အပိုင်း ၃

11.4K 56 1
                                    

"အောင်ထွန်း မင်းအဖေလာတယ် "
ဆိုတဲ့ အဆောင်မှူးရဲ့စကားကြောင့် အောင်ထွန်းမျက်နှာပျက်သွားသည် ။ ဖုန်းမှ အင်တာနက်သုံးနေရင်းက ထိုစကားကြောင့် အောင်ထွန်း သက်ပြင်းချကာ ဖုန်းကို ပိတ်လိုက်သည် ။
ကျောင်းကလဲ မဖွင့်သေးတာမို့ တခြားကောင်တွေက အပြင်ကို ထွက်သွားကြပေမဲ့ သူကတော့ အခန်းထဲမှာပဲ ဖုန်းသုံးကာနေရစ်ခဲ့သည် ။
လေးလံတဲ့ခြေလှမ်းများဖြင့် ထွက်လို့လာပြီး ဧည့်တွေ့ဆောင်၌တွေ့ရတဲ့ သူ့အဖေ ။ ပြီးတော့ သူ့ရဲ့အဖေအနားမှာ သူလုံးဝမှမမြင်ချင်တဲ့ လူတစ်ယောက်ကိုပါတွေ့လိုက်ရတော့ အောင်ထွန်းရဲ့ မျက်နှာ ပိုပြီးပျက်သွားရသည် ။ ထိုအခန်းထဲဝင်လာပြီး သူ့အဖေရဲ့ရှေ့ကထိုင်ခုံမှာ ထိုင်လိုက်သည် ။
"သား "
"ဘာကိစ္စရှိလို့လဲ "
"အဖေ ဒီနားအလုပ်ကိစ္စရှိလို့လာရင်းနဲ့ သားဦးလေးကိုလဲတွေ့ရင်း သားကိုလဲတွေ့ရင်းနဲ့ ဝင်လာလိုက်တာ "
"ထွေထွေထူးထူး ကိစ္စမရှိဘူးဆိုရင် ကျုပ်ကို လာမတွေ့ဖို့ပြောထားတယ်လေ "
"သား "
"ပြီးတော့ ကျုပ်ပြောထားတယ် အဲဒီကောင်ပါလာရင် ကျုပ်ဆီကို မလာဖို့ပြောထားတယ်လေ "
"သားရာ အဖေ့ကို နားလည်ပေးပါ "
"တော်စမ်းပါ ကျုပ်ဘာကိုမှ နားလည်မပေးနိုင်ဘူး အမေဆုံးလို့ အဖေနောက်အိမ်ထောင်ပြုမှာ ကျွန်တော် နားလည်တယ် ဒါပေမဲ့ နောက်အိမ်ထောင်က ယောကျာ်းတစ်ယောက်ဖြစ်နေလို့မရဘူး ကျုပ်ရှက်တယ်ဗျ တခြားကိစ္စမရှိဘူးဆိုရင် ကျုပ်သွားမယ် "
"သား သား "
အောင်ထွန်း ပြောကာ ထိုအခန်းထဲမှ ထွက်လာခဲ့သည် ။ သူ့ရဲ့အဖေ ဦးမိုးအောင်ဟာ သူ့အမေဆုံးသွားတော့ နောက်အိမ်ထောင်ထပ်ပြုမယ်ဆိုပြီး အိမ်ကို အမျိုးသားတစ်ယောက် ခေါ်လာခဲ့တယ်တဲ့လေ ။ သူ ဘယ်လိုစိတ်မျိုးနဲ့ လက်ခံရမလဲ ။
ပတ်ဝန်းကျင်က အထင်သေးတဲ့အကြည့်နဲ့ အကြည့်ခံရတာမျိုး သူရှက်သည် ။ ဒါကြောင့် သူ့ရဲ့အဖေကိုသူတားခဲ့ပေမဲ့ မရတဲ့အဆုံး သူ အိမ်ကနေထွက်လာခဲ့သည် ။ ဦးလေးဖြစ်တဲ့အဆောင်မှူး ဦးမိုးနောင်က သူ့ကို နှစ်သိမ့်ပြီးခေါ်ထားခဲ့သည် ။
"အောင်ထွန်း ရော့ မင်းမှာလိုက်တဲ့ ဘာဘယ်တီး "
မြတ်မင်းရောက်လို့လာပြီး ကုတင်ပေါ်၌ မျက်မှောင့်ကြုတ်ကာ ထိုင်နေတဲ့ အောင်ထွန်းကို မှာလိုက်တဲ့ ဟာ ပေးလိုက်သည် ။ သို့သော် သူပေးတဲ့ဟာကို ယူပေမဲ့ မျက်နှာမကောင်းလှတဲ့ အောင်ထွန်းကြောင့် ခြံဝမှာတွေ့လိုက်ရတဲ့ အမျိုးသားနှစ်ယောက်ဖြစ်တဲ့ လူကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် ကြောင့်များလားဆိုပြီး သူတွေးမိသည် ။
"မင်းအဖေ လာသွားလို့လား "
"အင်း "
"ဪ သူနဲ့ တစ်ယောက်ပါလာသေးတယ် မင်းအကိုလား "
ဆိုပြီး မြတ်မင်းမေးတော့ သူဘာမှပြန်မဖြေတော့ မြတ်မင်းလဲ ထပ်မမေးဖြစ်ပဲ သူ့နေရာသူ ကုတင်ပေါ်သို့ ပြန်တတ်သွားသည် ။
သူ့အကြောင်းနဲ့သူ သူမပြောချင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် မြတ်မင်းမေးဖို့လဲစိတ်ကူးမရှိတော့သလို သိချင်တဲ့စိတ်လဲ အလျဥ်းမရှိတော့ချေ ။

အဆောင်နေ ကျောင်းသားများ🔞🔞🔞  အဆောင်နေ ကျောင်းသားများ(U+Z)Where stories live. Discover now