အပိုင်း ၂ (U)

357 35 5
                                    

- တော်ဝင်မဟာနွယ်
- အပိုင်း ၂
- GL Story
- စာရေးသူ ချယ်

             မင်္ဂလာတေးသီချင်းလေးက မင်္ဂလာဆောင်ခန်းမကြီးထဲမှာပျံနှံနေသည်။ ကမ္ဘာအဆင့်တစ်အချမ်းသာဆုံးသော မဟေသီစံအိမ်ဆက်ခံသူတစ်ယောက်ရဲ့မင်္ဂလာပွဲက အကောင်းမွန်ဆုံးသောအရာတွေကိုသာ အသုံးပြုထားသည်။ အကောင်းဆုံးအသုံးအဆောင် အကောင်းဆုံးအစားအစာတွေနဲ့ ရွှေပွဲလာဧည့်သည်တော်တွေရဲ့မျက်နှာကလဲ ပြုံးရွှင်ကြည်နူးနေကြသည်။ မိန်းကလေးချင်းလက်ထပ်တာကို ရှုံချချင်သူတွေကလဲ မဟေသီစံအိမ်ရဲ့ကြီးကျယ်ခမ်းနားမှုတွေကြောင့် မိန်းမောနေကြသည်။ မင်္ဂလာခန်းမကြီးရဲ့ထိပ်ဆုံးမှာတော့ တည်ကြည်ခန့်ညားတဲ့မိန်းကလေးတစ်ယောက်ရှိသည်။ မိန်းကလေးတစ်ယောက်က တည်ကြည်ခန့်ညားတယ်ဆိုတဲ့အသုံးအနှုန်းမျိုးနဲ့မလိုက်ဖက်ပေမယ့် သူမကိုမြင်တဲ့သူတိုင်းက ထိုသို့သာမှတ်ချက်ပြုကြလိမ့်မည်ဆိုတာ ကျိန်သေပါသည်။ ခြောက်ပေနီးပါရှိတဲ့အရပ်အမောင်း ကျစ်လစ်ခိုင်မာတဲ့အသားအရည် စူးရှတဲ့စိမ်းပြာရောင်မျက်ဝန်းတွေနဲ့သူမက အဖြူရောင်ကုတ်အိင်္ကျီနဲ့လည်သာခြေသလုံးပွဘောင်ဘီတို့ကိုဝတ်လိုက်တဲ့အခါ ရှိရင်းစွဲတည်ကြည်မှုတွေကိုထပ်ဖြည့်ပေးလိုက်သလို မြင်သူတိုင်းရှိန်စေသသည်။ ယခုအခါမှာတော့ သူမရဲ့နဖူးကြောကြီးကိုရှုံ့ထားကာ မေးရိုးတွေကတင်းမာနေပြီး စိတ်မရှည်မှုတွေကို အတိုင်းသားလှစ်ဟပြထားသည်။ အကြောင်းအရင်းကတော့ သူမနဲ့လက်ထပ်မယ့်သတို့သမီးက မင်္ဂလာအချိန်ကျော်နေတာတောင် ခန်းမထဲကိုဝင်မလာသေးတာကြောင့်ပင်ဖြစ်သည်။ မဟေသီစံအိမ်ရဲ့အရှင်သခင်မဖြစ်တဲ့ဘွားဘွားက တော်ဝင်နားရောက်လာကာ
             " မြေးလေးတော်ဝင် မင်္ဂလာအချိန်ကျော်နေပြီး မြေးပျိုးလေး တစ်ခုခုများဖြစ်နေသလားမသိဘူး သွားကြည့်လိုက်ပါဦး "
             " ဟုတ်ဘွားဘွား တော်ဝင်သွားကြည့်လိုက်မယ်နော် ဘာမှစိတ်မပူနဲ့နော် ဘွားဘွား "
             " အေး သွားကြည့်လိုက်ပါဦး မြေးချွေးမလေးကိုမဆူနဲ့နော် ချော့ပြီးခေါ်လာခဲ့ "
