အပိုင်း(၁၈)

162 13 1
                                    

[Scroll down for another font version]

Chapter(18)

သူ့ကိုတကယ်ကြီးလက်ပေးကိုင်ခဲ့တယ်ပေါ့!

ရုတ်တရက်ဆိုသလို အဒမ့်ဆီကရယ်သံတိတ်ကျသွားသလို မိုနီကာ့ဆီက အသံတွေလဲရပ်တန့်သွားတယ်။ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံကိုတောင် ကြားရလောက်တဲ့အထိတိတ်ဆိတ်သွားပြီး သူ့နှလုံးခုန်သံကိုတောင်သူကျယ်ကျယ်လောင်လောင်ပြန်ကြားနေရတယ်။

"အဒမ်..ငါ.."

"Hello..ကိုကို" အဒမ်က သူ့ကိုခဏ ဆိုတဲ့သဘောနဲ့ လက်ပြခဲ့ပြီး ခပ်လှမ်းလှမ်းကိုထွက်သွားပြီးဖုန်းပြောနေတယ်။

သူကတော့ အတွေးတွေများပြီကျန်ခဲ့ရပြီ။အဒမ်ကြားသွားလောက်လား?!မိုနီကာ့အသံက သေချာကြားရလောက်တဲ့အထိ ရှင်းလင်းမနေလောက်ဘူးမလား။အဒမ်ဖုန်းပြောနေတုန်း ဒီတိုင်းထွက်ပြေးသွားရင်ကောင်းမလား။

နီကာလဲမိုနီကာပဲအဲ့လောက်ထိအာလေးလျှာလေးဖြစ်နေတာတောင် သူ့ကိုကျင်းတူးပေးသွားသေးတယ်။

ဝိုင် ကားတံခါးကိုခပ်တင်းတင်းဆုပ်ကိုင်ရင်း အသက်ရှုအောင့်ထားမိတယ်။သူသာကားကိုမှီတွယ်မထားဘူးဆို ဒူးညွှတ်ကျသွားလောက်ပြီလို့သူထင်တယ်။

ခဏလေးလောက်ကြာတော့ အဒမ်ကဖုန်းပြောပြီး ပြန်လာတယ်။
"မင်း ခုနကငါ့ကိုဘာပြောမလို့လဲ"

"ဟမ်..ငါ.."

"အင်း..ဘာလဲ"

"မင်းကြားလိုက်တာက.."

"အင်း"
အဒမ်က အေးအေးသက်သာ စကားထောက်နေပေမဲ့ ဝိုင်စကားကို ချောချောမွတ်မွတ်ပြောမထွက်နိုင်ဖြစ်နေရတယ်။

"မင်းကြားလိုက်တာက ကွာ.."

"ကျစ်!ဘာတွေ​ထစ်အထစ်အဖြစ်နေတာလဲ မိုနီကာအိပ်ပျော်သွားလို့ မင်းကသူ့အစားဆက်မူးပေးနေတာလား..ပြီးတော့ ငါခုနကတည်းကဘာမှမကြားလိုက်တာ မင်းတို့ငါ့ကိုဘာပြောမလို့လဲ"

Even If You Just Need Me (Ver 2)Where stories live. Discover now