Chapter 1 (first meet)

136 10 1
                                    

ကင်ဂျီအွန်း ကသာမာန်အခြေခံလူတန်းစား စက်မှုအင်ဂျင်နီယာတစ်ယောက်သာ

"ဟျောင့် ဂျီအွန်း လာလေ နောက်မှပြင်စမ်းပါ လာသောက်ချေ"

ကားဆီပိုက်စစ်နေတဲ့ ဂျီအွန်းသည် ဆီချေးတွေ မျက်နှာမှာအပြည့်နဲ့ ကားအောက်ကနေထွက်လာလေရဲ့

"အလုပ်ဆိုတာမရွေ့ဆိုင်းရဘူး ဖေ့သားရဲ့"

"ဟုတ်ပါတယ်ဗျာ ကျတော်မျိုးမှားတာပါ"

"မင်းတို့ဟာကလေ"

"ဟျောင့် ကင်ဂျီအွန်း"

"ဘာတုန်း"

"အလောင်းအစားလေးလုပ်ရအောင်"

"ဘာပွဲလဲ ဘောလုံးလား"

"လောလောဆယ်တော့ဘာပွဲမှမရှိဘူး idol survival show ပဲရှိတယ်"

"ကလေးကလားနဲ့ မလောင်းဘူး"

"ဘာတုန်းကြောက်တာလား"

"သေလေ ခွေးကောင်ရဲ့ ပြ ဘာလောင်းရမှာလဲ"

"ဒီမှာ အဖြူအသင်းနဲ့ အမဲအသင်း တစ်သင်းကြိုက်တာလောင်း"

"အမဲဘက်က ဝမ်ငါးသောင်းလောင်းတယ်ကွာ"

"ဝိုး ကင်ဂျီအွန်းတို့ရှယ်ဟေ့ ဂျောင်ဝူမင်းကရော"

"ငါက အဖြူဘက်က"

"အိုကေလေ ငါလဲ အဖြူပဲ"

"ခွေးကောင်တွေ မင်းတို့ဟာက ငါ့ကိုဝိုင်းအနိုင်ကျင့်နေကြတာလား"

"ဟာ မကျင့်ရပါဘူး ငါတို့ကျင့်မိလား ဂျောင်ဝူ"

ဂျောင်ဝူသည် ခေါင်းကိုပြုတ်ထွတ်မတတ်ခါပြလေသည်

ထိုချိန်

"မင်းတို့ထဲက ယွန်းဂျောင်ဝူဆိုတာဘယ်သူလဲ"

လူဆယ်လောက်လောက် ဂျီအွန်းတို့ဆိုင်ထဲ ဝင်လာသည်

"ငါပဲ ဘာဖြစ်လို့လဲ"

"မင်းက ငါ့ကောင်မလေးကိုကြောင်တာပေါ့ ဟုတ်လား"

"ဟော် မင်းဘာသာမင်း သေချာမထိန်းနိုင်ဘဲ ဘာကိစ္စငါ့ကို ကွိုင်လာရှာ"

"မင်း တစ်ချက်လောက်အရိုက််ခံရမှ မှတ်မယ်နဲ့တူတယ်"

"ဟ မင်းတို့ပဲထိုးတတ်တာလားကွ"

Last Twilight Onde histórias criam vida. Descubra agora