             " စိတ်ချပါ ဘွားဘွားရယ် "
             မင်္ဂလာအချိန်ကျလာတဲ့အချိန် ခန်းမထဲဝင်ရမှာကို ပျိုးကြောက်နေသည်။ ချမ်းသာတဲ့အသိုင်းအဝိုင်း ဟိတ်ဟန်များတဲ့အသိုင်းအဝိုင်းမှာ ပျိုးတစ်ယောက်ဘယ်လိုရှင်သန်ရမလဲတွေးရင် ဝမ်းနည်းလာသည်။
             " ကျွီ... " အခန်းတံခါးဖွင့်သံကြားတာနဲ့ ပျိုးလန့်သွားပြီး အနားမှာရှိတဲ့အရုပ်ကိုကောက်ယူပြီး ခေါင်းစွပ်ထားလိုက်သည်။
             " ပျိုးမဟာနွယ် မင်းဘာအချိုး... " အခန်းထဲကို ရောက်တာနဲ့သူမကို ဆူဖို့ပြင်ဆင်ထားတဲ့စကားလုံးတွေက သူမကိုမြင်တာနဲ့ ပျောက်ရှသွားသည်။ ငါးမန်းရုပ်ကြီးကို ခေါင်းစွပ်ထားတဲ့သူမရဲ့ပုံစံက တော်ဝင်အတွက်ရယ်ရခတ် ငိုရခတ်ပင်။
             " စိတ်ပျက်ဖို့ကောင်းလိုက်တာ " သူမနားကိုသွားကာ သူမရဲ့ရှေ့ဒူးထောက်ထိုင်လိုက်သည်။ သူမရဲ့မေးဖျားလေးကို မော့စေပြီး
             " ပျိုးမဟာနွယ် အဲတာဘာဖြစ်နေတာလဲ "
             " ဟင့် ပျိုးကြောက်တယ် မမတော်ဝင် " ငါးမန်းရုပ်ခေါင်းစွပ်လျက်သားလေးနဲ့ တော်ဝင်ကိုမော့ကြည့်ကာဆိုလိုက်တော့လဲ တော်ဝင်စိတ်ထဲအမည်မသိခံစားချက်တစ်ခုတိုးဝင်လာခဲ့သည်။ တော်ဝင်ရဲ့စိမ်းပြာရောင်မျက်ဝန်းတွေနဲ့လိုက်ဖက်အောင် သူမရဲ့မျက်ဝန်နက်နက်တွေကို အပြာရောင်မျက်ကပ်မှန်လေးကပ်ပေးထားသည်။ ပြာလဲ့လဲ့မျက်ဝန်းတွေကို ဆွဲဆောင်မှုကိုဒဏ်ကို တော်ဝင်မခံနိုင်စွာဖြင့် အကြည့်လွှဲကာထရပ်လိုက်သည်။ သူမကိုကျောခိုင်းကာ
             " မကြောက်နဲ့ ကိုယ်ရှိတယ် ခန်းမထဲမှာဘွားဘွားတို့စောင့်နေတယ် သွားရအောင် "
             " ဟုတ်ကဲ့ပါ မမတော်ဝင် " ပျိုးလဲ ခေါင်းပေါ်ကအုပ်ထားတဲ့ ငါးမန်းရုပ်ကြီးကိုဖယ်ထုတ်လိုက်ပြီး မမတော်ဝင်ရဲ့လက်ကိုတွဲကာ မင်္ဂလာခန်းမထဲဝင်သွားလိုက်သည်။
