နံနက် ၅ နာရီခွဲပဲ ရှိသေးတာကြောင့် တောင်ပေါ်တွင်အမှောင်ထုက ကြီးစိုးနေတုန်းပင်။ ရှောင်းကျန့် တဲအပြင်ထွက်လိုက်တော့ ဝမ်းနင်က မီးဖိုပြီး ရေနွေးအိုးတည်ထားနှင့်ပြီ။
"ဆရာလေး! ရေနွေးဆူပြီ။ ကော်ဖီဖျော်လိုက်ရမလား?"ဝမ်းနင်ရဲ့အမေးကို ရှောင်းကျန့်က ခေါင်းညိတ်ပြလိုက်သည်။ ရှောင်းကျန့်က တစ်ခါသုံး ရေစိုပဝါဖြင့် မျက်နှာက်ုသန့်စင်လိုက်ပြီး ရေအနည်းငယ်သုံးကာ သွားတိုက်လိုက်သည်။
လင်းရောင်ခြည်လေး သန်းလာတော့ ရှောင်းကျန့်က ဝမ်းနင်ကို ရိပေါ်တို့ကို သွားနှိုးခိုင်းလိုက်သည်။
"ဟိုကလေး နှစ်ယောက်ကို နှိုးလိုက်တော့""ဝါးးးးးးးးးးးးးးးး အရမ်းလှတာပဲ။ တိမ်ပင်လယ်က တစ်ကယ်လှတယ်! ကောင်းကင်ဘုံကို ရောက်နေတဲ့အတိုင်းပဲ"
ရိပေါ်က ဝေလီဝေလင်း၊ နေမထွက်ခင် မြင်ရသော တောင်တွေကြား တိမ်များကိုကြည့်ရင်း စိတ်လှုပ်ရှားမိသည်။ယွင်လုံက ရိပေါ်ပျော်နေတာကြည့်ပြီး ကျေနပ်စွာပြောလိုက်သည်။
"ငါမပြောဘူးလား။ အခု မင်းသဘောကျသွားပြီမှတ်လား?"ရိပေါ်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"အွန်း""ကလေးတွေ ကော်ဖီပူတုန်း လာသောက်ကြ။ တော်ကြာနေ အေးသွားမယ်"
ရှောင်းကျန့်က အိပ်ရာနိူးတာနဲ့ တိမ်ပင်လယ်ကိုပြေးကြည့်ကြသော ရိပေါ်နှင့် ယွင်လုံကို လှမ်းပြောရသည်။ဝမ်းနင်က ပေါင်မုန့်ကို မီးကင်ပြီး ထောပတ်သုပ်ကာ ရိပေါ်တို့ကို ပေးလိုက်သည်။ လေးယောက်သား ကော်ဖီခွက်ကိုယ်စီဖြင့် ပေါင်မုန့်ထောပတ်သုပ်ကို စားကြရင်း တောင်တွေကြားက တိမ်ပင်လယ်ကြီးကို ရှုစားကြသည်။
"ဒီနေရာကို ငါ နှစ်တိုင်းလာချင်လိုက်တာ။ ရတယ်မလား... ယွင်လုံ?"
ရိပေါ်က ရှေ့တွင်မြင်ရသော ရင်သက်ရှုမောဖွယ် ရှုင်ခင်းကို မျက်လုံးမလွဲနိုင်ဘဲ ယွင်လုံကို မေးလိုက်သည်။"ရတာပေါ့။ မင်း ကြိုက်တဲ့အချိန်လာခဲ့"
ယွင်လုံက အားပါးတရ ကြိုဆိုလိုက်သည်။
JE LEEST
Don't Cry.....
Fanfictieမငိုပါနဲ့တော့ ကလေးရယ်~~ ရှောင်းကျန့် ဦးသာအနားမှာ ရှိရင် မငိုပါဘူး~~ ရိပေါ်