5

482 66 1
                                    

Unicode

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားသော ဇနီးလေး

အပိုင်း ၅

                  
"မင်းပြောချင်ရာ ပြောလို့ရတယ်။ စျေးကိုတော့ တစ်ယောက်တည်းမသွားနဲ့။ အမေနဲ့ တတိယမြောက်ညီ အားတာစောင့်ပြီး သူတို့နဲ့သွား"

ကုလျန်ရွှမ် ခဏမျှ စဥ်းစား​ပြီး သတိပေးလိုက်သည်။     ယခုချိန်တွင် အရာအားလုံး ရှုပ်ယှက်ခက်နေသည်။ ကျေးလက်က မြို့ပြထပ် ပိုအဆင်ပြေသည်။

                      
ကုလျ​န်ရွှမ်၏ လေးနက်သော မျက်လုံးများကို ကြည့်ရင်း ကျန်းထျန် ခေါင်းငြိမ့်လိုက်သည်။ "အိုး...အဲ့လိုလုပ်ပါမယ်"
                       

သူမစွမ်းအားမှာ စနစ်မှ ရလာသည်ဖြစ်၍ သုံးနည်းကို သူမ သေချာစွာ စမ်းမကြည့်ရသေးပါ။  လူမြင်မှာ စိုးရိမ်ရသည်လည်း ရှိသေးသည်။

                    
၆ခုမြောက် ထုတ်လုပ်ရေးအဖွဲ့ အလုပ်လုပ်သော လယ်မှာ အနောက်အရပ်တွင် ဖြစ်သည်။

နေမဝင်သေး၍ လယ်ထဲမှ အဖွဲ့သားများ ကုန်းကွကာ အလုပ်ကြိုးစားနေကြသည်။   
                             

ရွှီကျင်းဖန် သူမချွေးများကို သုတ်ဖို့ လက်ကိုမြှောက်ရင်း အမျိုးသား အလုပ်သမားများ အလုပ်လုပ်ရာဘက်ခြမ်းကြည့်လိုက်ရာ အိမ်သွားရာလမ်းမှ အမြန်ပြေးလာသော တတိယမြောက်သား ကုလျန်ရုန်ကို တွေ့လိုက်သည်။
                

ရွှီကျင်းဖန် မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ အိမ်မှာ တခုခုဖြစ်လို့များလား?

လျန်မင်က တတိယ​မြောက်သားကို ဘယ်အချိန်က ခေါ်လိုက်တာလဲ? သူမကို ဘာလို့ မရှာတာလဲ?

                               
ရွှီကျင်းဖန် လယ်အလုပ်များကို သတိလက်လွတ် ဆက်လုပ်နေသည်။ အလုပ်ဆင်းဝစီသံ ကြားတော့ သူမ လမ်းမပေါ် ခုန်တက်လိုက်ပြီး အိမ်သို့အမြန်ပြေးသွားလိုက်သည်။

                               
ကုလျန်ရုန် ရွှီကျင်းဖန်ကို ပြောပြရန် လွှတ်လိုက်သော ကုရှန်းလီမှာ ရွှီကျင်းဖန်ကို မတွေ့လိုက်ပေ။ ကုရှန်းလီ အံ့အားသင့်စွာ သူ့ခေါင်းကိုသာ ကုတ်နေမိသည်။ သူ ရွှီအဒေါ် အလုပ်လုပ်သောနေရာကို သေချာမှတ်မိပါသည်။ အဒေါ် ဘယ်ပျောက်သွားသည်လဲ?

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး (ဘာသာပြန်)Where stories live. Discover now