「 파트 - 1 」

480 36 0
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

⤷ 일 ∿

-" ငါးတွေကို သ​ဘောကျတာလား "

-" တကယ်တော့ .. စွဲလမ်းတာပါ။ ရောဂါလိုမျိုး "

-" စားရော စားလား "

-" အင်း "

-" ထူးဆန်းတယ် "

-" ဘာလို့လဲ။ ခင်ဗျားက .. ကျွန်တော် ငါးတွေကို တယုတယ စွဲလမ်းတယ်ဆိုတာနဲ့ပဲ မစားတော့ဘူးထင်လို့လား .. "

-" ခင်ဗျား စိတ်ထဲ ဘယ်လိုမှ မနေဘူးလား .. "

-" ဘယ်လိုမျိုးကို ပြောတာလဲ "

-" စားလိုက်မိလို့ ဝမ်းနည်းမှုကို ခံစားရတာပဲဖြစ်ဖြစ် ..။ အဲဒီလို တစ်ခုခု .. "

-" အဲဒါက ပြောရရင် .. အင်း .. တစ်နည်းနည်းနဲ့တော့ ခံစားရပါတယ်။ အရမ်းတော့ ဘယ်ဟုတ်မလဲ ..။ နည်းနည်းပေါ့ "

-" .... "

-" ကိုယ့်လက်နဲ့ ကိုယ်တိုင် သတ်တာမှ မဟုတ်ရင် လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းတယ်လို့ ထင်နေတတ်ကြတာပဲ .. "

-" ဒါဆို ခင်ဗျားကရော .. "

-" ကျွန်တော်လည်း လူပါပဲ "

• • •

လူတစ်ဦီးနဲ့ တစ်ဦး ပထမဆုံး စတင်တွေ့ဆုံရခြင်းတွေရဲ့ အစမှာ ဘယ်လိုနည်းနဲ့မှ ချွတ်ချော်လွဲမှားလို့ မရတဲ့ နာဗ့်ကြောမျှင်လေးတွေ ရှိတတ်တယ်လို့ ပြောကြတာကို ကြားခဲ့ဖူးတယ် ..။

အဲဒီနာဗ့်ကြောတွေဟာ အချိန် ဖြစ်တယ်။ နေရာ ဖြစ်တယ်။ အကြောင်းကိစ္စတွေလည်း ဖြစ်နိုင်တယ်။

တစ်ခါတရံ .. ကိုယ် ပြုခဲ့တဲ့ လုပ်ရပ်တွေ အပေါ်မှာလည်း မူတည်တယ်။

ကံတရားက အရာခပ်သိမ်းကို အစီအစဉ်တကျ တံဆိပ်ကပ်ထားပေးပြီးသားပဲ။ တစ်နေ့ ..။ ဘဝလမ်းသွယ် အချိုးအကွေ့ တစ်ခုမှာ ဒီလူတွေ ဆုံကို ဆုံကြရလိမ့်မယ် ..။

ဥပမာ ..

အကယ်၍ ' ကတ်ထရီနာ ( Kat Stratford ) ' သာ ပြောဆိုပေါင်းသင်းရခက်တဲ့ လူ့ဂွစာမိန်းကလေး မဟုတ်ခဲ့ရင် ..။

' ပတ်ထရစ် ( Patrick Verona ) ' ကသာ ငွေမလိုခဲ့ဘူးဆိုရင် ..။

တစ်ခုလေး လွဲချော်လိုက်တာနဲ့ မျက်နှာချင်း မဆိုင်ဖြစ်ကြတော့မယ့် သူတို့ကြားက ဆက်ဆံရေးတွေဟာ ..

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 [ 공푸르즈 ]Where stories live. Discover now