part 7 (Unicode & Zawgyi )

48 7 0
                                    

နွေဦးရာသီဖြစ်တဲ့အတွက်ကြောင့် မန္တလေးတိုင်း၏ အပူချိန်မှာ အနည်းငယ်မြင့်နေလေပြီ။ အခန်းထဲရှိကျောင်းသား/ကျောင်းသူများမှာ ကိုယ်စီယပ်တောင်လေးများတစ်ခပ်ခပ်နှင့် စာလုပ်နေကြသည်။ ဟုတ်သည်လေ ၈တန်း စာမေးပွဲကြီးနီးနေပြီမဟုတ်လား။

ကျောင်းဝင်းကြီးထဲတွင်တော့ အငယ်တန်းကျောင်းသားလေးများမရှိကြတော့။ ၁၀တန်း နှင့် ၈တန်းကျောင်းသားများသာရှိကြတော့သည်။
ဟုတ်ပါသည် ကျွန်တော်တို့ ၈တန်းစာမေးပွဲဖြေရန် ၂ပတ်လောက်သာလိုတော့သည်ပင်။

" သား လင်းလတ်ရောင် "

ရုတ်တရက်ဆရာမခေါ်သံကြောင့် အနည်းငယ်လန့်သွားမိသည်။

" ဗျာ ဆရာမ "

" မင်းညီ toilet ဆိုပြီးထွက်သွားတာ အခုထိပြန်မလာသေးဘူး မင်းလိုက်ခေါ်လိုက်ပါအုန်း "

ဟုတ်ပါရဲ့ မင်းနန္ဒတစ်ယောက် toilet ဆိုပြီးထွက်သွားတာအတော်ကြာနေပြီပင်။ toilet ထဲမှာအိပ်ပျော်နေသလားမသိ။

" ဟုတ်ဆရာမ သားသွားခေါ်လိုက်ပါ့မယ် "

" သားသက်ပိုင် လင်းလတ်နဲ့အဖော်လိုက်သွားလိုက်အုန်း "

သက်ပိုင်နဲ့ကျွန်တော် toilet အခန်းတွေအကုန် လိုက်ကြည့်သော်လည်း မင်းနန္ဒကိုမတွေ့ပေ။ ကျွန်တော်အနည်းငယ်စိတ်ပူလာမိသည်။

" လင်းလင်းရာ မင်းစိတ်ပူမနေပါနဲ့ ဒီကောင်ဘောလုံးသွားကန်တာဘဲဖြစ်မယ် "

သက်ပိုင်ပြောသည်ကြောင့် နှစ်ယောက်သား ဘောလုံးကွင်းဘက်သို့ဦးတည်လာခဲ့သည်။ ဘောလုံးကွင်းအရောက် ကျွန်တော်မြင်လိုက်ရသည်မှာ နေပူထဲတွင် ရန်ဖြစ်နေကြသူများ။

ထိုအထဲမှာ မင်းနန္ဒအားကျွန်တော်မြင်လိုက်ရသည်။ လူတစ်ယောက်အပေါ်မှ အုပ်မိုးပြီး စိတ်ရှိလက်ရှိထိုးနေခြင်းပင်။ ကျွန်တော်ကြည့်နေခိုက် ဘေးမှလူနှစ်ယောက်က မင်းနန္ဒအားချုပ်၍ ခုနထိုးခံရနေသောသူက သဲကြီးမဲကြီးထိုးပြန်သည်။

" ဟျောင့် လင်းလတ်....လင်းလတ်...လင်းလတ်ဟျောင့်....."

" အေ "

မောင် ( သို့မဟုတ် ) နွံတစ်ခုTempat cerita menjadi hidup. Temukan sekarang