It's called Love

6 1 0
                                    

ZawGyi >>>>
အချစ်ဟု ခေါ်သည်..

Noon-အဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း
ဒီကျောင်းက တနိုင်ငံလုံးမှာ နာမည်အကြီးဆုံးကျောင်းဖြစ်ပီးထိပ်တန်းအရာရှိသူဌေးတွေရဲ့သားသမီးတွေသာတက်ရောက်နိုင်တဲ့ကျောင်းဖြစ်တယ်။
ဒီကျောင်းရဲ့တည်ထောင်သူကား မြို့တော်ဝင် ဦးထက်ဝဋ္ဌာရှိန်ရဲ့ပထမဇနီးဖြစ်သူ MSc.Ph.D Dr.ဒေါ်နှင်းဆင့်နွန်း...။

ကျောင်းဝန်းရှေ့သို့ Mercedes-benzSUVG class G63ကားတစ်စီးဝင်ရောက်လာသည်။
''ဟိုဟာ လွမ်းလရောင်ဖြာ စီးလာတဲ့ကားမလား...သူလာပီထင်တယ်..။''
''ဟုတ်တယ် လွမ်းလရောင်ဖြာ လာတာ''
''သေချာပေါက် လွမ်းလရောင်ဖြာ ပဲပေါ့''
ကားကိုမြင်သည်နှင့် လွမ်းလရောင်ဖြာ စီးလာတဲ့ကားမှန်းကြိုသိထားကြတဲ့ကျောင်းသားသူတွေဆီကစကားသံများ....။ဒီလိုကားမျိုးစီးနိုင်တာကလည်းလွမ်းရယ်သူ့သူငယ်ချင်းနှစ်ယောက်ရယ်သာ.....ထိုကားထဲမွblack suit ဝတ်ဆင်ထားတဲ့လူတယောက် ထြက္လာပီး ကားနောက်ခန်းကပြောင်လက်နေတဲ့ ကားတံခါးကို ဆွဲဖွင့်လိုက်ရာ FILA Brand အနက်ရောင် ရှူးဖိနပ်တရံကိုစီးထားတဲ့ ကောင်လေးတစ်ယောက် ထွက်လာသည်။လွမ်းလရောင်ဖြာ~~~ ရှည်သွယ်သွယ်လက်ချောင်းလေးတွေနဲ့ ငွေကြယ်ရောင် ဆံပင်တွေကိုအထက်သို့ပင့်သပ်လိုက်တဲ့အခါ ပေါ်ထွက်လာတဲ့ ဖြောင့်တန်းတန်းမျက်ခုံးထူထူ မျက်တောင်ရှည်တွေဝန်းရံထားတဲ့ မျက်ဝန်းနက်တစ်စုံ...။နှာတံဆင်းဆင်း နီပြေပြေနှုတ်ခမ်းပါး တိကျတဲ့မေးရိုးနဲ့ လည်ပင်းက Adom Apple ကအစပီးပြည့်စုံတဲ့သူက မြင်လိုက်ရတဲ့မိန်းကလေးတိုင်းကိုရူးခါသွားစေဖို့ဆွဲဆောင်မှုရှိတဲ့သူမျိုး...6'3''အရပ်ကသူ့ရဲ့ စတိုင်လ်ကို စမတ်ကျစေပီး ဖြူဖြူဖွေးဖွေးအသားရေက နီညိုရောင် ကျောင်းဝတ်စုံနဲ့ လိုက်ဖက်မှုရှိလွန်းနေသည်။တစ်ခုပဲ...လွမ်းရဲ့မျက်နှာမှာ အပြုံးတခုသာလိုတော့တာ....သူငယ်ချင်းနှစ်ယောက်နဲ့ကလွဲရင်မျက်နှာသေနဲ့နေတက်တဲ့လွမ်းပုံစံက အေးစက်စက်နဲ့ရယ်...စိတ်ဆတ်တက်ပီးဒေါသထွက်လာရင်ကြောက်စရာကောင်းတဲ့သူမျိုး...

အနက်ရောင်ကျောပိုးအိတ်ကိုလက်တဖတ်ထဲသာလွယ်ပီး ဘောင်းဘီအိတ်ထောင်ထဲလက် နှစ်ဖက်ထည့်ကာကျောင်းဝန်းထဲကို တစ်လှမ်းချင်း လျှောက်လှမ်းရင်းဝင်လာတဲ့ လွမ်းပုံစံက ရူးတော့မလိုပဲညို့ယူနိုင်စွမ်းရှိလွန်းနေသည်။ကျောင်းဝန်းထဲမှာရှိတဲ့ကျောင်းသားကျောင်းသူတွေရဲ့အကြည့်ကလွမ်းဆီတွင်....။သူကကျောင်းရဲ့ Kingတယောက်...ရုပ်ရည်ဆိုလည်းအပြစ်ပြောစရာမရှိ...ချမ်းသာကြွယ်ဝမှုကလည်းထိပ်တန်း...မြိုတော်ဝန်နဲ့ Noonကျောင်းအုပ်ရဲ့ တစ်ဦးတည်းသောသားဆိုတော့...ကျောင်းရဲ့အာရုံစိုက်ခံရဆုံးကျောင်းသားတယောက်ပင်။

You've reached the end of published parts.

⏰ Last updated: Feb 18 ⏰

Add this story to your Library to get notified about new parts!

Letter to TulipsWhere stories live. Discover now