Chapter 4_U

3K 309 18
                                    

"ယောက်ျားလေး အချင်းချင်းပဲကို ဘာမှလည်းဖြစ်ထားကြတဲ့ပုံမပေါ်တာကို ဒေါ်သင်းယုက ဘာကိုဇာချဲ့နေမှန်းမသိဘူး"

"ဟုတ်ပါ့ သူ့တူပျောက်လို့ဆိုပြီး ရပ်ကွက်လူကြီးတွေရော၊ တခြားရပ်မိရပ်ဖတွေရော လိုက်ခေါ်ပြီး ပြဿနာကို မကြီးကြီးအောင်လုပ်ပြီး သူ့တူကို ရှာခိုင်းနေတာ ... သူ့တူကဖြင့် မိန်းကလေးလည်းမဟုတ်"

"ဒါနဲ့ ခွန်ဒီမိုနဲ့ ချမ်းဝေက ဘာတွေလဲ ... အခြောက်တွေလား ... အဝတ်အစားတွေမပါဘဲ ဖက်အိပ်နေကြတာလေ"

"ဟုတ်တော့မဟုတ်လောက်ပါဘူး ... ခွန်ဒီမိုကလည်း တခုလပ် သားတစ်ယောက်နဲ့ ... ပြီးတော့ သူတို့နှစ်ယောက်က ရင်းနှီးကြတဲ့ပုံလည်းမပေါ်ပါဘူး"

"အေးလေ ခွန်ဒီမိုက သူ့မယားဟောင်းကိုတောင် ခဏ ခဏ သွားခေါ်နေတာမလား "

"ဟဲ့ ညည်းတို့တွေ အပုန်းဆိုတာကြားဖူးကြတယ်မလား ... ခွန်ဒီမိုက ပုန်းနေလို့များလားမှမသိတာ ... ကေသီဦးက သူ့ယောက်ျားအကြောင်းသိသွားလို့ ခွန်ဒီမို ဘယ်လောက်သွားခေါ်ခေါ် မလိုက်လာတာဖြစ်လောက်တယ်"

"အေးဟဲ့ ဟုတ်လောက်မယ်"

"ညည်းတို့တွေ ညည်းတို့စိတ်ထင်တာတွေနဲ့ သူများသားသမီးကို စွပ်စွပ်စွဲစွဲအေ"

"စွပ်စွဲတာမဟုတ်ပါဘူးအေ ... ဒီလိုပဲ တွေးကြည့်ရတာပေါ့ ... ငါထင်ရင်လွဲခဲတယ်"

"မဟုတ်ရင်တော့ ထားပါတော့ ... ဟုတ်နေတယ်ဆိုရင်တော့ ဒုက္ခပါပဲနော် ... ဘုရားမကြိုက်နတ်မကြိုက် ဖောက်လွဲဖောက်ပြန်ဖြစ်နေကြတာ မျိုးတူအချင်းချင်း"

"ဟယ် အဲတာမျိုးက ကံပါရင်ရှောင်လို့မရဘူး ... သိတယ်မလား အခြောက်တွေဆိုတာ ... သူတို့က သနားဖို့တောင် ကောင်းသေးတာ ... ကျွတ် ... ကျွတ်"

"သူတို့နှစ်ယောက်က တကယ်ဆိုရင်တော့ ရေစက်တွေပေါ့ ... ဆုတောင်းမှားခဲ့တာမျိုးတွေလေ"

ရပ်ကွက်ထဲမှ အမျိုးသမီးအချို့က ဒေါ်မြင့်မြင့်နွယ်၏ဆိုင်ရှေ့တွင်ထိုင်ကာ ခွန်ဒီမိုနှင့် ချမ်းဝေတို့အကြောင်း တိုးတိုးတိတ်တိတ် ထင်ကြေးပေးဆွေးနွေးနေကြ၏။

လက်တွဲဖော်Where stories live. Discover now