Chapter 32

1.1K 222 5
                                    

    
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ရက်သတ္တပတ်ကုန်ဆုံးသွားပြန်လေပြီ။
    
စူးယိရန်၏ ယိထင်အချိုပွဲဆိုင်က ပို၍ ပို၍ နာမည်ရပြီးရောင်းအားကောင်းလာသည်။ အကန့်အသတ်ဖြင့်ရောင်းချသည့် ကျန်းကျန်းပေါင်း(Dirty Chocolate Bun)ကို ထုတ်ဝေဖြန့်ဖြူးပြီးသည့်နောက် Dirty Cakes, Dirty Ice Sluch နှင့် Dirty Milk Tea တို့ကို အောင်အောင်မြင်မြင်ထုတ်ဝေနိုင်ခဲ့သည်။ကျန်းကျန်းစီးရီး(Dirty series)၏ ထိုထုတ်ကုန်အသစ်သုံးခု ထွက်လာသည်နှင့် အွန်လိုင်းမှာရော အော့ဖ်လိုင်းမှာပါ စိတ်အားထက်သန်သော တုံ့ပြန်မှုများကို ရရှိခဲ့လေသည်။

ကျန်းကျန်းစီးရီး(Dirty series)များအပြင် စူးယိရန်၏ ပထမဆုံးသောအထူးအချိုပွဲများဖြစ်သည့် ပဲနို့ကြက်ဥပေါင်းကဲ့သို့သော အချိုပွဲများမှာလည်း ကျယ်ကျယ်ပြန့်ပြန်သဘောကျခြင်းခံရကာ ဤအချိုပွဲဆိုင်ရှိ အခြားနာမည်ကြီးအချိုပွဲများမှာလည်း တစ်ညီတညွတ်တည်းချီးမွှမ်းခံရလေသည်။လာမြည်းကြည့်ကြသော ဧည့်သည်အများစုမှာလည်း ထပ်ခါထပ်ခါလာတတ်သော ဖောက်သည်များဖြစ်သွားတတ်ကြပေ၏။
    
ဒါပေါ့ ဟော့ထ်ဖြစ်နေသည့်အချိန်မှာ သဘောထားကွဲလွဲသည့်အသံများလည်း ရှိတတ်ပေသည်။အထူးသဖြင့် နက်ဝါ့ခ်အလွှာတစ်ခုပိုင်းခြားထားသော အင်တာနက်ပေါ်မှာဖြစ်၏။ယိထင်အချိုပွဲ၊ ကျန်းကျန်းစီးရီး(Dirty Series)များနှင့် စူးယိရန်ကိုယ်တိုင်၌ ဖန်တွေနှင့် အာရုံစိုက်မှုတွေပိုရလာလေ အပျက်သဘောဆောင်သည့်အသံတွေ ပိုတိုးပွားလာလေပင်။
    
အချိုပွဲက hype ဖြစ်နေတာနှင့်ပတ်သက်ပြီး ကောလဟာလတွေလည်း ရှိသေးသည်။၎င်းက အထိုက်အလျောက်မှန်ကန်ပေမဲ့ အစောပိုင်းအဆင့်မှာသာ  သင့်လျော်သောဈေးကွက်ချဲ့ထွင်မှုရှိခဲ့တာဟု ဆိုကြသည်။
    
"ယိထင်"အား အင်တာနက်ပေါ်မှာ ချီးမွှမ်းနေသူများဟာ ရေတပ်များ ဖြစ်ကြပြီး ယခင်တစ်ခေါက် ကျန်းကျန်းပေါင်းမြည်းစမ်းပွဲကိုလာရောက်သူ Big V အကောင့် များဟာလည်း ယိထင်အချိုပွဲဆိုင်က ပိုက်ဆံဖြင့် ဝယ်ထားခြင်းဖြစ်သည်ဟု ပြောကြကာ ယိထင်၏ နာမည်ကြီးမှုကနေ ပိုက်ဆံတွေပြောင်ကုန်ဖို့ထိ စောင့်နေကြောင်း ပြောထားကြလေသည်။
    
ထိုမှတ်ချက်စကားက Big V အကောင့်ပိုင်ရှင် အစားအသောက်မြည်းစမ်းသူများအား ချက်ချင်းပင်တုံ့ပြန်လာစေကြကာ ထိုကိစ္စကြောင့်ပင် အင်တာနက်ပေါ်၌ နှစ်ကြိမ်တိုင်တိုင် ဟိုဘက်သည်ဘက်ပွဲဖြစ်ခဲ့လေသည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now