Part(2)

573 34 8
                                    

Unicode

အိမ်ထဲ မဝင်ခင်ထဲက ကြားနေရသည့် ရယ်မောသံ တချို့ကို အထဲဝင်မည့်ခြေလှမ်းတို့ကို သော်ရပ်လိုက် သည်။ ဖေဖေ နှင့် မေမေ ကို ရယ်အောင် လုပ်နိုင်သော သူသည် တစ် ယောက်ထဲသာ ရှိသည်မို့ ပိုင် ပြန်ရောက်နေပြီဖြစ်ကြောင်း အတပ်သိလိုက်သည်။

သိုင်းလွယ်ထားသော laptop အိတ်မှ ကြိုးကို တင်းတင်းဆုပ်ကာ မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် အားမွေးကာ
အိမ်ထဲသို့ ဝင်လိုက်သည်။ ၔည့်ခန်းကိုကျော်ပြီး လှေကားနားရောက်ကာမှ သက်ပြင်းချမိသည်။ သို့သော်ကံတရားသည် သော်ဘက်တွင်မရှိ။

" မေမေ ကိုကြီးက ခိုးကြောင်ခိုးဝှက် ပြန်လာတယ် ....."

ပိုင် အသံကြောင့် ရယ်သံများတိတ်ဆိတ်သွားကာ ဖေဖေက သော်ကို အလိုမကျသလို ကြည့်လာသည်။ မေမေသည်လည်း ထိုနည်းလည်းကောင်း။ ပိုင်ကတော့ မျက်နှာထက်အပြုံးလှလှဆင်မြန်းထားကာ သော့်ကို ကြည့်သည့် အကြည့်တို့မှာလည်း ခနဲ့သည့် အကြည့်တို့နှင့် ဖြစ်သည်။

" ဝေမှုးသော် သွားချင်ရာ သွားပြီး ပြန်လာတာတောင် မိဘတွေ နှုတ်ဆက်ရမှန်းမသိရင် နောက် ငါ့အိမ် ပြန်မလာနဲ့..... "

သော် နှုတ်ဆက်လိုက်ရင် ဖေဖေတို့ အပျော်ပျက်သွားမှာစိုးလို့ ဟု စိတ်ထဲတွေးလိုက်သည်။ နှုတ်ဆက်ပြန်လည်း အပြစ်ကတစ်ခုဖြစ်ဦးမည်။ဖေဖေတို့က သော်ဘာလုပ်လုပ် အမြင်မကြည်နေတာ ဖြစ်သည်။

"  မိဘက ဆုံးမတာကို မျက်နှာက ပျက်နေပြီ....
စိတ်ရှုပ်ဖို့ကောင်း လိုက်တာ ၊ နောက်တစ်ခါ အပြောမခံချင်ရင် နင်လုပ်နေတာတွေကို ရပ်တန်းကရပ်... "

မေမေက ကြုံသည့်အခါတိုင်း သော်လုပ်နေသည့် ဒီဇိုင်းဆွဲသည့် အလုပ်ကို ဆက်မလုပ်ရန်ပြောသည်။ သော်ကတော့ ခေါင်းမာစွာ ဘာမှ မ ပြောပါ။

" ကိုကြီးက မေမေစကားကို နားထောင်မယ် ထင်လို့လား...
ကြည့်ပါလား မေမေပြောတာတောင် ဘာပြန်ပြောလို့လဲ "

စကားဝိုင်းကို  ပိုကြီးထွားသွားအောင် ပိုင် မီးလောင်ရာ လေပင့်လိုက်သည်။

သော် လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး နေရာမှာတင် ခေါင်းငုံ့ရပ်နေလိုက်သည်။ ကျချင်နေသည့် မျက်ရည်ကို ထိန်းထားလိုက်သည်။ ဒီနေရာမှာတော့ သော်မငိုချင်ပါ။

The Sun of love Where stories live. Discover now