အပိုင်း ( ၁၇)

1.3K 94 6
                                    

( Unicode )

ကိုယ့်ကိုကိုယ် သတ်သေရလောက်သည့်အထိ ရှန်သ မိုက်ရူးရဲမဆန်သေး။

သူ့မားမားအကြောင်းသူအသိဆုံးပင် လက်တွေ့ပြနိုင်မှ ယုံကြည်သည့်လူစား။ စကားနဲ့သာ ပြောနေရင်း ဒီတစ်သက် တေဇ နဲ့ တကယ်ဝေးရလိမ့်မည်။

ရှန်သ ၏ တုံးလွန်းသည် ဦနှောက်လေးကလည်း တစ်ခါတလေမှာတော့ အသုံးဝင်ပါသည်။ ရှန်သ သေချာပေါက်သိနေသည့် ဒီလောက်အမြင့်ပေါ်က ခုန်ချရင် ခေါင်းကွဲရင်ကွဲမကွဲရင်ခြေကျိုးလက်ကျိုးရုံသာ သေနိုင်လောက်သည့်အထိတော့မဖြစ်နိုင်။

အခုလို စွန့်စားမှသာ ပျော်ရွှင်မှုကိုရနိုင်မည်။

" ငိုမနေနဲ့! ညည်းကြောင့် ငါ့မြေးအခုလိုဖြစ်တာ ငါ့မြေးသာတစ်ခုခုဖြစ်လို့ကတော့ ညည်းငါကို
အမေလို့လာမခေါ်နဲ့တော့!! "

အားလုံးလွန်ကုန်တော့မှ နောင်တရနေသည့် သမီးဖြစ်သူကို ခွဲစိတ်ခန်းအရှေ့မှာ ဆူနေသည့် အဖွား။

၂ နာရီကြာ ခွဲစိတ်မှုပြုလုပ်ပြီးသည့်အခါမှာတော့ ရှန်သ ၏ ခွဲစိတ်မှုကအောင်မြင်သွား၏။ ကုတင်ပေါ်မှာ အခုထိသတိပြန်မရသေးသည့် သားကိုတစ်ချက်ကြည့်ပြီး ဆေးရုံအခန်းထဲမှထွက်သွား၏။

သူ(မ)သိမ်းထားသည့် ရှန်သ ၏ ဖုန်းကိုဖွင့်လိုက်တော့ နီရဲနေသည့် မစ်ကောပေါင်းများစွာကိုတွေ့လိုက်ရသည်။ တွေဝေမနေတော့ပဲ တေဇ ဆီ ဖုန်းချက်ချင်းဆက်လိုက်သည်။

အခုတော့ ဘာမှမဖြစ်ပေမယ့် သူ(မ) ၏ သားကို နောက်ထပ်တစ်ကြိမ်သာဆို အပြီးတိုင် ဆုံးရှုံးသွားရမှာကို သူ(မ) ကြောက်ရွံ့နေသည်။

" တေဇ... "

ရှန်သ ၏ မျက်လုံးများ တဖြည်းဖြည်းပွင့်လာကာ အခန်းတံခါးဝမှာ ရပ်နေသည့် တေဇ ကိုမြင်လိုက်ရသည်။ တေဇ က သူအနားကိုမလာပဲ လှည့်ထွက်သွား၏။

" ဟင့်အင်း မသွားနဲ့... မသွားပါနဲ့ တေဇ "

ခန္ဓာကိုယ်က အင်အားမရှိ။ လက်မှာထိုးထားတဲ့ အပ်ကိုဆွဲဖြုတ်လိုက်ပြီး ကုတင်အောက်သို့ ဆင်းလာသောလည်း ခြေလှမ်းတွေက ယိမ်းယိုင်ကာ လှဲကျသွား၏။ မတ်တတ်ပြန်ရပ်ဖြစ် ကြိုးစားသော်လည်း အချည်းနှီးသာ။

Forever And Ever [ Complete ]Where stories live. Discover now