Intro ( Uni )

681 44 4
                                    

- တော်ဝင်မဟာနွယ်
- Intro
- GL story
- စာရေးသူ ချယ်

မဟေသီစံအိမ်ရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူ တော်ဝင်မဟေသီသည် အဖွားဖြစ်သူ ထိပ်ထားမဟေသီကြောင့် အလွန်စိတ်ညစ်နေရလေသည်။ သူမရဲ့အဖွားက သူမကိုအိမ်ထောင်ချပေးရန်စီစဉ်နေခြင်းကြောင့်ပါပေ။ သူမရဲ့အိမ်ထောင်ဖတ်ကလဲ မိန်းကလေးတစ်ယောက်ပါတဲ့။
" ဘွားဘွားရယ် မိန်းကလေးက မိန်းမယူတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ တော်ဝင်မယူနိုင်ဘူးနော်ဘွားဘွား "
" ဘယ်ခေတ်ရောက်နေလို့ မိန်းကလေးချင်းယူတာမဖြစ်နိုင်ဘူးပြောနေရတာလဲမြေးလေးရဲ့ ဟောဒီကအိုကြီးအိုမကတောင် ရှေးရိုးမစွဲတာကို အံသြတယ် အဲမိန်းကလေးက ဘွားဘွားရဲ့အသက်ကိုကယ်ခဲ့တာ အဲမိန်းကလေးသာမရှိရင် ဒီနေရာမှာဘွားဘွားထိုင်နေနိုင်မှာမဟုတ်ဘူး သူမကိုကျေးဇူးဆပ်တဲ့အနေနဲ့ အဲမိန်းကလေးကို လက်ထပ်ရမယ် "
" ကျေးဇူးပြန်ဆပ်ချင်ရင် ပိုက်ဆံပေးလိုက်ပေါ့ ဒါမှမဟုတ်လဲအိမ်ဘဲဖြစ်ဖြစ် ကားဘဲဖြစ်ဖြစ်ဝယ်ပေးလိုက်ပါ ကျေးဇူးဆပ်တာဘဲ တစ်ဦးတည်းရှိတဲ့မြေးကို သူများလက်ထဲထိုးပေးလိုက်တာဘဲလားဘွားဘွား ဟိုကမကောင်းတဲ့သူဆို ဘွားဘွားစည်းစိမ်တွေအကုန်ပြုတ်မှာနော် "
" လျှောက်ပြောမနေနဲ့တော်ဝင်မဟေသီ အဲမိန်းကလေးပုံစံက ရိုးရိုးအေးအေးလေး လူကြီးမိဘအပေါ်လဲသိတတ်မှုရှိတယ် အဲကလေးမကို မဖြစ်မနေလက်ထပ်ရမယ် စံအိမ်သခင်မရဲ့အမိန့်ဘဲ ငြင်းပိုင်ခွင့်မရှိဘူး "
" ဘွားဘွား! "
" တစ်ချိန်တုန်းက ဘယ်လိုကတိပေးခဲ့တာလဲဆိုတာ မေ့သွားပြီးလား တော်ဝင်မဟေသီ " ဘွားဘွားကအမိန့်အာဏာကို အပြည့်အဝသုံးသွားတာကြောင့် တော်ဝင်အနေနဲ့ငြင်းဆန်ခွင့်မရှိတော့ပေ။ ဘွားဘွားကလက်ရှိမှာ မဟေသီစံအိမ်ရဲ့အရှင်သခင်ဖြစ်တာကြောင့် မဟေသီစံအိမ်နဲ့ပတ်သတ်နေတဲ့သူမှန်သမျှက ဘွားဘွားရဲ့အမိန့်ကိုနာခံရသည်။ မနာခံပါက စံအိမ်ကနေနှင်ထုတ်ခံပြီး အမွေဖြတ်စွန့်လွှတ်ခံရမှာဖြစ်သည်။ ဘွားဘွားက ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတဲ့သူ မာန်မာနကြီးတဲ့သူ ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်ဆိုတာ မေမေတို့ကသက်သေပင်။ မေမေက ဘွားဘွားသဘောမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးသွားတာကြောင့် မေမေ့ကိုအမွေဖြတ်စွန့်လွှတ်ပြီး စံအိမ်ကနေအပြီးအပိုင်နှင်ထုတ်ခဲ့သည်။ ဖေဖေနဲ့မေမေက ကားအက်ဆီဒန့်ဖြစ်ပြီး တစ်ပြိုင်တည်းဆုံးပါးသွားခဲ့တုန်းက တော်ဝင်ရဲ့အသက်မှာ ဆယ်နှစ်သာရှိသေးသည်။ ထိုအချိန်မှသာ တော်ဝင်ရဲ့အဘွားဆိုတဲ့သူကပေါ်လာခဲ့ပြီး မဟေသီစံအိမ်ရဲ့အမွေဆက်ခံသူ တော်ဝင်မဟေသီအဖြစ်ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။ အမွေဆက်ဆံသူအဖြစ်ခေါ်မသွားခင်မှာ ဘွားဘွားပြောခဲ့တဲ့စကားတွေအခုထိ တော်ဝင်မှတ်မိနေတုန်းပါ။
" မင်းက ယွန်းမဟေသီရဲ့သမီးလား "
" ဟုတ်ပါတယ်ရှင့် သမီးက မေမေယွန်းမဟေသီနဲ့ ဖေဖေဦးမာန်တော်ဝင်ရဲ့သမီး တော်ဝင်မဟေသီပါ ဘွားဘွား "
" ကောင်းပြီး မင်းက မဟေသီစံအိမ်ရဲ့မျိုးဆက်ဖြစ်တဲ့အတွက် မဟေသီစံအိမ်ကို ငါနဲ့လိုက်ခဲ့ရမယ် တစ်ခုတော့ကတိပေးရမယ် မင်းအနေနဲ့ မဟေသီစံအိမ်ရဲ့အရှင်သခင်ဖြစ်တဲ့ငါ့စကားကို နားထောင်ရမယ် ငါပြောတဲ့အတိုင်းလုပ်ရမယ် လုပ်နိုင်မလား မလုပ်နိုင်ရင် မင်းကိုဒီနေရာမှာဘဲထားခဲ့မှာ "
" ဟုတ်ကဲ့ဘွားဘွား တော်ဝင်ကတိပေးပါတယ် ဘွားဘွားစကားနားထောင်ပါမယ် မေမေက တော်ဝင်ကိုဘွားဘွားစကားနားထောင်ဖို့ မှာသွားပါတယ် " မှန်ပေသည်။ မေမေရဲ့သေတမ်းစာမှာပါတဲ့အတိုင်း မေမေဖြစ်စေချင်တဲ့အတိုင်း ဘွားဘွားရဲ့စကားကိုနားထောင်ပြီး မဟေသီစံအိမ်ရဲ့ဆက်ခံသူတစ်ယောက်အဖြစ်ကြိုးစားနေထိုင်ခဲ့သည်။ ဘွားဘွားက တော်ဝင်အပေါ်မှာ အဘွားတစ်ယောက်လိုကြင်ကြင်နာနာဆက်ဆံတတ်သလို စံအိမ်သခင်မကြီးအဖြစ်နဲ့လဲ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်သေးသည်။ ဘယ်သူကိုမှ လွယ်လွယ်မယုံတတ်တဲ့အပြင် ဘယ်လိုလူမျိုးကိုမှလွယ်လွယ်မိသားစုထဲ ခေါ်မသွင်းတတ်တဲ့ဘွားဘွားက ဘယ်လိုမိန်းကလေးမို့ မျက်စိကျသွားခဲ့ပြီး မြေးချွေးမအဖြစ်ခေါ်သွင်းချင်သလဲဆိုတာကို တော်ဝင်နည်းနည်းတော့ စိတ်ဝင်စားမိသည်။
