Memories with Tulips

22 1 0
                                    

Unicode

ကျူးလစ်ပန်းများနှင့်အမှတ်တရများ

ကျယ်ဝန်းလှသော ခြံဝန်းတခုသည် ပန်းမျိုးစုံတို့ဖြင့် လှချင်တိုင်းလှနေလေရာ ခြံဝန်းရ့ဲအလယ်တွင ်~နှင်းဆင့်ဖြာ~ စံအိမ်တော်ကြီးက ခမ်းနားထယ်ဝါဝ့ံကြွားစွာတည်ရှိနေသည်။ဤစံအိမ်ကြီး၏ပိုင်ရှင်ကား မြို့တော်ဝန်ထိပ်တန်းအရာရှိ ဦးထက်ဝဋ္ဌာရှိန်။
''ဒီပန်းတွေကို အမြစ်ကနေနုတ်ပီး လွင့်ပစ်လိုက်!!"
စံအိမ်တော်ရဲ့ဥယျာဉ်ထဲက တယုတယစိုက်ပျိုးထားတဲ့ ရောင်စုံသောကျူးလစ်ပန်းတွေကို လက်ညိုးထိုးကာ ညှာတာမှုကင်းမဲ့စွာပြောလိုက်သူက နှင်းဆင့်ဖြာ စံအိမ်တော်ရဲ့ အမွေဆက်ခံသူ လွမ်းလရောင်ဖြာ~~အပြောခံလိုက်ရတဲ့ ဥယျဉ်မှူးလေးခမျာအံသြတကြီးနဲ့ကြောင်တောင်တောင်ဖြစ်သွားရပီး-
''ဗ်ာ...ဒီ..ဒီကျူးလစ်ပန်းတွေအကုန်လုံးကိုလား...ဒီပန်းတွေကဈေးကြီးပေးဝယ်ပီးစိုက်ထားရတာလေ..နုတ်ပစ်ရင်.နှမြောစရာကြီး..!!"
''ဈေးကြီးတာတေမကြီးတာတေမသိဘူးမြင်ရတာကိုကကျက်သရေတုံးတယ်...အကုန်နုတ်ပစ်!!"
ဒီလောက်ချစ်စရာကောင်းတဲ့ ကျူးလစ်ပန်းလေးတွေကိုသူဘယ်လိုများပြောရက်လိုက်တာလဲ?
''ဒါတေက သခင်လေး ကိုယ်တိုင် စိုက်ထားတာတေလေ...တကယ်ကြီး လွင့်ပစ်ရမှာလား''
ဒီပန်းတေကိုလွမ်းတယောက်သူကိုယ်တိုင်သူ့လက်နဲ့တစုံတယောက်ကိုပေးဖို့ဆိုပီးမြတ်မြတ်နိုးနိုးစိုက်ထားခဲ့တာ...ဒါပေမဲ့အခုချိန်မှာ ဒါတေက မလိုတော့ဘူးထင်ပါရဲ့...။
''လျှာမရှည်နဲ့... ပြောတဲ့အတိုင်းသာလုပ်စမ်းပါ...ကျုပ်ပြန်လာရင်ဒီပန်းတေကိုအမှိုက်ပုံးထဲမှာပဲမြင်ချင်တယ်။ တခြားနေရာရောက်သွားတာတေမလိုချင်ဘူး တပင်တလေမှမကျန်စေနဲ့...''
ကိုယ်ပိုင်ဆိုင်တဲ့ ဘယ်အရာမဆို သူတပါးလက်ထဲရောက်သွားတာကို နည်းနည်းလေးမှ မကြိုက်တဲ့အတွက် မလိုချင်တော့တဲ့အခါဖျက်ဆီး ပစ်တက်တာလွမ်းရဲ့အကျင့်။
ဥယျာဉ်မှူးတယောက်လွမ်းရဲ့ စကားကို နားထောင်ရုံကလွဲ ကျန်တာမတက်နိုင်တော့...။
''ဟုတ်..ဟုတ်ကဲ့ ပါ သခင်လေး ''
ဥယျာဉ်မှူးကိုအမိန့်တာဝန်ပေးပီးတာနဲ့ ဆိုင်ကယ်တစီးနဲ့ ဝူး ကနဲ စံအိမ်ထဲကနေမောင်းထွက်သွားတဲ့ လွမ်းလရောင်ဖြာ။ကျူးလစ်လေးတေခမျာ တိတ္ဆိတ္စြာ ဝမ်းနည်းလျက် ကျန်ခဲ့ရှာလေရဲ့....။
_________

Letter to TulipsWhere stories live. Discover now