပြန်လာလို့ ရေချိုးနေတယ်..ခဏနေသူဆင်းလာမှပဲ မိတ်ဆက်ပေးမယ် ကိုကို..အခုတော့ ယောင်းသူငယ်ချင်းနောက်တယောက်နဲ့ မိတ်ဆက်ပေးဦးမယ်.."

"ယောင်းငယ်လေး သဘော.."

CEOကြီး၏ လက်မောင်းလေးကိုပိုင်ပိုင်နိုင်နိုင်ချိတ်ဆွဲထားတဲ့ ကောင်းကင်ပြာလေးဟာ သိပ်အပြစ်ကင်းစင်သောပါပဲ။
အပိုင်လို့တံဆိပ်မခတ်ရသေးပါပဲ နာမ်စားလေးနဲ့တင် ရောင့်ရဲနိုင်တာမျိုး။

"ယွန်းဂီ.."

"ထယ်ရာ..မင်းကိုစောနက ပျောက်သွားလို့လိုက်ရှာနေတာ..ဒါနဲ့ဘေးက.."

"ဒါက ငါ့ကိုကိုလေ..နာမည်က ပတ်ဂျီမင်တဲ့..။
ကိုကိုနှုတ်ဆက်လိုက်ပါဦး..ဒါက ‌ယောင်းရဲ့သူငယ်ချင်း မင်ယွန်းဂီ တဲ့.."

"တွေ့ရတာ၀မ်းသာပါတယ် ကိုယ်က ပတ်ဂျီမင်ပါ.."

ပြုံးရုံသာပြုံးပြရင်း ရှေ့သို့ဆန့်ထုတ်လာသော လက်တစုံကို ကျနော်ငေးမောနေမိတာအမှန်ပါ..။
အသိစိတ်ကိုမနည်းကပ်ကာ အမြန်လက်ဆွဲနှုတ်ဆက်စေတော့သည်။
မြင်မြင်ချင်းမှာပဲ နစ်မြှုပ်သွားမိတယ်..ပတ်ဂျီမင်လို့ အမည်ရတဲ့နွံထဲကို..။

"ကျနော်က မင်ယွန်းဂီပါဗျ..ရှေ့လျှောက်တွေ့ရအောင်ပါဗျာ.."

"ဘာကိုတွေ့ရမှာလဲ..ယွန်းဂီတို့ အိပ်ချင်နေပြန်ပြီလား?"

"ဟားဟား ဟုတ်မယ်..ဟုတ်မယ်.."

ရင်ခုန်သွားရင် စကားတွေဟာစီလျော်မှုမရှိပဲ တောင်စဉ်ရေမရတွေပြောနေမိခြင်းဟာ ‌အကျင့်တစ်မျိုး။
မာနကြီးကြီးမင်ယွန်းဂီဆိုတဲ့ ဆောင်ပုဒ်က အခုလက်ရှိ ခြေမကိုင်လက်မကိုင်မိ ဖြစ်ပျက်နေတဲ့မင်ယွန်းဂီကို ခနဲ့နေသလိုပါပဲ။

You've reached the end of published parts.

⏰ Last updated: Jan 15 ⏰

Add this story to your Library to get notified about new parts!

စွန်Where stories live. Discover now