             လူတွေအားလုံးရဲ့အကြည့်တွေသည် ခန်းမဆောင်ထဲဝင်လာတဲ့သတို့သမီးနှစ်ယောက်ဆီမှာရှိနေကြသည်။ ပန်းကနုတ်လေးတွေပါတဲ့ဂါဝန်ဖြူဖြူဆွတ်ဆွတ်လေးက နုနယ်လှတဲ့အသားအရည်ဖြူဖြူလေးနဲ့အလွန်လိုက်ဖက်သည်။ ကျဉ်းမြောင်းတဲ့ခါးသွယ်သွယ်လေးကိုလည်းပိုပြီးပေါ်လွင်စေအောင် ကူညီပေးထားသည်။ ထိုမိန်းမလေးရဲ့လက်ကိုတွဲပြီးလျှောက်လှမ်းလာတဲ့ အညိုရောင်လှိုင်းတွန့်ဆံကေသာပိုင်ရှင် ခြောက်ပေနီးပါးအရပ်ကိုပံ့ပိုးထားတဲ့ခြေထောက်ရှည်ရှည်တွေက ထီးမတင်ဟန်အပြည့်။ အားကျတဲ့အကြည့်တွေကြားထဲမှာ မီးဝင်းဝင်းတောက်နေတဲ့အကြည့်တစ်စုံလဲရှိနေသည်။
             " တောက် " နှင်းလိုဖြူဖွေးလှပနေတဲ့ပျိုးမဟာနွယ်ကိုကြည့်ရင်း မင်းမျိုးရှိန်တောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်သည်။ ဘေးကမေမေကတော့ မျက်စိပျက်မျက်နှာပျက်နေပြီး မင်းမျိုးကိုသတိပေးစကားဆိုလာသည်။
             " မေမေ့မျက်နှာပျက်ရအောင် ဘာမှမလုပ်ဖို့မေမေတောင်းဆိုချင်တယ်သား ပျိုးမဟာနွယ်နဲ့သားနဲ့က ဘယ်လိုမှမဖြစ်နိုင်ဘူးနော် "
             ထိုအချင်းအရာကိုမြင်နေရတဲ့တော်ဝင်ရဲ့နှုတ်ခမ်းတစ်စုံကော့တတ်သွားသည်။ ကိုကြီးရဲ့အကြည့်စူးစူးတွေကို မခံနိုင်လို့ ပျိုးခေါင်းငုံ့ကာ မမတော်ဝင်ရဲ့လက်ကို ပိုပြီးတင်းကြပ်နေအောင်ဆုပ်ကိုင်ထားလိုက်သည်။ ပျိုးကြောက်နေတာကို သတိထားမိတော့ မမတော်ဝင်က ပျိုးရဲ့လက်ကို ပြန်ဆုပ်ကိုင်ပေးပြီး
             " မင်းကဘာလုပ်ထားလို့ ကြောက်နေရတာလဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ "
             မင်္ဂလာပွဲပြီးတော့ ဧည့်သည်တွေကိုတစ်ယောက်ချင်းလိုက်နှုတ်ဆက်ရင်း ကိုကြီး ဖေဖေနဲ့မေမေရှိတဲ့ဝိုင်းဆီကိုရောက်လာခဲ့သည်။ ဖေဖေ့ရဲ့ကျန်းမာရေးမကောင်းပေမယ့်လည်း တစ်ဦးတည်းသောသမီးရဲ့မင်္ဂလာပွဲကို မျက်စိနဲ့တပ်အပ်မြင်ချင်ပါတယ်ဆိုတာကြောင့် ဘွားဘွားက ဖေဖေ့ကို အထူးကုဆရာဝန်ကြီးနဲ့သေချာကုသပေးပြီး မင်္ဂလာပွဲမှာဖေဖေလာလို့အဆင်ပြေအောင်အကုန်စီစဉ်ပေးသည်။ ဖေဖေက မမတော်ဝင်ရဲ့လက်တစ်ဖက်ကို ပျိုးရဲ့လက်တစ်ဖက်နဲ့အတူပူးကိုင်ကာ
             " သမီးလေးတော်ဝင် သမီးပျိုးလေးကိုစိတ်ချပါမယ်နော် သမီးပျိုးလေးကအရမ်းသနားဖို့ကောင်းတာ သမီးလေးတော်ဝင်ကဂရုစိုက်ပေးဖို့ တောင်းဆိုပါရစေ "
