Uni code
ခတ္တာတို့ဆေးရုံကနေဆင်းလာတော့ အကုန်လုံးကရှိန်နဲ့ခတ္တာတို့ရဲ့အိမ်မှာပြန်မနေခိုင်းကြပဲ ဖိုးနဲ့ဖွားတို့ရဲ့အိမ်ကိုသာခေါ်လာခဲ့ကြသည် ကလေးနည်းနည်းကြီးတော့မှပြောင်းတဲ့လေ အဲ့ဒါကြောင့်ခတ္တာတို့လည်းထိုအိမ်မှာသာနေဖို့ဆုံးဖြတ်လိုက်ကြလေသည်...
အိမ်ပေါက်ဝကိုရောက်တော့ခတ္တာရဲ့မောင်လေးဟာ ကိတ်လေးတစ်လုံးကိုယူလာပြီးခတ္တာတို့ရဲ့ရှေ့မှာရပ်နေကာ ကိတ်လေးပေါ်ကစာတန်းကိုကြည့်လိုက်တော့ 'Welcome to my babys' ဆိုသည့်စာလုံးလေးရေးထားတာမလို့ဒါဖိုးနဲ့ဖွားလက်ချက်ဆိုတာခတ္တာသဘောပေါက်လိုက်ရသည်...
ပြန်ရောက်တာနဲ့နားလိုက်ကြပြီးအိမ်ပေါ်သို့တက်ကာ ဘေဘီလေးကိုသိပ်နေရင်းခတ္တာပါအိပ်ပျော်သွားရတော့သည်...
ထွဋ်ရောင်ရှိန်ထူးအောက်မှာပစ္စည်းတွေယူရင်းအပေါ်သို့တက်လာပြီးအခန်းထဲဝင်လိုက်တော့ဘေဘီလေးရောသူ့မာမီပါအိပ်ပျော်နေတာမလို့ခြေသံလေးဖွပြီးအခန်းထဲသို့ ဝင်သွားရလေသည် သမီးလေးအိပ်နေတဲ့ပုံကခတ်လေးနဲ့တစ်ပုံစံတည်းမလို့ဝေးဝေးကနေ zoom ဆွဲပြီးပုံလေးရိုက်ယူလိုက်တယ် ဘေဘီလေးရဲ့ဘေးမှာ electronic ပစ္စည်းတွေမထားချင်တာကြောင့်ဖုန်းသုံးရင်တောင်ဝေးဝေးကနေသုံးသည်...
ရှိန်ဟာတစ်နေ့တစ်နေ့သူ့သမီးနဲ့ပဲအလုပ်ရှုပ်နေပြီး သမီးလေးကလည်းသူ့ဒယ်ဒီကိုကြည့်ကာစကားတွေပါးစပ်တွေပြင်ပြီးစကားတွေပြောနေလေသည်...
"ဘေဘီလေးက ဒယ်ဒယ်ကိုဘာတွေပြောနေတာလဲ"
"အာဂူဂူရား..ခစ် ခစ်ခစ်"
ဒီသားအဖတွေကိုကြည့်ကာသူမမှာအချစ်တွေပိုရပြန်သည် တကယ်ကိုလိုက်လည်းလိူက်တဲ့သားအဖတွေပင်ဖြစ်သည်...
"ကိုကို အောက်မှာဖိုးရယ် ခေါ်နေတယ်"
"ဪ..ဟုတ်လား ကိုယ်အခုလာခဲ့မယ်နော်"
သမီးလေးကိုကောက်ချီလိုက်ပြီးအောက်ထပ်ကိုဆင်းလာတော့အောက်မှာလူတွေအားလူံးစုံနေလေသည်...
"လူစုံတက်စုံပါ့လား"
"ဟုတ်တယ် ဒယ်ဒီခေါ်ထားလိုက်တာ မြေးမလေးကိုနာမည်ရွေးပေးဖို့လေ"

ESTÁS LEYENDO
💞ရင်ခုန်သံခေါ်ဆောင်ရာ💞
Romanceအသက်အရွယ်နဲ့မလိုက်အောင်တည်ငြိမ်ရင့်ကျက်လွန်းတဲ့သူနာပြုမလေးခတ္တာလွင်နဲ့အဖိုးအတွက်ခေါ်ထားတဲ့ special nurse မလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့သူဌေးသားလေးထွဋ်ရောင်ရှိန်တို့ကြားကအချစ်ဘယ်လိုပေါက်ဖွားလာမလဲဆိုတဲ့အကြောင်းအရာလေးကိုဖတ်ရှုလိုက်ရအောင်ပါနော်... #...