Description

3.1K 132 8
                                    

Unicode

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

Description

     
ကျန်းထျန် ဖုတ်ကောင်တွေအဝိုင်းခံရပြီး သေသွားခဲ့ပြီ ဖြစ်သည်။ 

       
ကျန်းထျန် မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ ကမ္ဘာမပျက်ခင်က သူမဖတ်ခဲ့သော စာအုပ်တစ်အုပ်ထဲ သူမ ကူးပြောင်းရောက်ရှိသွားသည်ဖြစ်ကြောင်း  သဘောပေါက်လိုက်သည်။

        
ယခုခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ အိမ်ထောင်ပြုပြီးဖြစ်သည်။ သူမ၏ခင်ပွန်းမှာ နိုင်ငံကို ကာကွယ်ပေးသော စစ်သားတစ်ယောက်ဖြစ်သည်။ သို့ပေမယ့် စစ်ဆင်ရေးတစ်ခုတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း သူ၏ခြေထောက်များကို အသုံးပြုရအဆင်မပြေတော့၊ အိပ်ရာထဲတွင် နားနေရပြီး သူ့ကို ဂရုစိုက်ပေးရန် လူတစ်ဦး အမြဲလိုအပ်သည် ဖြစ်သည်။ မူလပိုင်ရှင်က ငွေများယူပြီး ခင်ပွန်းကို ထားခဲ့ခြင်းဖြစ်သည်။

             
ကျန်းထျန် ယခုခန္ဓာကိုယ်သို့ ကူးပြောင်းရောက်ရှိလာချိန်တွင် သူမ၏လက်ထဲတွင် ငွေများနှင့် ဘူတာရုံသို့ သွားမည့်လမ်းတွင် ဖြစ်သည်။

           
ကျန်းထျန် အိမ်အပြန်လမ်းတွင် အသားများဝယ်ခဲ့သည်မှာ ၂တုံးမှ ၄တုံး ၊ ၄တုံးမှ ၈တုံး ဖြစ်လာခဲ့သည်။ တစ်လမ်းလုံး အတွေးထဲ ဝက်သားနှပ်အကြောင်း စဥ်းစားလာခြင်းဖြစ်သည်။

              
သူမအိမ်ထဲ ဝင်လာသောအခါ ခြံထဲတွင် ကြည့်ကောင်းသောအမျိုးသားတစ်ယောက်၊ ဦးလေးနှင့် ယောင်းမ သုန်မှုန်ပြီး စောင့်နေသည်ကိုတွေ့လိုက်ရသည်။

             
ကျန်းထျန် သူမလက်မှ အသားကို ကမ်းပေးလိုက်ပြီး "ရှင်တို့စားကြမလား"ဟု မေးလိုက်သည်။

              
အမျိုးသားက သူမကို မျက်မှောင်ကြုတ်ကြည့်ပြီး ပါးစပ်ဖွင့်လာကာ"စား?"ဟု ပြောလာခဲ့သည်။

.......

ကျန်းထျန်ကို စတွေ့စဥ်ကတည်းကပင် သူမက မူလခန္ဓာကိုယ်ပိုင်ရှင် မဟုတ်ကြောင်း ကုလျန်ရွှမ်သိခဲ့သည်ဖြစ်သည်။

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး (ဘာသာပြန်)Where stories live. Discover now