3 0 0
                                    

လေဆိပ်သွားရင် မျက်စိမလည်ဖို့ 📝

နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်၊ ကျွန်တော်တို့လို ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ

၁။ Check-in Counter သွားမယ်

အရင်ဆုံး ကိုယ့်လေယာဥ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဥ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဥ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဥ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။  (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)

၂။ Immigration ဖြတ်မယ်

Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဥ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။

You've reached the end of published parts.

⏰ Last updated: Feb 24 ⏰

Add this story to your Library to get notified about new parts!

အတောင်ပံဖြန့်ချိန်Where stories live. Discover now