Chapter-4 : ပြောင်းလဲနိုင်ဖို့အတွက် ကြိုစားရတော့မယ်။

130 14 0
                                    


လုလျန့်ဝေ အစ်ကိုဖြစ်သူရဲ့ မေးခွန်းစကားကြောင့် စိတ်မဆိုးခဲ့။ အစ်ကိုက ဘာလို့ ဒီနေရာမှာစောင့်နေရသလဲဆိုတဲ့ အကြောင်းအရင်းကို သူက ကြိုတင်ခန့်မှန်းထားမိပြီးသားပင်။

"အစ်ကိုကြီးက ညီမလေးကို လုံချီရဲ့ကိုယ်လုပ်တော်ဖြစ်စေချင်နေတာလား"

'ငါလည်း မဖြစ်စေချင်ပါဘူး'

' ညီမလေးလည်း မဖြစ်ချင်ဘူး"

လုလျန့်ဝေကလည်း ချက်ချင်းပြန်ဖြေလိုက်တယ်။

လုထင်ချန် တင်္ဂလောက် ကြက်သေ သေသွားပြီး သူမ ပြောတဲ့စကားက ဘယ်လောက်ထိ ယုံကြည့်လို့ရမလဲ တွေးတောမိနေတယ်။

လုလျန့်ဝေက သူမအစ်ကို ဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းမိတာကြောင့် ငူမအစ်ကိုဆီကို လျှောက်သွားလိုက်ပြီး သူမရဲ့ လည်တိုင်လေးကို ပြရင်း ပြောလိုက်တယ်။

" ညီမလေး သေလုနီးပါးအထိ ဖြစ်ခဲ့ပြီးမှဘယ်လောက်ထိ ခေါင်းမာခဲ့လဲဆိုတာ သိလိုက်ပြီ"

လုထင်ချန်က ညီမဖြစ်သူရဲ့ ပေါ့ပေါ့ပါးပါးစကားကိုနားထောင်ပြီး သူအကြည့်က သူမလည်ပင်းက နီရဲနေတဲ့ ပွန်းပဲ့ရာကို ကြည့်လိုက်ပြီး လက်သီးနှစ်ဖက်လုံး ဆုပ်ကိုင်မိလိုက်တယ်။

"မိုက်မဲတဲ့ကလေးမ၊ နင်တကယ့်ကို မိုက်ရူးရဲဆန်ခဲ့တာပဲ" လုထင်ချန်လည်း ဒေါသထွက်ပြီး ထပြန်လို့သွားပါတော့တယ်။

အစ်ကိုဖြစ်သူက ဒေါသတကြီး ထထွက်သွားပေမဲ့ လုလျန့်ဝေ ရင်ထဲမှာ နွေးထွေးမှုကို ခံစားမိလိုက်တယ်။ သူမအကိုက ဒေါသထွက်ခက်ထန်နေတဲ့ပုံပေါ်ပေမယ့် သူမကို မုန်းတီးနေပုံမပေါ်ပါဘူး။သူက စိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်းကို ဂရုစိုက်ပေးနေတာပါ။

လုထင်ချန်က သူမကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ သတင်းကြားတဲ့အချိန်တုန်းက သေချာပေါက် အဆောင်ကို အပြေးလာခဲ့တယ်ဆိုတာ ခန့်မှန်းမိခဲ့တယ်။

ခုနလေးက သူမဆည်းဆာနေရောင်အိမ်ဝန်းမှာ ရှိလို့နေတုန်းက သူမအကိုက စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားတုန်းဆိုတာကိုလည်း သတိထားမိတယ်။ ဒါကြောင့်ပဲ သူ အဝတ်တောင်မလဲနိုင်ဘဲ အပြေးအလွှားလာခဲ့တယ်ဆိုတာကို သိခဲ့တာပါ။အစ်ကိုက စကားကောင်းကောင်းမပြောပေမယ့် သူမကို တကယ်ဂရုစိုက်တယ်ဆိုတာ သူမသိပါတယ်။

ဦးရီးတော်ဧကရာဇ်ရဲ့ အသည်းအသက်လေး အဖြစ် ကူးပြောင်းလာတယ်Where stories live. Discover now