             " သမီးပျိုးလေး ဖေဖေ့သမီးလေးလိမ်လိမ်မာမာနေရမယ်နော် ဘွားဘွားစကား သမီးလေးတော်ဝင်စကားနားထောင်ရမယ်နော်သမီး "
             " စိတ်ချပါ ဖေဖေရယ် သမီးလိမ်လိမ်မာမာနေမှာမို့ ဖေဖေက ကျန်းမာအောင်နေပေးနော် ဖေဖေ့ဆီကိုသမီးမကြာမကြာလာလည်မှာပါ "
             " ဖေဖေ့သမီးလေးက အရမ်းလှတာဘဲ ဒီလောက်ဆိုဖေဖေအသေဖြောင့်ပါပြီးသမီးလေးရယ် " သမီးလေးကိုကြည့်နေရင်း ဟန်သွင်ရဲ့အမြင်တွေတဖြည်းဖြည်းဝေဝါးလာသည်။ သမီးလေးကို စိတ်မချတာကြောင့် မာန်တင်းပြီးနေလာခဲ့ရသမျှ အခုတော့အဆုံးသက်ကိုရောက်ပြီးဆိုတာ သူသိပါသည်။ သူ့ရဲ့အခြေအနေကိုအဝေးကနေလှမ်းပြီးသတိထားနေကြတဲ့ ဆရာဝန်တွေနဲ့ဒေါ်ထိပ်ထားမဟေသီသည် သူ့ရဲ့အနားကိုရောက်လာကာ
             " မြေးလေးတော်ဝင် မြေးချွေးမလေးကိုခေါ်ပြီးသွားနားတော့နော် ကျန်တာဘွားဘွားဆက်စီစဉ်လိုက်မယ် "
             " ဟုတ် ဘွားဘွား " သူ့ရဲ့နောက်ဆုံးအချိန်ကိုသမီးလေးမသိပါစေနဲ့လို့ ဘွားဘွားကိုအကူအညီတောင်းထားတဲ့ ဦးဟန်သွင်မဟာနွယ်ကြောင့် ပျိုးကိုခေါ်ထုတ်သွားရန်ပြောလာတဲ့ဘွားဘွားရဲ့အရိပ်အကဲကို တော်ဝင်နားလည်စွာဖြင့် သူမကိုဒီနေရာကနေခေါ်သွားရန်ပြင်လိုက်သည်။
             " အန်တီထိပ်ထား ကျွန်တော်သမီးလေးကိုကျွန်တော်စိတ်ချမယ်နော် သမီးလေးကိုအန်တီထိပ်ထားဂရုစိုက်ပေးမယ်မလား "
             " စိတ်ချပါဟန်သွင် မြေးလေးပျိုးက ငါ့အတွက်လဲမြေးအရင်းလေးလိုပါဘဲ ငါဂရုစိုက်မှာပါ မင်းလဲစိတ်ချလက်ချသွားပါ " ဟန်သွင်လဲ သမီးအတွက်စိတ်ချသွားသည့်အတွက်ကြောင့် စိတ်ဒုံးဒုံးချလိုက်သည်နှင့် ဇာတ်ကျိုးကျသွားသည်။  
             " ဖေဖေ အား... "
             " ကိုယ်တောင်းပန်ပါတယ် နှိုးလာမှဘဲကိုယ့်ကိုအပြစ်တင်ပါ " သူမအဖေရဲ့နောက်ဆုံးအချိန်ကို မြင်ဖြစ်အောင်မြင်သွားရတဲ့ ပျိုးမဟာနွယ်ရဲ့နောက်ကျောကို လက်ဝါးစောင်းနဲ့ရိုက်ပြီး သတိမေ့အောင်လုပ်လိုက်သည်။ ထိုနောက်သူမကို ပွေ့ချီကာ ခန်းမဆောင်ထဲကနေခေါ်ထုတ်ရသည်။ မေ့လဲသွားတဲ့မြေးချွေးမလေးကိုကြည့်ပြီး ဒေါ်ထိပ်ထားမဟေသီမျက်ရည်ဝဲရသည်။ ချမ်းသာကြွယ်ဝပြီးမာန်မာနအပြည့်နဲ့ မဟာနွယ်အိမ်တော်ရဲ့ဆက်ခံသူ ဟန်သွင်မဟာနွယ်က အခုလိုချို့တဲ့စွာသေဆုံးခဲ့ရသည်မှာ သူမရဲ့အမှားတွေကြောင့်လဲအများကြီးပါသည်။ အေးစက်ပြီးတောင့်စပြုနေတဲ့ ဦးဟန်သွင်ရဲ့လက်ကိုကိုင်ပြီး
