Chapter 19 +20

116 10 0
                                    


Chapter - 19 : ထက်မြတ်တဲ့ အမျိုးသမီးကြီးFebruary 04, 2024


သူမငယ်ရွယ်စဥ်တုန်းက မြို့စားက​တော်​ဟောင်းကြီးက သူမခင်ပွန်းနဲ့ အတူ စစ်ပွဲဖြစ်ပွားရာ​ဒေသ​တွေဆီ အတူလိုက်​လေ့ရှိပြီး အထင်ကရ ​ကျော်​စောတဲ့ အကျိုးရလဒ်​တွေကို သယ်​ဆောင်လာ​လေ့ရှိတယ်။ဒါ့​ကြောင့် အသက်ကြီးရင့်လာပြီဖြစ်တဲ့ မြို့စားက​တော်​ဟောင်းကြီးဟာ အ​မျိုးသမီး​ခေါင်း​ဆောင်ကြီးအ​နေနဲ့ ​လေးစားခံရဆဲပင်။တိုင်းပြည်အတွင်းမှာ မြင့်မားတဲ့ ဂုဏ်ဒြပ်ကို လက်ကိုင်ထားသူဖြစ်​လေတယ်။

သူမရဲ့ တစ်ဦးတည်း​​သေး​မြေးမ​လေးက​တော့ လုလျန့်​ဝေပင်။သ​ဘောတရားအရဆိုရင်​တော့ သခင်မကြီးက သူမရဲ့​မြေးမ​လေးကိုအရမ်းပဲ ချစ်ခင်မြတ်နိုးလိမ့်မယ်​။လက်​တွေ့မှာ​တော့ ​ပြောင်းပြန်ကြီးပါ။ လုလျန့်​ဝေက သခင်မကြီးရဲ့ သ​ဘောကျခြင်းကို မခံရဘူး။တစ်ဖက်မှာ​တော့ အ​မျိုးသမီးရဲ့ အနှစ်သက်ဆုံးက လုယွင်ရှမ်းဆိုတဲ့ တရားမဝင်​မြေးမ​လေး။


တစ်ခါက လုလျန့်​ဝေက သူမအပြုအမူကို ​တော်​​​တော်​လေးမထိန်းသိမ်းနိုင်ဘူး။အမျိုးသမီးကြီးက လုလျန့်​ဝေအပြုအမူ​တွေကို ဥ​​​ပေက္ခာပြုဖိုင်ဖို့ ထန်းကျူး ဘုရား​ကျောင်းမှာ ဥပုသ်​စောင့်ကာ ဘုရားတရားသာလုပ်​နေခဲ့တယ်။သူမက လုယွင်ရှမ်း လက်ထပ်ပွဲကို​တောင် ပြန်မလာခဲ့ဘူး။ လုလျန့်​ဝေ နားမလည်တာက သခင်မကြီး လုယွင်ရှမ်းကို အရမ်းနှစ်သက်တယ်ဆို ဘာ​ကြောင့်များ လုယွင်ရှမ်းနဲ့ အိမ်​ရှေ့စံရဲ့ လက်ထပ်ပွဲကို မတက်ခဲ့တာလဲဆိုတာပဲ။ မ​သေမချာဖြစ်​နေတာ​တွေကို စဥ်းစားရင်း.လုလျန့်​​ဝေနဲ့ လုထင်ချန်ကအိမ်ပြန်လာတဲ့မြို့စားက​တော်​ဟောင်း ကြီးကို နှုတ်ဆက်ဖို့ ပင်မခန်းမ​ဆောင် ဂိ​တ်ပေါက်ဝဆီ သွားလိုက်တယ်။

သူတို့နှစ်​ယောက်​ရောက်တဲ့အချိန်မှာ ရထားလုံးကလည်း ​ရောက်ပြီး ရပ်လိုက်တယ်။ လုဟန်ထျန်းနဲ့ သခင်မကျန်းလည်း အမြန်​ရောက်လာတယ်။သခင်မကြီးက သူတို့ကို ခပ်တန်းတန်းသာ ဆက်ဆံမယ်ဆိုတာ သိ​ပေမယ့် အငယ်​တွေအ​တွေနဲ့ ​လောကဝတ်ပြုရမယ်ဆိုတာ သံသယဝင်စရာမလိုဘူး။စိတ်မပါ​ပေမယ့်လည်း လုလျန့်​ဝေ​ကော လုထင်ချန်နဲ့အတူ ​ခေါင်းငုံ့နှုတ်ဆက်ရတယ်။ရထားလုံးရဲ့ တံခါးပွင့်လာပြီး ကြက်​သွေး​ရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဆံပင်တစ်ချို့ဖြူ​နေတဲ့ အမျိုးသမီးတစ်​ယောက်ထွက်​ပေါ်လာတယ်။မျက်နှာထားက တည်ငြိမ်​နေပေမယ့် သူမကလုဟန်ထျန်းနဲ့ တခြားသူ​တွေကို အပြုံး​ဖျော့​ဖျော့​လေးနဲ့ နှုတ်ဆက်လိုက်တယ်။မြို့စားက​တော်​ဟောင်းကြီးက ဒီနှစ်ဆို အသက်ခုနှစ်ဆယ်ပင်ရှိပြီ။သူမဆံပင်​တွေမှာ အဖြူနဲ့မီးခိုး​ရောင်တို့ ကွက်တိကွက်ကြားဖြစ်​နေ​ပေမယ့်လည်း သန်စွမ်း​နေတုန်းပင်။သူမ အသက်အရွယ်ရွယ်တူ​တွေထက်စာရင် ပါး​ရေတွန့်တာ​လေးတွေရှိ​ပေမယ့် သူမအသားအ​ရေက အစက်အ​ပြောက်ကင်းကာ သန်တုန်းမြန်တုန်းပင်။သူမျက်လုံး​တွေက စူးရှကာ မာန်အပြည့်နဲ့ဖြစ်ပြီး အထက်စီးဆန်တဲ့ ဟိတ်ဟန်ရှိတယ်။ထက်မြက်ကာ ဟိတ်ဟန်ကြီးတဲ့ အမျိုးသမီးကြီးတစ်​ယောက်ဆိုတဲ့သက်​​သေပါ။သူမရဲ့ ထူးကဲထက်မြက်တဲ့ စိတ်အရဆိုရင် အသက်ခုနှစ်ဆယ်လို့ ထင်စရာမရှိပါ။

ဦးရီးတော်ဧကရာဇ်ရဲ့ အသည်းအသက်လေး အဖြစ် ကူးပြောင်းလာတယ်Where stories live. Discover now