Part-2

154 17 0
                                    

Seoulမြို့ရှိ အထက်တန်းကျသော Uniတစ်ခုသည် လူချမ်းသာအသိုင်းအဝိုင်းတွေသာ သီးသန့် တတ်ရောက်ခွင့်ရကြောင်း သတင်းတွေဟာ တညံညံဖြင့် နာမည်ကြီးလှပေသည်..။
စီးပွားရေးမေဂျာရှိ အတန်းတစ်တန်းထဲတွင် ကျောင်းသူကျောင်းသားများ၏ အသံတွေသည် အုတ်ရောရောကျောက်ရောရော..။

Uniဖြစ်တာကတကြောင်း..ဆရာ မလာသည်က တကြောင်းမို့ တစ်တန်းလုံးဖြစ်ချင်တာကို ဖြစ်နေကြသည်..။ အလှပြင်သည့်သူကပြင်...မုန့်စားသည့်သူကစား..အိပ်နေသူကအိပ်..ဂိမ်းဆော့သူကဆော့ဖြင့် တမျိုးတဖုံကွဲပြားနေကြသည်လေ..။

Uniဆိုတာဒါပဲလေ..ထိုအရာတွေကမှ လွတ်လပ်ခြင်းဆိုတဲ့ စိတ္တဇနာမ်စားရဲ့တကယ့်အနှစ်သာရတွေ..။

ထို ခေါင်းစဥ်တပ်ခံထားရသော အမျိုးအမည်တွေကြားထဲမှ ကျောင်းသားတစ်စုသည် စကားဖောင်ဖွဲ့နေကြလေသည်..။

"ဟျောင့် ထယ်..ညကျရင်ငါ့ partyကိုမင်းလာရမယ်နော်..မဟုတ်ရင် မင်းအိမ်အထိကို
စောက်လုပ်ရှုပ်ခံပြီး လာခေါ်မှာ.."

စာရေးစားပွဲခုံပေါ်တွင် ထိုင်နေသူက အထက်စီးဆန်စွာ
ရှူးဖိနပ်ထူထူတို့ဖြင့် တန်ဆာဆင်ထားသော သူ၏ခြေထောက်တို့ကို ထိုင်ခုံပေါ်သို့ တင်ထားရင်း မျက်နှာချင်းဆိုင်ရှိ မိုးပြာရောင်ဆံသားတို့၏ ပိုင်ရှင်ကို စူးစိုက်ကြည့်ရင်း ပြောနေလေသည်မှာ မလာရင် အမဲဖြတ်တော့မည့် လူသတ်သမားတယောက်လို..။

ဂုတ်ဖျားထိ တစွန်းတဆ ရှည်လျားကျဆင်းနေကာ ကောက်ကွေ့မှောင်မိုက်နေသော ပိတုန်းရောင်ဆံနွယ်တွေရယ်..
နှုတ်ခမ်းပါးတစုံ၏အောက် တစ်နေရာတွင် တည်ရှိနေသော မဲ့နက်နက်လေးတစ်ခုရယ်..

နားကပ် လက်စွပ် လက်ကောက်တို့ဖြင့် bodyအတွက် လိုအပ်သောဈေးကြီးသည့် fancy accessoriesအမျိုးမျိုးဖြင့် မိမိုက်နေသူ..
All Blackကိုမှ ရူးသွပ်ကာ နှုတ်ခမ်းနီမလေးများ၏ ကြားထဲဒိတ်ဒိတ်ကြဲ နာမည်ကြီးကျော်ဇောနေသူ..

Heart stealerဟု တင်စားခြင်းခံရသော ညှို့ဓာတ်ပြင်းရှသည့် မျက်ဝန်းတစ်စုံ၏ owner..
အပြုံးတစ်ပွင့်ဖြင့် စိတ်တွေဟိုးအစွန်းထိ break downဖြစ်သွားအောင် ပြုလုပ်နိုင်ခြင်း၏ king..
Bodyတောင့်တောင့် chest widelyဖြင့် ယောကျာ်းပီသခြင်းဆိုသော အချိုးအစားတို့နှင့် ပြည့်လျှံနေသော master..

စွန်Where stories live. Discover now