「 파트 - 2 」

176 28 0
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

⤷ 삼 ∿

-" ကျွန်တော် .. သူများကိုယ်စား စာလိုက်ပေးရတဲ့ အလုပ်ကို ဆက်မလုပ်ဖြစ်တော့ဘူး "

-" ဘာလို့လဲလို့ မေးစေချင်လား "

-" အကြောင်းပြချက် မရှိဘူး ..။ ဒီအတိုင်းပဲ "

-" ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် ..။ အမြဲလိုလို လူမှားတတ်တဲ့ ခင်ဗျားက အဲဒီအလုပ်မှာ ပါရမီမှ မပါတာပဲ .. "

-" ကျွန်တော်လည်း အကြောင်းပြချက်က အဲဒါလို့ ထင်တယ် .. "

• • •

: | ယုတ္တိတန်တဲ့ တိုက်ဆိုင်မှုတွေကို တစ်ဖက်သတ် လုပ်ယူလို့ ရပါသလား။ သိတဲ့သူ ရှိရင် ဖြေပေးကြပါ ..။

တကယ်လို့များ ရခဲ့သည်ရှိသော် ..။
တတ်ကျွမ်းကြသည်ရှိသော် ..။

( ၀၁၀ ... ) ကျွန်တော့်ရဲ့ ဒီဖုန်းနံပါတ်ကို ဆက်သွယ်
ပေးကြဖို့ အကူအညီတောင်းပါတယ်ခင်ဗျာ ..။ | :

-

ဖြစ်နိုင်မယ်ဆိုရင် ဖုန်းထဲ ထည့်သုံးထားသမျှ ဆိုရှယ်မီဒီယာ စာမျက်နှာတွေပေါ်မှာ လတ်တလော ကိုယ် တက်တင်ချင်နေတဲ့ စာဟာ ဒီစာကြောင်းပဲ။

နှစ်ကြိမ် နှစ်ခါလောက် နှစ်ယောက်သား ဆုံတွေ့ခဲ့ကြရပြီးတာတောင် .. နောက်ထပ် တစ်ကြိမ်ဆိုတဲ့ မျှော်လင့်ခြင်း အကြောင်းအရာက ဒုံဟျွန်းရဲ့ စိတ်အာရုံအတွင်းမှာ အချိန်ပြည့် တရစပ် ကူးလွန့်နေသေးတာကို ခံစားမိတယ်။

သူဟာ အဲဒီလို လူ ဖြစ်ပါတယ် ..။

တွေ့နေရင်းကနေ ..
ထပ်ထပ်ပြီး တွေ့နေချင်ခဲ့တဲ့ .. လူ။
မတွေ့ရတာ ကြာလာရင် .. သူနဲ့ တွေ့ရဖို့ ရက်တွေကို တာလီချိုးရင်း ထိုင်ရေတွက်စေခဲ့တဲ့ .. လူ။

တွေ့ရပြန်ပြီ ဆိုရင်လည်း နည်းလမ်းပေါင်းစုံ သုံးပြီး တောင်ထိပ်ပေါ်ကနေ ' အမြင့်ခုန် ( bumgee jumping ) ' လိုက်ရသလို နိမ့်ချည်မြင့်ချည် ဖြစ်သွားအောင် ..

ကိုယ့် စိတ်ခံစားချက်တွေနဲ့
ကောင်းကောင်း ကစားတတ်တဲ့ .. လူ။

• • •

" ဟယ်လို "

" ဒါ .. ကင်မ်ဒုံဟျွန်းရဲ့ ဖုန်း ဟုတ်လားခင်ဗျ "

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 [ 공푸르즈 ]حيث تعيش القصص. اكتشف الآن