-1-

182 13 0
                                    

𝐒𝐡𝐞 𝐰𝐚𝐬 𝐟𝐫𝐨𝐦 𝟏𝟗𝟎𝟎

ခပ်လေးလေးတေးသွားနှင့်အတူ သွားချည်လာချည်နဲ့ ရှုပ်ရှပ်ခပ်လျက်ရှိတဲ့ လူကြားထဲ သူမပါ ယောင်ယောင်နနနှင့် ဝင်ရောက်မိသွားသည်။

ပျော်ပျော်ပါးပါး ရယ်မောရင်း စကားပြောနေဟန်ရှိတဲ့ ဒီလူအုပ်ကြီးကြားထဲ သူမ ဘယ်လိုများရောက်လာခဲ့ပါလိမ့်။

လူတွေနှင့်ပြည့်နှက်နေသော်လည်း ကားသံ စက်သံ တစိုးတစိမျှ မကြားရသည့် ဒီနေရာက ကားလမ်းမတော့ မဖြစ်တန်ရာ ။

ဘေးဘီဝဲယာကို စူးစမ်းမိတော့ ခပ်လှမ်းလှမ်းတွင် မီးအိမ်တွေ တန်းစီချိတ်ထားတဲ့ အဖြူရောင် အုတ်နံရံတစ်ခုအား တွေ့ရသည်။

အမျိုးသားဖြစ်သူတွေက အနက်ရောင် ဝတ်စုံပြည့်ဝတ်ဆင်ထားကြပြီး ဓာတ်ပုံတွေထဲမှာပဲမြင်ဖူးတဲ့ ဦးထုပ်အဝိုင်းအကြီးတစ်ခုကိုလည်း ကိုယ်စီဆောင်းထားကြသေးသည်။ အနက်ရောင်မဟုတ်သည့် ခဲရောင် ကြက်သွေးရောင် နက်ပြာရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လူများလည်းရှိသည်။

နာမည်ဘယ်လိုတပ်ရမှန်းတောင်မသိတဲ့ ဂါဝန်ဖောင်းဖောင်းကြီးတွေကို ကြော့မော့နေအောင် ဆင်မြန်းပြီး မျက်နှာကို ကာချယ်မျိုးစုံနှင့် ခြယ်သထားသည့်အမျိုးသမီးများကိုမူ သူမ အသက်ရှူဖို့ပင်မေ့လျော့စွာနှင့် ကြည့်နေမိသည်။

တီဗီဇာတ်လမ်းတွေထဲမှာပဲ မြင်ဖူးခဲ့တဲ့ ဝတ်စားဆင်ယင်ပုံတွေကို အခုတော့ အရှင်လတ်လတ်မြင်နေရသည့်ခံစားချက်ပင်။

ဘယ်ရောက်လို့ရောက်နေမှန်းမသိဘဲ တစ်ယောက်တည်းပျာယာခတ်နေသည့် သူမအား သွားလာနေကြသည့်လူများက မမြင်သည့်အလား ဝင်တိုက်သွားကြပြီး တောင်းပန်စကားတစ်ခွန်းတောင်မဟကြဘဲ သူမကို ဝင်မတိုက်ခဲ့သလို ပုံစံမပျက် လမ်းလျှောက်လျက်ရှိသည်။

တစ်ခုခုမှတ်မိလိုမှတ်မိငြား ခေါင်းကို အသည်းအသန်အလုပ်ပေးမိတော့ တရိပ်ရိပ်နှင့် မူးဝေလာသည်။

ရီဝေဝေဖြစ်နေတဲ့ ဦးနှောက်ထဲသို့ လွင့်ပျံလာသည့် တီးတိုးလှသော စန္ဒယားသံ ။ 

She was from 1900Where stories live. Discover now