Chapter 33

1.3K 255 6
                                    


စူးယိရန်ကပြောလိုက်သည်။

"ဝေ့ဟွာမှာ လူဒီလောက်များတာ မင်းသူငယ်ချင်းက ထင်ကောကိုမသိတာ ပုံမှန်ပါပဲ။ ပြီးတော့ ထင်ကောကို ခုတလော နိုင်ငံခြားကိုလွှတ်ထားတာလေ"

ဝေ့ဟွာဘဏ္ဍာရေးက ကုမ္ပဏီကြီးတစ်ခုဖြစ်၏။ ကုမ္ပဏီမှာ လူအလွန်များကာ သက်ဆိုင်ရာ ဋ္ဌာနခွဲများ၌ လုပ်ကိုင်ရပြီး သာမန်ချိန်မျိုးဆို တစ်ယောက်နှင့်တစ်ယောက် ကူးလူးဆက်ဆံချိန်ပင်မရှိချေ။

ထို့ပြင် ကုယွမ်းထင်ကလည်း ကုမ္ပဏီမှာ ခုမှ တရားဝင်လုပ်ခါစဖြစ်ကာ ထပ်မံစေလွှတ်ခံရချိန်ဖြစ်တာမို့ ဟန်ကျီခွင်း၏ သူငယ်ချင်းဟာ ထင်ကောအား ကုမ္ပဏီမှာ သတိမထားမိခြင်း ဖြစ်လိမ့်မည်။ သူကတော့ ဒါကိုအတော်လေးပုံမှန်ဖြစ်သည်ဟုပင် တွေးသည်။

သူမတွေးမိတာကတော့ ဟန်ကျီခွင်းဟာ စုံစမ်းဖို့ရာ သူ့သူငယ်ချင်းအား ကုမ္ပဏီတစ်ခုလုံး၏ တာဝန်ကျစာရင်းကိုတောင်ရှာခိုင်းခဲ့သည်ဆိုတာပင်။

စူးယိရန်၏ စကားကိုကြားတော့ ဟန်ကျီခွင်းနှုတ်ခမ်းထောင့်ကအပြုံးက ပိုကျယ်ပြန့်လာကာ ပဟေဋ္ဌိဖြစ်သွားသလို ဟန်ဆောင်လိုက်ရင်း

"တကယ်လား။ဒါပေမဲ့ ငါ့သူငယ်ချင်းပြောတာတော့ ဝေ့ဟွာဘဏ္ဍာရေးက လတ်တလောမှာ နိုင်ငံခြားကိုစေလွှတ်ရမဲ့ activities မျိုး မရှိသေးဘူးတဲ့"

စူးယိရန်၏ ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ရင်း ဟန်ကျီခွင်းမှာ အူမြူးနေလေသည်။

အလယ်တန်းတုန်းက သူဟာ အတန်းထဲမှာ လေလိုတည်ရှိမှုမျိုးဖြစ်ကာ မည်သူကမျှ သတိမထားမိခဲ့ကြ။ သူနှင့်ဆန့်ကျင်ဘက်ကတော့ အတန်းထဲရှိ စူးယိရန်နှင့် ကုယွမ်းထင်ပင်ဖြစ်လေသည်။

ထိုနှစ်ယောက်ဟာ သဘာဝတရားအလျောက် အကျော်ဇေယျခန္ဓာကိုယ်ပိုင်ရှင်များအလားဖြစ်နေကာ တောက်ပလက်ဖြာ၍ ရောင်ဝါတွေထုတ်လွှင့်နေခဲ့ပေသည်။

သူ စူးယိရန်ကို ခလုတ်ကန်သင်းအနည်းငယ်လေးထားကာ အောင်မြင်ခြင်းမရှိသေးခင်မှာပင် ကုယွမ်းထင်က တစ်စုံတစ်ယောက်ကိုခိုင်း၍ သူ့ကို လမ်းကြားထဲခေါ်သွားကာ သင်ခန်းစာပေးတော့သည်။ ကုယွမ်းထင်ဟာ လမ်းမီးရောင်အောက်မှာရပ်၍ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး သည်ဘက်သို့ သာမန်ကာလျှံကာလှမ်းကြည့်နေပုံက လမ်းမထက်ကအမှိုက်အိတ်ကိုကြည့်နေခဲ့သည့်အလားပင်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now