9 0 0
                                    

နိုင်ငံခြားသွားတဲ့အခါ
ဆိုက်ရောက်နိုင်ငံလေဆိပ်မှာ
ဖြတ်ကျော်ရမယ့် အဆင့် (၄) ဆင့် ✈️ 🧳

အရင် တစ်ပို့စ်မှာ နိုင်ငံခြားသွားမယ့်သူတွေအတွက် ရန်ကုန်လေဆိပ်မှာ ဖြတ်ကျော်ရမယ့်အဆင့်ဆင့်ကို ပြောပြဖူးပါတယ်။ ဒီတစ်ခါမှာတော့ တစ်ဖက်လေဆိပ်ကို လေယာဉ်ဆိုက်ကပ်တဲ့အခါ ဖြတ်ကျော်ရမယ့်အဆင့်တွေကို ပြောပြပေးပါမယ်။

တစ်ဖက်လေဆိပ်ရောက်ရင် ဘာမှသိပ်ထွေထွေထူးထူးအဆင့်တွေ မရှိတော့ပါဘူး။
1. Arrival ကိုရှာ
2. Immigration ဖြတ်
3. အိတ်ရွေး (Buggage Claim)
4. အပြင်ထွက်လိုက်ရုံပါပဲ

Step 1 - Arrival Hall ဆီရောက်အောင်သွားပါ

✈️✈️✈️✈️✈️✈️✈️✈️✈️✈️

အရင်ဆုံး Arrival Hall ကို သွားရပါမယ်။
အပေါ်မှာလမ်းညွှန်ထားတဲ့ဆိုင်းဘုတ်အတိုင်းသွားလို့ရပါတယ်။ Arrivals ဆိုတဲ့စာလုံးနဲ့ လမ်းညွှန်ထားတဲ့အတိုင်းသာသွားပါ။

Transfer Desk တို့ Connecting Flights တို့ဆိုတာကတော့ တခြားနိုင်ငံကို လေယာဉ်နဲ့ဆက်သွားမယ့်သူတွေ သွားရမယ့်နေရာပါ။ ဒီနိုင်ငံထဲပဲ ဝင်မယ်ဆိုရင် Arrivals လို့ညွှန်ထားတဲ့အတိုင်းသာ သွားပါ။

Step 2- Immigration ကိုဖြတ်ပါ။

👮‍♂️👮‍♂️👮‍♂️👮‍♂️👮‍♂️👮‍♂️👮‍♂️👮‍♂️👮‍♂️👮‍♂️

Arrivals လမ်းညွှန်အဆုံးမှာ
Immigration ကောင်တာတွေဆီရောက်ပါမယ်။ Immigration မှာက ကောင်တာတစ်ခုကို တစ်ယောက်ချင်းစီ ဖြတ်ရတဲ့အတွက် တန်းစီရပါမယ်။ အဲဒီနေရာမှာ ဓာတ်ပုံ၊ Video ရိုက်လို့ မရပါဘူး။

Immigration ကောင်တာဖြတ်တဲ့အခါ ဒီ အရာတွေကိုတောင်းကြည့်တတ်လို့ လက်မှာအသင့်ကိုင်ထားပေးပါ။
- Passport စာအုပ်
- Boarding Pass (စီးလာခဲ့တဲ့လေယာဉ်ရဲ့ Boarding Pass ဖြတ်ပိုင်း)
- Arrival Form ပေးထားရင် ဖောင်ဖြည့်ထားပါ။ (ထိုင်းမှာတော့ Arrival Form ဖြည့်စရာမလိုတော့ပါဘူး။ တချို့နိုင်ငံတွေမှာတော့ လိုပါသေးတယ်)
- COVID Form ပေးထားရင် ကိုဗစ်ဖောင်ဖြည့်ထားပါ။ (ထိုင်းမှာတော့ Covid Form ဖြည့်စရာမလိုတော့ပါဘူး။ တချို့နိုင်ငံတွေမှာတော့ လိုပါသေးတယ်)
- အပြန်လေယာဉ်လက်မှတ်ရှိရင် အပြန်လက်မှတ်
- Hotel Booking တင်ထားတာရှိရင် ဟိုတယ်ဘိုကင်စာရွက်
- ဟိုတယ်မှာမတည်းရင် ကိုယ်တည်းမယ့်နေရာရဲ့ လိပ်စာ
- ဒီနိုင်ငံကနေ ကိုယ့်ကို ဖိတ်ခေါ်စာ Invitation Letter ရှိရင် Invitation Letter

အတောင်ပံဖြန့်ချိန်Where stories live. Discover now