Chapter 10_U

2.9K 336 25
                                    

"ချမ်းဝေ နားလိုက်ဦးလေ ... နေ့လည်စာအတွက် ကိုယ်မီးဖိုချောင်ဝင်လိုက်ဦးမယ်"

ခွန်ဒီမိုက အိပ်ပျော်နေသည့် သားငယ်ကို မွေ့ယာပေါ်သို့ တင်လိုက်ရင်း ချမ်းဝေအား လှမ်းပြောလိုက်သည်။

"ကျွန်တော်လည်း ကူမယ်လေ ကိုဒီမို ... နှစ်ယောက်လုပ်တော့ မြန်မြန်ပြီးတာပေါ့ ... ကျွန်တော် အဝတ်အစားတော့လဲ လိုက်ဦးမယ်"

ချမ်းဝေက ထိုသို့ဆိုကာ အဝတ်အစားလဲရန်ပြင်သည်။

သို့သော်လည်း ခွန်ဒီမိုက အခန်းအတွင်းရှိနေသေးတာကြောင့် ခွန်ဒီမိုရှေ့တွင် အဝတ်အစားလဲရန် ချမ်းဝေအနည်းငယ်တော့ ရှက်ကိုးရှက်ကန်းဖြစ်နေသလိုလိုပင်။

မည်မျှပင်ယောက်ျားချင်းဖြစ်နေပါစေ သူတို့နှစ်ဦးကား ယနေ့တွင် ရပ်ကွက်လူကြီးများရှေ့ လက်မှတ်ထိုးလက်ထပ်ခဲ့ကြသည့် အကြင်လင်ခင်ပွန်းနှစ်ယောက်မဟုတ်ပါလား။

သူတို့နှစ်ဦး၏အခြေအနေက သာမန်ယောက်ျားနှစ်ယောက်တည်ရှိနေသည့် အနေအထားမျိုးမဟုတ်သည့်အပြင် ချမ်းဝေ၏လိင်အမျိုးအစားအားတစ်ဖက်လူကသိရှိနေခြင်းကြောင့် ကိုဒီမိုရှေ့တွင် အဝတ်အစားလဲရန် ချမ်းဝေ စိတ်ထဲအနည်းငယ်ရှက်သလိုလိုခံစားရပါသည်။

ချမ်းဝေ၏အခြေအနေအား ရိပ်မိတာကြောင့် ခွန်ဒီမိုက အနည်းငယ်ပြုံးကာ အခန်းအတွင်းမှ အလိုက်တသိပင်ထွက်သွားပေးလိုက်သည်။

အခန်းအတွင်းမှ မထွက်သွားခင် ခွန်ဒီမိုကပြောလိုက်သေးသည်။

"ကိုယ့်ဘာသာ လုပ်လိုက်ပါမယ် ... အဝတ်အစားလဲပြီး နားနားနေနေသာနေ" ဟူ၏။

ယနေ့တွင် သူနှင့် ချမ်းဝေတို့ အကြင်လင်ခင်ပွန်းနှစ်ယောက်အဖြစ် ရပ်ကွက်လူကြီးများနှင့် ရပ်မိရပ်ဖအချို့၏ရှေ့တွင် လက်မှတ်ထိုးကာ လက်ထပ်ခဲ့ကြပြီးဖြစ်သည်။

လက်ထပ်စာချုပ်က ဤနိုင်ငံ၏ဥပဒေအရတရားမဝင်သော်ငြား အများသူငှာ၏ရှေ့တွင် သူတို့နှစ်ဦးလက်ထပ်ပြီးကြောင်း သက်သေအနေအဖြစ်သော်လည်းကောင်း၊ နှစ်ဦးသားအိမ်ထောင်ဘက်အဖြစ်စတင်ခြင်း အမှတ်တရအဖြစ်သော်လည်းကောင်း အရေးတယူ၊ တလေးတနက်ဖြင့် လက်မှတ်ထိုးခဲ့ကြပြီးဖြစ်သည်။

လက်တွဲဖော်Where stories live. Discover now