Chapter 2

48 6 0
                                    

ဂျီအွန်း အလုပ်မရခဲ့တာမလို့ စိတ်ညစ်ညစ်နဲ့ပဲ အိမ်ကိုပြန်လာခဲ့ရတယ်

အိမ်ရောက်တော့ မီးလောင်နေတယ်ထင်ရအောင် မီးခိုးတွေ အပြည့်နဲ့ မီးဖိုချောင်ထဲမှာ ယူရီ ဟင်းချက်နေလေရဲ့

"ဂင်ယူရီ အိမ်ကမီးလောင်ထားတာလား"

"စကားကိုကြည့်ပြောဟဲ့ ငါဟင်းချက်ထားတာ"

"မွှန်ထူနေတာပဲ"

"မြည်းကြည့်ပါလား"

"တော်ပါပြီ ငါအိပ်ပြီ"

"အယ် အိပ်ပြီလား"

ဂျီအွန်း စကားတွေအများကြီးဆက်မပြောချင်တာမလို့ မြန်မြန်စကားဖြတ်ပြီးသာ အခန်းထဲဝင်လာလိုက်တယ်

ဘာလို့မှန်းမသိ ဂျီအွန်းရဲ့ စိတ်ထဲမှာ ဟန်ဘင်း ဆိုတဲ့ကောင်လေးကိုတွေးနေမိတယ် ရေစက်ပါရင် ပြန်တွေ့ကြတာပေါ့ တဲ့ ရယ်ရတယ်

ဂျီအွန်း တွေးလက်စကို အမြန်ဖြတ်ပြီး မြန်မြန်အိပ်ယာဝင်လိုက်တယ် မနက်ဖြန် သူ အလုပ်ရှာရဦးမယ်မလား

......
"ဟန်ဘင်း သား နိုးပြီလား သားအစ်ကို နဲ့ ဒီနေ့ ဆေးရုံသွားလိုက်ဦးနော် အမေက ဒီနေ့အလုပ်ရှိလို့ မလိုက်တော့ဘူး"

ဟန်ဘင်း အခန်းထဲ ဝင်လာပြီး တစ်ရေစပ် စကားပြောနေတဲ့အမေ့ကို နားညီးတယ်လို့ ပြောချင်ပေမယ့်လဲ  အမေလား ငရဲကြီးမှာ ဟန်ဘင်းကြောက်တယ်

"ဟန်ဘင်း အမေပြောတာကြားလား"

"ကြားတယ် ကျတော်က မျက်လုံးပဲမမြင်ရတာ နားတော့အကောင်းကြီးပါ"

ဟန်ဘင်းဆေးရုံသွားဖို့ပြင်ဆင်ပြီး ကိုယ့်ဟာကိုယ် အိမ်အောက်ဆင်းလာတာကို မြင်တော့ ဟန်ဂျွန်းက လာကူတယ်

"ရတယ်မလိုဘူး မကိုင်နဲ့"

"မင်းပြုတ်ကျမှာစိုးလို့လေ"

"‌မမေ့နဲ့နော် ငါက ၃၀% လောက်ပဲမမြင်ရတာ စုံလုံးမကန်းသေးဘူး"

ဟန်ဂျွန်းပြောမရတဲ့အဆုံး သူ့ညီဖြစ်စေချင်တဲ့အတိုင်းသာ လုပ်ပေးလိုက်ရတယ်

ဟန်ဘင်းဆိုတဲ့အကောင်ပေါက်လေးက မာနသာမလျှော့တာ အခုအောက်ဆင်းတာ လှေကားထောင့်နဲ့ဝင်တိုက်မိပြန်ပြီ

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

Last Twilight Where stories live. Discover now