[Scroll down for another font version]
Chapter(19)
သိတယ်လေ..အမေမို့မဖြစ်မနေစကားပြောနေတာပေါ့နေနုအေးရဲ့တိုက်ခန်းကနေ ကားဆီကိုသွားနေတဲ့တစ်လျှောက်လုံး မိုနီကာကို ဝိုင်စိတ်တိုနေမိတယ်။မိုနီကာက သူ့ကိုကျင်းကြီးကြီးနဲ့ကျယ်ကျယ်တူးပေးသွားပြီး သူ့အစ်မနဲ့လဲ ဖက်လှဲတကင်းအထာတွေလုပ်နေသေးတယ်။အဒမ့်စကားကိုနားထောင်ပြီး သူတစ်ယောက်ထဲဘားကိုသွားလိုက်ရင်တောင် သူထိတ်လန့်သည်းဖိုဇာတ်ကားရိုက်ရမှာမဟုတ်ဘူး။
"သျှေး.."
"ဘာလဲ!"ဝိုင်လေသံပြင်းပြင်းနဲ့ထူးလိုက်တယ်။
"လေသံလေးလျှော့ပါဦး ငါနင့်အစ်မကိုဘာမှမလုပ်ပါဘူးဟ!"
"အဲ့ဒါကြောင့်မဟုတ်ဘူး"
"အမ်..အဲ့ဒါဆိုဘာလို့ လေသံပြင်းပြင်းကြီးနဲ့စကားပြောနေတာလဲ"
မိုနီကာရဲ့အသံက ပီပိကလေးငယ်လိုမျိုး..ဖြူဖြူစင်စင်။မီးမီးဘာမှမသိဘူးနော်ဆိုတဲ့စတိုင်မျိုး။
သူ့အမြင်မှာတော့ လုပ်ပြီးမှမသိပါဘူး ဆိုတဲ့စတိုင်မျိုး။
"နင်ခုမှမမှတ်မိဘူးလုပ်နေတာ.."
"ငါတကယ်မမှတ်မိတာ ငါဘာလုပ်မိလို့လဲ"
မိုနီကာ့ကို ကားမောင်းနေရင်းရိုက်ပစ်လိုက်ချင်စိတ်ကိုမနည်းကြီးကိုထိန်းထားရတယ်။ရပါတယ် မမှတ်မိတော့လဲ သူကပြန်ပြောပြပေးရမှာပေါ့..။
အကြောင်းစုံကို ပြန်ပြောပြလိုက်တော့ မိုနီကာက သူ့ကိုမျက်နှာငယ်လေးနဲ့ကြည့်လာတယ်။
"ငါအဲ့လိုပြောလိုက်မိတာလား.."
"အေး မဟုတ်ရင်ငါကလီဆယ်ပြီးပြောနေတယ်ထင်နေတာလား"
"မဟုတ်ပါဘူးဟာ သျှေးကလဲ...အဲ့တော့ သူသိသွားလား"
"မသိသွားဘူး ကိုတည်ငြိမ်ဦး ဖုန်းခေါ်လိုက်လို့"
"ဟုတ်လား...နေပါဦး သျှေး!အဒမ်သိသွားတော့ရောဘာဖြစ်လဲ"
မိုနီကာ အားမလိုအားမရပြောလိုက်မိတော့ သျှေးက နှုတ်ခမ်းကိုတင်းတင်းစေ့ပြီးဘာမှမပြောလာဘူး။ပြန်ပြောမလာတာကလဲ သဘာဝကျပါတယ်။ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူက လူလွတ်မှဟုတ်မနေတာ။
![](https://img.wattpad.com/cover/354734795-288-k18646.jpg)
YOU ARE READING
Even If You Just Need Me (Ver 2)