" ရော့ ဒါ အဲဒီမိန်းကလေးရဲ့ကိုယ်ရေးအချက်အလက် သူမရဲ့မိဘတွေနဲ့ဘွားဘွားစကားပြောပြီးသွားပြီး မိဘတွေကသဘောတူတဲ့အပြင် သူမကလဲမိဘတွေရဲ့ စကားကိုမြေဝယ်မကျနားထောင်တဲ့သူမျိုးမို့ ဒီလက်ထပ်ပွဲကို ဘွားဘွားတို့လူကြီးတွေဘဲ ကောင်းသလိုစီစဉ်ပါတဲ့ "
" ဟုတ်ကဲ့ပါ ဘွားဘွားစကားတော်ဝင်နားထောင်ပါမယ် လက်ထပ်ပွဲကို ဘွားဘွားစိတ်တိုင်းကျစီစဉ်ပါ "
" ကောင်ပြီး ဒါဆိုနောက်တစ်ပတ်ထဲမှာဘဲ မင်္ဂလာပွဲကျင်းပကြမယ် "
" နောက်တစ်ပတ်! ဟုတ်လားမေမေ မမြန်လွန်းဘူးလားမေမေရယ် ပျိုးကြောက်တယ် ဟင့် "
" ပျိုးမဟာနွယ် နင်ကဘာတွေကိုကြောက်နေလဲ နင်ကံကောင်းလို့ ချမ်းသာတဲ့အသိုင်းအဝိုင်းနဲ့လက်ထပ်ရမှာနော် မဟုတ်ရင် အချိန်တိုင်းမူးရူးနေတဲ့အရက်သမားရဲ့သမီးကို ဘယ်သူကလက်ထပ်မှာလဲပြော "
" အ့ ပျိုးလက်နာနေပြီးမေမေ လက်ကိုလွှတ်ပါနော် " ပျိုးရဲ့လက်မောင်းကို ဖိညစ်ပြီးပြောနေတာကြောင့် လက်မောင်းတစ်ဝိုက်နာကျင်မှုကို ပျိုးပြင်းပြင်းထန်ထန်ခံစားနေရသည်။
" အဟွတ်... သ သမီး အဟွတ်... ဟွတ် ပျိုးလေး " အိပ်ခန်းထဲကနေ ဖေဖေ့ရဲ့အသံထွတ်လာတာကြောင့် ပျိုးရော မေမေပါ ဖေဖေ့ကိုလှမ်းကြည့်လိုက်မိသည်။ မေမေကတော့ ဖေဖေ့ကိုခနသာကြည့်ပြီး နှုတ်ခမ်းမဲ့ကာဖြင့်
" ဟိုမှာ နင့်အဖေခေါ်နေပြီး သွားလိုက်ဦး ဘာမှန်းကိုမသိဘူး သေမှာဖြင့်လဲမသေနိုင်ဘူး အဖေကတစ်မျိုး သမီးကတစ်မျိုး ဒုက္ခပေးနေကြတာ နင်လက်မထပ်ဘူးဆိုရင် နင့်အဖေကို ဆေးမကုပေးဘဲ သေအောင်ပြစ်ထားလိုက်မှာ ကြိုက်သလိုသာလုပ်ကြ "
" အဲလိုတော့ မလုပ်ပါနဲ့မေမေရယ် ဖေဖေကိုဆေးကုပေးလိုက်ပါနော် ပျိုး လက် လက်ထပ်ပါမယ် မေမေရယ် " ပျိုးမေမေ့ကို ပြောပြီးတာနဲ့ ဖေဖေ့နားကိုပြေးသွားလိုက်သည်။ ဖေဖေ့အနားရောက်တော့ ဖေဖေက ပျိုးရဲ့လက်ဖဝါးကို ခပ်ဖွဖွလေးကိုင်ပြီး
" သ သမီး ပျိုးလေး ဖေ ဖေ့ကြောင့် သ မီး ပင်ပန်း နေရပြီး " စကားကိုတစ်လုံးချင်း လေးလေးပင်ပင်ဆွဲပြောနေတာကြောင့် ပျိုးသေချာနားထောင်နေရသည်။
" မဟုတ်တာဖေဖေရယ် ပျိုးဘာမှမဖြစ်ပါဘူး ဖေဖေသာနေကောင်းအောင်နေနော် ဖေဖေကိုဆေးကုပေးဖို့ ပျိုးကြိုးစားပါ့မယ်နော် ဖေဖေ "
