နံနက်စောစောတွင်
ရှောင်းကျန့်သည် မျက်နှာသစ်ရင်း မှန်ကိုကြည့်လိုက်သည်။
*အင်း နှုတ်ခမ်းမွှေးတွေက ရိတ်သင့်ပါပြီလေ* အတွေးနှင့်အတူ နှုတ်ခမ်းပေါ်နှင့် မေးတစ်ဝိုက်ရှိ အမွှေးငုတ်တိုများကို လက်ဖြင့် ပွတ်သပ်လိုက်ပြီးနောက် shaving cream ကိုလိမ်းလိုက်သည်။ ထို့နောက် shaver (မုတ်ဆိတ်ရိတ်စက်)ဖြင့် သပ်ရပ်စွာ ရိတ်သင်လိုက်တော့သည်။((( ⏰ )))
ရိပေါ်က Alarm သံကြောင့် နိုးလာသည်။
သူက နံနက် စောစောမထနိုင်မှာ စိုး၍ နှိုးစက်ပေးထားခဲ့ခြင်းဖြစ်သည်။ ယခင်နေ့ရက်များက နှိုးစက်ပေးရန်မလိုပေ။ ယွင်လုံက လာနှိုးနေကျမို့ပင်။'ဝါးးးးးးးးးး'
ရိပေါ်က အကြောဆန့်လိုက်ပြီးနောက် အိပ်ရာမှထကာ ရေချိုးခန်းဆီ ထွက်လာလိုက်သည်။ရိပေါ် ထမင်းစားခန်းသို့ ရောက်လာသည့် အချိန်တွင် ရှောင်းကျန့်နှင့် ဝမ်းနင်က နံနက်စာစားရန် ပြင်ဆင်နေကြသည်။
ရှောင်းကျန့်က ရိပေါ်ကိုမြင်တော့
"အစောကြီးထလို့ပါလား.... ""ဟုတ်။ ရိပေါ် ဘာကူပေးစရာရှိလဲလို့"
ရိပေါ်က ရိုးသားသော မျက်နှာလေးဖြင့် ပြောလိုက်သည်။ရှောင်းကျန့်က နံနက်စာများကို စားပွဲပေါ်တင်ရင်း
"မရှိပါဘူး။ အားလုံးပြီးပြီ။ စားဖို့ပဲလိုတယ်။ ထိုင်လေ"ရိပေါ်က ရှောင်းကျန့်ကို မကြည့်မိဘဲ ထိုင်ခုံ တွင်ထိုင်လိုက်ပြီး သူ့အတွက်ချပေးထားသော နံရိုးပေါင်း ခေါက်ဆွဲကိုသာ ငုံ့စားနေလိုက်သည်။
နံနက်စာ စားနေရင်း ဝမ်းနင်က ပြုံးစစနှင့်ပြောလာသည်။
"ရိပေါ်လေးရေ တို့ဆရာ ဒီနေ့ထူးခြားနေတယ်လို့မထင်... အ!"ရှောင်းကျန့်က ဝမ်းနင်၏ ခြေထောက်ကို ခပ်ဆက်ဆက်လေးကန်လိုက်သောကြောင့် ဝမ်းနင်လည်း စကားဆုံးအောင် မပြောလိုက်ရ။
VOUS LISEZ
Don't Cry.....
Fanfictionမငိုပါနဲ့တော့ ကလေးရယ်~~ ရှောင်းကျန့် ဦးသာအနားမှာ ရှိရင် မငိုပါဘူး~~ ရိပေါ်