အပိုင်း ( ၃ )

1.8K 149 2
                                    

( Unicode )

အချိန်ကာ ည ၉ နာရီ ၂၀ မိနစ်။ တိုက်ထဲသို့ဝင်လာလိုက်ပြီး ပထမဆုံးထပ်ရှိ တေဇ ၏ အိမ်ရှေ့တွင် ရှန်သ ရပ်လိုက်သည်။ လက်ထဲ၌ ကိုင်ထားသည့် ကိတ်ဘူးကို အောက်သို့ချလိုက်ပြီး အထဲက ကိတ်ကိုဆွဲထုတ်လိုက်သည်။ မြင်လိုက်ရသည့် ကိတ်ပုံစံကြောင့် ရှန်သ ငိုချင်စိတ်ပါပေါက်သွားသည်။

ခပ်သွက်သွက်လမ်းလျှောက်လာသည့်မလို့ အထဲမှာကိတ်မုန့်က ပုံပျက်ပန်းပျက်ဖြစ်သွားသည်။

" ငါ့ ၅ သောင်းတန်လေး... "

အသစ်သွားပြန်ဝယ်ဖို့လဲ ပိုက်ဆံမရှိတော့တာကြောင့် ပုံပျက်နေသည့် ကိတ်ပေါ်မှာပဲ ဖယောင်းတိုင်ထွန်းလိုက်သည်။ အားလုံးပြီးသည့်နှင့် အခန်းတံခါးခေါက်လိုက်ပြီး ကိတ်မုန့်ကိုလက်နှစ်ဖက်နဲ့ သေချာပြန်ကိုင်လိုက်သည်။

ခဏအကြာမှာတော့ တစ်ဖက်မှ တေဇ ၏ တံခါးဖွင့်သံကိုကြားလိုက်ရသည်။ ရှန်သ စိတ်လှုပ်ရှားသွားကာ တံခါးပွင့်လိုက်သည့်နှင့်

" Happy Birthday To You. Happy Birthday To You. Happy Birthday Happy Birthday Happy Birthday  Dear သျှိန်းတေဇနိုင်..."

" ရှန်... "

" မီးမှုတ်ပြီး ဆုတောင်းလိုက်ဦး ကိုင်ထားရတာညောင်းတယ် "

တေဇ ၏ မျက်လုံး၌ မျက်ရည်တို့ဝေ့သီနေသည်။ ဖယောင်းတိုင်မီးမှုတ်ပြီးသွားတော့ ရှန်သ လက်ထဲကကိတ်ကို လက်လွှဲယူလိုက်ကာ နှစ်ယောက်အတူ အိမ်ထဲသို့ဝင်လာသည်။

" မှောင်မည်းနေတာ...ဘာလို့ မီးတွေမဖွင့်တာလဲ တေဇ "

" အခုဖွင့်လိုက်မယ် "

ရှန်သ ပြောမှပဲ တစ်အိမ်လုံးကရှိသမျှ မီးတွေကို လိုက်ဖွင့်သည့် တေဇ။  မီးဖွင့်ပြီးနောက် လက်ထဲက ကိတ်ကို စားပွဲပေါ်သို့ချထားလိုက်ပြီး မတ်တတ်ရပ်နေသည့် ရှန်သ အနားသို့ရောက်သွားပြန်၏။

" ကိတ်ကလေ အစကပုံလှလှလေး ငါလမ်းလျှောက်တာမြန်သွားလို့ထင်တယ် ပုံပျက်သွားတာ... နှမြောစရာကြီးနော် "

" ဘာမှမဖြစ်ဘူး... "

" မွေးနေ့လက်ဆောင်က မနက်ဖြန်မှ ငါဝယ်ပေးမယ်နော်  "

Forever And Ever [ Complete ]Where stories live. Discover now