" ဖေ ဖေ မှားတာ ဖေဖေ့ အ မှားကြောင့် သ မီး လေး နာကျင် နေ ရ ပြီး " ဖေဖေ့ရဲ့ တီးတိုးရေရွက်သံတွေကို ပျိုးမျက်ရည်တွေနဲ့ နားထောင်နေရသည်။ အရင်တုန်းက ပျိုးဖေဖေက ဒီလိုမဟုတ်ပေ။ ချမ်းသာကြွယ်ဝတဲ့မဟာနွယ်အိမ်တော်ရဲ့သားကြီး ဟန်သွင်မဟာနွယ်။ ပျိုးရဲ့မေမေပျိုးဥယာဉ်က ပျိုးကိုမွေးဖွားရင်မီးတွင်းမှာဘဲဆုံးသွားခဲ့သည်။ မွေးကင်းစကလေးလေးတစ်ယောက်နဲ့ကျန်ခဲ့တဲ့ ဖေဖေကဘာမှမလုပ်တတ်မကိုင်တတ်တာကြောင့် ဖေဖေ့သူငယ်ချင်းရဲ့ဇနီးဖြစ်သူ အန်တီဒေဝီခင်ကိုအကူအညီတောင်းကာ ပျိုးကိုပြုစုစေခဲ့သည်။ အပျော်အပါးမတ်ပြီး အသုံးအဖြုန်းကြီးတဲ့ဖေဖေ့သူငယ်ချင်းလင်မယားကြောင့် ဖေဖေ့ရဲ့စည်းစိမ်တွေကုန်သထက်ကုန်လာခဲ့ပေမယ့် ဖေဖေကတော့ ပျိုးကို ပြုစုပေးတဲ့မျက်နှာကြောင့်ဘာမှမပြောပါ။ အန်တီဒေဝီခင်ရဲ့အမျိုးသား မူးပြီးကားမောင်းခဲ့တာကြောင့် အန်တီဒေဝီခင့်အမျိုးသားရော တစ်ဖက်ကားကလူနှစ်ယောက်လုံးရော ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ အန်တီဒေဝီခင်အမျိုးသားမရှိတော့တဲ့နောက် ပျိုးကိုပြုစုပေးမယ့် မိခင်တစ်ယောက်လိုအပ်နေတာကြောင့် ဖေဖေက အန်တီဒေဝီခင်ကိုလက်ထပ်ခဲ့သည်။ ဖေဖေ့သူငယ်ချင်းနဲ့အန်တီဒေဝီခင်တို့ရဲ့သားကိုလည်း ဖေဖေကသားကြီးအရာထားပြီး မြောက်စားခဲ့သည်။ ဖေဖေနဲ့အိမ်ထောင်ကျပြီးတဲ့နောက် အန်တီဒေဝီခင်က အသုံးအဖြုန်းတွေပိုကြမ်းလာခဲ့သည်။ အလောင်းအစားတွေဖက်လာခဲ့ပြီး နောက်ဆုံးဖေဖေ့ရဲ့အိမ်ကြီးကိုပါထိုးရောင်းခဲ့ရသည့်အထိပင်။ ချမ်းသာတုန်းက ကြည်ဖြူခဲ့တဲ့အန်တီဒေဝီခင်က ဖေဖေ့မှာဘာမှမရှိတော့မှ တဖြည်းဖြည်းငြိုငြင်လာသည်။ အခုလိုဖေဖေ့ကျန်းမာရေးဆိုးရွားလာတော့ ပို၍ပင်ဆိုးသေးသည်။ ဖေဖေ့ကို ဆေးဆက်ကုသဖို့အတွက်က ပျိုးရဲ့ပုခုံးပေါ်ကိုရောက်လာတဲ့အတွက် ပျိုးဒီလက်ထပ်ပွဲကိုလက်ခံမှဘဲဖြစ်တော့မယ်ဆို ပျိုးသိပါသည်။ ဖေဖေ့ရဲ့လက်ကို အသာချပြီး အန်တီဒေဝီခင်နားကို ပျိုးသွားကာ
" ပျိုး လက်ထပ်ပါမယ်မေမေ ဖေဖေ့ကိုဆေးဆက်ကုပေးပါနော် "
======================
ချယ့်ရဲ့ဒုတိယမြောက် Ficလေးပါနော်။ ဘယ်လိုလဲ ဆက်ဖတ်မယ်မလား။ အားပေးကြပါဦးနော်။

တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )Where stories live. Discover now