             " စိတ်ချပါဟန်သွင် မင်းရဲ့သမီးလေးကို ငါသေချာဂရုစိုက်မှာပါ မင်းတို့အပေါ်တင်နေတဲ့အကြွေးတွေကို မင်းသမီးလေးကို ဂရုစိုက်ရင်း ငါပေးဆပ်မှာပါ "
             " ဖေဖေ ဖေဖေ " အိပ်နေရင်း အဖေကိုတမ်းတနေတဲ့သူမကိုကြည့်ပြီး တော်ဝင်တစ်ခုခုကိုအလိုမကျသလိုဖြစ်နေသည်။ မျက်လုံးဒေါင့်ကနေစီးကျလာတဲ့မျက်ရည်တွေကို ခပ်ဖွဖွလေးဖယ်ရှားပေးပြီး
             " မင်းအရမ်းပျော့ညံ့လွန်းတယ်ပျိုးမဟာနွယ် ကိုယ်မကြိုက်ဘူး ဒီလိုပုံစံနဲ့ဆို မင်းရှေ့လျှောက်ဘယ်လိုနေထိုင်မလဲ မင်းဘဝကြီးက စိတ်ပျက်ဖို့ကောင်းတယ် "
             " ဖေဖေ! မသွားပါနဲ့ " သူမကိုကြည့်ကာ တော်ဝင်စိတ်ထဲတီတိုးရေရွက်နေတုန်းမှာဘဲ သူမရဲ့မျက်ဝန်းတွေဖွင့်ဟလာသည်။ 
             " ဟီး... အီး... ဖေဖေ " နှိုးလာတာနဲ့ ဟိုဘက်လှည့်ကာငိုနေတဲ့ကျောပြင်လေးကိုသိုင်းဖတ်ကာ တော်ဝင်တတ်နိုင်သလောက်နှစ်သိပ့်ပေးလိုက်သည်။ ကျောပြင်တစ်သိမ့်သိမ်တုန်အောင် အားရတဲ့ထိငိုပြီး တော်ဝင်ဘက်ကိုလှည့်ကာ
             " ဒုန်း... ဒုန်း... " တော်ဝင်ရဲ့ရင်ဘက်ကို တဒုန်းဒုန်းထုလေသည်။ ငိုနေလို့လဲနှစ်သိမ့်ပေးတဲ့သူကို အခုလိုလာလုပ်တာကြောင့် တော်ဝင်လဲဒေါသထွတ်လာပြီး သူမရဲ့လက်တွေကို ဖမ်းချုပ်ထားလိုက်သည်။
             " ပျိုးမဟာနွယ် မင်းဘာလုပ်နေတာလဲ မင်းကိုသနားလို့နှစ်သိမ့်ပေးနေတာကို အကောင်းမှတ်နေတာလား "
             " ပျိုးကိုဘာမှသနားစရာမလိုဘူး ရှင်ကျေနပ်ပြီးလား ရှင်ဆွဲခေါ်သွားတာကြောင့် ဖေဖေ့ရဲ့နောက်ဆုံးချိန်ကိုတောင် မမြင်လိုက်ရဘူး ဟီး... အီး... "
