𝘛𝘚 ⋮ 다이어리

147 25 0
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

ˑ ִ ֗ 𓂅

အဲဒီနေ့မှာ .. ဒုံဟျွန်းကို သူက " ကျွန်တော် ပြန်မှ ဖတ် " လို့ ပြောရင်း .. လွယ်အိတ်ထဲကနေ စာအုပ်တစ်အုပ် ထုတ်ပေးသွားခဲ့တယ် ..။

__________

• 2023 년 9 월 13 일 ,

၂၀၂၃ ခုနှစ် ၊ ၉ လပိုင်း ၊ ၁၃ ရက်နေ့

ဒီနေ့ ရာသီဥတုက မိုး နည်းနည်း ရွာတယ် ..။

ငါ သူနဲ့ ပြန်တွေ့ခဲ့ရတယ် ..။
ငါ ၁၈ နှစ် အရွယ်မှာ တွေ့ခဲ့ရတဲ့ သူ ..။

အဲဲဒီတုန်းကလည်း
ငါ သူ့အကြောင်း ရေးဖူးပါသေးတယ် ..။

ဂိမ်းဆိုင်မှာ ဆိုင်ရှင်က ရွှေရောင် အလှမွှေးငါးတွေကို ဖန်ကန်အဝိုင်းထဲ ထည့်ထားလို့ အဲဒီလို ထားလို့ မရဘူး ဆိုပြီး ချက်ကျလက်ကျ ရှင်းပြနေတဲ့ ကောင်လေးဆိုတာ ..။ အဲဒါ သူ ..။

ဒါပေမယ့် ငါ အဲဒါတွေ ရေးထားတဲ့ ဒိုင်ယာရီ စာအုပ်အဟောင်းက အိမ်တွေ ဟိုပြောင်း ဒီပြောင်းလုပ်ရင်းကနေ ပျောက်သွားတော့ ငါလည်း အဲဒီကတည်းက ဒိုင်ယာရီ ဆက်မရေးဖြစ်တော့ဘူး ..။ သူ့ကိုလည်း အဲဒီနေ့က စပြီး ထပ်မတွေ့ရတော့ဘူး ..။

ဒီနေ့မှ အဲဒီကောင်လေးနဲ့ ငါ ပြန်တွေ့ခဲ့ရတယ် ..။ သူ့ မေဂျာက ဘာလဲကို သေချာ မသိပေမယ့် ပြဇာတ်ကလပ်နားမှာတော့ သူ ယောင်လည်လည် လုပ်နေတာ တွေ့မိတယ် ..။

- - - - -

• 2023 년 9 월 21 일 ,

၂၀၂၃ ခုနှစ် ၊ ၉ လပိုင်း ၊ ၂၁ ရက်နေ့

ဒီနေ့ ရာသီဥတုကတော့ တိမ်တွေ ရှင်းနေတယ် ..။

ငါ့ကို ဗြောလ်က ပြဇာတ်ကလပ်က လူတစ်ယောက်ကို သူ့ရဲ့ ရည်းစားစာ သွားပေးပေးဖို့ အကူအညီတောင်းတယ် ..။

ဗြောလ် ပြောပုံအရဆိုရင် သူ ပြောတဲ့ လူက ငါ့ရဲ့ ဂိမ်းဆိုင်က ကောင်လေး ဖြစ်ဖို့ ရာခိုင်နှုန်း များနေတယ် ..။

ငါ့ရဲ့ စိတ်တွေက တကယ်ကို
ဂယောက်ဂယက် ဖြစ်ကုန်တယ် ..။

- - - - -

• 2023 년 9 월 22 일 ,

၂၀၂၃ ခုနှစ် ၊ ၉ လပိုင်း ၊ ၂၂ ရက်နေ့

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 [ 공푸르즈 ]Where stories live. Discover now