1

1.2K 102 0
                                    

Unicode

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

အပိုင်း ၁


"ဝူး-"ကုချန်းရွှမ် မြည်းလှည်းကို လမ်းဘေး ရပ်လိုက်ပြီး ခုန်ဆင်းလိုက်သည်။ ပြီးတော့ အပင်ကြီးမှာ ဇက်ကြိုးကို ချည်လိုက်သည်။ အဲ့ဒီနောက် နောက်ကလူတွေကို ပြောလိုက်သည်။"လူတိုင်း ပစ္စည်းတွေဝယ်ဖို့ မြန်မြန် လုပ်ကြ, အချိန်ရောက်လာတာ မစောင့်ကြနဲ့!"


ကျန်းထျန် သတိမေ့နေသည်။ သူမ သတိရလာပြီး ဒီစကားကို ကြားလိုက်သည့်အခါ သူမ လန့်သွားသည်။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူမ နဲ့မသက်ဆိုင်သော မှတ်ဥာဏ်တစ်ခု အတွေးထဲ ပေါ်လာခဲ့သည်။


[မူလဝိညာဥ်က စနစ်နဲ့ လဲလှယ်ခဲ့သည်။ ကမ္ဘာငယ်လေးမှာ လစ်လပ်နေသောနေရာ ဖြည့်စွက်ရန်အတွက် [ကျန်းထျန်]အား အထူးတလည် ဖိတ်ခေါ်ခဲ့သည်။ တောင်းပန်ခြင်းအနေနှင့် [ကျန်းထျန်]အား စွမ်းအားပြန်ရရန် ခွင့်ပြုခဲ့သည်။ [ကျန်းထျန် မူလဝိညာဥ်ခန္ဓာကိုယ်နေရာ ဝင်ယူနိုင်ပြီး ဒီကမ္ဘာမှာ နေနိုင်ရန်...]ကျွန်တော်မျှော်လင့်မိပါသည်။


ကျန်းထျန် ခေါင်းမူးသွားပြီး စိတ်ရှုပ်ထွေးသွားသည်။


"ရွှမ်ရဲ့ဇနီး၊ သမီး ဘာလို့ ဒီမှာ ရှိနေသေးတာလဲ? " ကုချန်းရွှမ် ဇက်ကြိုးတွေကို ချည်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျန်းထျန်တစ်ယောက်တည်းသာ ကျန်နေကြောင်း တွေ့လိုက်ရသည်။


ကျန်းထျန် အသိပြန်ဝင်လာပြီး မူလပိုင်ရှင်၏ မှတ်ဉာဏ်မှ ထိုလူ၏နာမည်ကို သိလိုက်သည်။ "ဦးလေးချန်းရွှမ်၊ သမီးအခုဆင်းပါပြီ!" သူမ လှည်းပေါ်က ခုန်ဆင်းလိုက်သည်။ အရိုက်ခံထားရသကဲ့သို့ သူမတစ်ကိုယ်လုံး မသက်မသာ ခံစားနေရသည်။


မူလမှတ်ဉာဏ်နောက်လိုက်ပြီး ကျန်းထျန် အမှတ်ရုံသို့ သွားဖို့ ရွေးချယ်လိုက်သည်။


ကုချန်းရွှမ် ကျန်းထျန်နောက်ကျောကိုကြည့်ပြီး ခေါင်းသာခါနိုင်တော့သည်။ သူမ မိသားစုက မြို့ကဖြစ်သော်လည်း ဒီချွေးမလေးက အလွန်ပျော့ညံ့သည်ဖြစ်သည်။

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး (ဘာသာပြန်)Where stories live. Discover now