Chapter 31

1.2K 227 4
                                    


    
ကုယွမ်းထင် ပြန်မပြောတာကိုမြင်တော့ စူးယိရန်က မျက်မှောင်အနည်းငယ်ကြုတ်သွားရင်း သင်ကြားပို့ချလိုက်၏။

"ခင်ဗျား သူတို့ကို တောင်းပန်ရမယ်နော် သိရဲ့လား"
   
ကုယွမ်းထင်မှာ ဒေါသတွေကိုခက်ခက်ခဲခဲထိန်းချုပ်နေရသည်မို့ ကိုယ်နှင့်မဆိုင်သည့်အနှီအိုးပုပ်ကြီးအား အောင့်သက်သက်ဖြင့် လက်ခံဖို့သာ တတ်နိုင်တော့သည်။

"ကိုယ်....တောင်းပန်တဲ့အနေနဲ့ သူတို့ကို လက်ဆောင်ပို့လိုက်ပါမယ်"
    
ကုယွမ်းထင်ပြောတာကိုကြားမှ စူးယိရန်က စိတ်အေးသွားရကာ

"ကျွန်တော် သူတို့နဲ့ချိန်းလိုက်မယ်။ ပြီးရင် ထမင်းတစ်နပ်လောက်အတူစားပြီး လက်ဆောင်လေးတွေ ပေးတာပေါ့"
    
ကုယွမ်းထင် : "....အွန်း"
    
စူးယိရန်က တခြားကိစ္စကိုတွေးမိသွားပြန်သည်။

"ဟုတ်သား...ခင်ဗျား ဟန်ကျီခွင်းနဲ့ ဝူလန်လန်ကို မှတ်မိသေးလား"
    
ကုယွမ်းထင်က ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ"

ဒါပေါ့ သူမမှတ်မိဘူးလေ။
    
စူးယိရန်က တုံ့ဆိုင်းသွားပြီးမှ စကားဆက်လိုက်သည်။

"ဒီနေ့ ဟန်ကျီခွင်းပြောသွားတဲ့ စကားအရ ကြည့်ရတာ အဲ့အချိန်တုန်းက ဝူလန်လန်ရဲ့ကျောင်းပြောင်းကိစ္စက ကျွန်တော်တို့နဲ့ တစ်ခုခုဆိုင်နေသလိုပဲ"
    
ကျောင်းပြောင်းတယ်?

ကုယွမ်းထင် မျက်မှောင်ကြုတ်သွားရင်း နောက်ဆုံးမှ ပြောလိုက်၏။

"ကိုယ်တော့ အဲ့နှစ်ယောက်နဲ့ပတ်သက်ပြီး ဘာသဘောထားမှမရှိဘူးရယ်"

အတန်းဖော်ဟောင်းတွေပေါ်မှာ (ကောင်းသည်ဆိုးသည်)ဘာသဘောထားမှ မရှိတာပုံမှန်ပင်။
    
စူးယိရန်က ခေါင်းညိတ်လိုက်သည်။

သူတောင်ဟန်ကျီခွင်းအပေါ် ဘယ်လိုသဘောထားမျိုးမှ မရှိတာ။ ထင်ကောဆို ဝေးရောပေါ့။
    
ဝူလန်လန်ကတော့...သူနှင့်ဝူလန်လန်ဟာ ထိုချိန်တုန်းက သိကျွမ်းရုံသာဖြစ်၍ ဘာဆက်ဆံရေးမျိုးမှမရှိခဲ့ကြ။ ထင်ကောဆိုလည်း ဝူလန်လန်နှင့် ဘာအချိုးအကွေ့မှ မရှိခဲ့ချေ။
    
စူးယိရန်သည် သူအတွေးလွန်နေပြီဟုတွေးလိုက်သည်။ ဟန်ကျီခွင်း သူ့ကို သည်နေ့ပြောလိုက်သောစကားတွေက တကယ်ပဲထူးဆန်းပေမဲ့ တစ်ညလုံးလည်း ဟန်ကျီခွင်းက သူ့အပေါ် အနည်းငယ်ထူးဆန်းနေခဲ့ကြောင်း တွေးမိတော့ စိတ်သက်သာရာရသွား၏။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now