Part 24⚠⚠

43.9K 319 3
                                        

Uni code

ခတ္တာတို့ပြန်လာလိုက်ကြပြီးရှိန်ကကားပေါ်ဝယ်ခတ္တာရဲ့လက်လေးကိုလက်တစ်ဖက်နဲ့ဆုပ်ကိုင်ထားပြီး နောက်လက်တစ်ဖက်က ကားစီယာတိုင်ကိုကိုင်ထားသည် ခတ္တာကအသားလတ်တဲ့သူမျိုးဆိုတော့ရှိန့်ရဲ့ဖြူဝင်းလှတဲ့အသားအရောင်ကိုထိုးဖောက်နိုင်ခြင်းအလျဉ်းမရှိပါ ခတ္တာလက်ကိုဆုပ်ကိုင်ထားတဲ့ဖြူဝင်းလှတဲ့လက်တစ်စုံကိုမနာလိုမှုနဲ့အတူကြည့်မိသား...

"ဘာလို့ဆူပုပ်နေတာ မာမီကိုသဘောမကျလို့လား"

"မဟုတ်ပါဘူးကိုကိုကလည်း မာမီကဒီလောက်သဘောကောင်းတာကို"

"ဒါဆိုဘာလို့ဆူပုပ်နေရတာ"

*ဟူးး*ခတ္တာသက်ပြင်းခပ်သဲ့သဲ့လေးချလိုက်ပြီး...

"ဒီမှာလေ လက်အသားအရောင်ကွဲလွဲနေတာကြီးကို"

သူဆုပ်ကိုင်ထားတဲ့လက်တစ်စုံကိုသူ့ရှေ့ထိုးပြကာနှုတ်ခမ်းတစ်ဆူဆူနဲ့ပြောနေတဲ့သူ့အသဲအသက်လေးပါ ဒီချစ်စရာကောင်မလေးကိုသူတကယ်ကိုအပိုင်လိုချင်လှပြီ...

"အဟက်...ဘာများလဲလို့အသဲတုန်းလေးရယ်"

"မရီနဲ့လေ ကိုကိုရ!"

မျက်မှောင်လေးကျုံ့ပြီးပြောနေတဲ့ဒီချစ်စရာကောင်မလေးကိုသူအသည်းယားလွန်းတာကြောင့်ကားကိုလမ်းဘေး‌တွင်ထိုးရပ်လိုက်ကာ သူ့ရဲ့ seat belt ကိုဖြုတ်လိုက်ပြီးသူမလေးအပေါ်အုပ်မိုးလိုက်သည်...

မျက်နှာလေးတွေနီရဲနေပြီးမျက်လုံးလေးတွေပေကလပ် ပေကလပ်နဲ့အရမ်းချစ်စရာကောင်းလွန်းတာကြောင့်သူမလေးရဲ့ပါးဖောင်းဖောင်းလေးတွေကိုသူ့ရဲ့ချွန်တက်နေတဲ့နှာခေါင်းနှစ်မြုပ်သည်အထိမွှေးကြူလိုက်သည် စတော်ဘယ်ရီလူံးလေးဆီကရတဲ့စတော်ဘယ်ရီအနံ့သင်းသင်းလေးကိုသူအရမ်းသဘောကျရသည် ဒီအနံ့လေးကိုစွဲလမ်းစိတ်ကြောင့်သူ့စိတ်တွေအမြဲယောက်ယက်ခတ်ရသည်...

"အသားအရောင်ကအရေးကြီးလို့လား အသဲတုန်းလေးရဲ့ ကိုယ်ချစ်တာမင်းကိုလေ"

"ဒါပေမဲ့ခတ္တာမှာဒီအသားအရောင်ရှိနေတာကြီးကို"

"ဟောဗျာ...ခက်တော့နေပါပြီ အသဲတုန်းလေးကကိုယ့်ရဲ့စိတ်ကိုမသိဘူးလားဟင် ကိုယ့်ဘဝမှာဒီအရာတွေဘာမလိုအပ်ဘူး ဟော်ဒီနှလုံးသားလေးကခတ္တာလွင်‌ဆိုတဲ့ဒီချစ်စရာကောင်မလေးကိုပဲလိုအပ်တာ သိရဲ့လား"

💞ရင်ခုန်သံခေါ်ဆောင်ရာ💞Место, где живут истории. Откройте их для себя