             " လူတိုင်းအချိန်တန်သေရမှာဘဲလေ ဘာတွေဝမ်းနည်းနေရတာလဲ တကယ်ဆိုမင်းအဖေကသေနေ့စေ့နေပြီးသား မင်းကိုစိတ်မချလို့တင်းခံနေတာ အခုမင်းက ချမ်းသာတဲ့သူကိုအပိုင်ယူလိုက်နိုင်ပြီးဆိုတော့ စိတ်ချသွားပြီးလေ အဲတာကြောင့်သေသွားတာဘဲ ဝမ်းနည်းနေစရာမလိုဘူး "
             " ဖေဖေ့ကို မစော်ကားနဲ့ ဖေဖေ့မသေရဘူး ပျိုးရအောင်ကယ်မှာ "
             " မင်းအဖေကို ဆေးကုပေးချင်လို့ ငါ့ကိုလက်ထပ်လိုက်တာမလား အခုမင်းအဖေက သေသွားပြီးဆိုတော့ မင်းရဲ့ရည်ရွယ်ချက်က အလကားဖြစ်သွားပြီးမလား ဟား... ဟား... "
             " ဝုန်း " ပြောချင်ရာပြော တံခါးကိုဒေါသတကြီးဆွဲပိတ်ကာ ထွတ်သွားသူရဲ့ကျောပြင်ကိုကြည့်ပြီး ပျိုး ပိုပြီးဝမ်းနည်းလာသည်။ ပျိုးအနေနဲ့ နွေးထွေးတဲ့နှစ်သိမ့်မှုလေးနည်းနည်းဘဲ လိုချင်တာပါ။ အားကိုစရာဘာမှမရှိတော့တဲ့သူတစ်ယောက်ကို အဲလောက်တောင် ပစ်ပစ်ခါခါပြောဖို့လိုလားဆိုတာ တော်ဝင်မသိပါ။ တော်ဝင်သိတာက ဒေါသထွတ်နေတာတစ်ခုဘဲ။ သူမကိုလားဆိုတော့လဲ မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုဒေါသထွတ်နေခြင်းသာဖြစ်လိမ့်မည်။ သေချာတာတစ်ခုကတော့ တော်ဝင်ရဲ့မင်္ဂလာဦးညဆိုတာ အခန်းအပြင်မှာတစ်ယောက်တည်းအိပ်ရတော့မှာဘဲ။
             ======================
တော်ဝင်မဟေသီရဲ့မင်္ဂလာဝတ်စုံ

 "             " ဝုန်း " ပြောချင်ရာပြော တံခါးကိုဒေါသတကြီးဆွဲပိတ်ကာ ထွတ်သွားသူရဲ့ကျောပြင်ကိုကြည့်ပြီး ပျိုး ပိုပြီးဝမ်းနည်းလာသည်။ ပျိုးအနေနဲ့ နွေးထွေးတဲ့နှစ်သိမ့်မှုလေးနည်းနည်းဘဲ လိုချင်တာပါ။ အားကိုစရာဘာမှမရှိတော့တဲ့သူတစ်ယောက်ကို အဲလောက်တောင် ပစ်ပစ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပျိုးမဟာနွယ်ရဲ့မင်္ဂလာဝတ်စုံ     
       

 ပျိုးမဟာနွယ်ရဲ့မင်္ဂလာဝတ်စုံ             

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

    

You've reached the end of published parts.

⏰ Last updated: Jan 28 ⏰

Add this story to your Library to get notified about new parts!

တော်ဝင်မဟာနွယ် ( တော်ဝင်မဟာနွယ် )Where stories live. Discover now