-7-

38 5 0
                                    

𝐒𝐡𝐞 𝐰𝐚𝐬 𝐟𝐫𝐨𝐦 𝟏𝟗𝟎𝟎

"ဟိုးနားက ရေတွင်းကို တွေ့လား "

ပြတင်းပေါက်ကနေတစ်ဆင့် အဖိုးဆမ်ညွှန်ပြသည့် ရေတွင်းဟောင်းကို လှမ်းကြည့်မိသည် ။

"ဟုတ် တွေ့တယ် အဖိုး "

"သခင်မလေး ဆိုဖီယာအော်စတင်က အဲ့ရေတွင်းထဲ ပြုတ်ကျပြီး သေဆုံးသွားရတာလေ "

"ရှင်...! "

ကျယ်လောင်စွာ အာမေဋိတ်ပြုမိရင်း ရေတွင်းအား နောက်တစ်ခါ ထပ်ကြည့်မိသည်။

"အဲ့အချိန်တုန်းကဆို သခင်မလေး ဆိုဖီယာအော်စတင် ရဲ့ သတင်းက ဘေးနားက မြို့လေးတွေအထိပါ ပျံ့သွားတာ ။
ညဘက် ခြံထဲဆင်းပြီး လမ်းလျှောက်ထွက်ရင်းနဲ့ ပြုတ်ကျသွားတာလို့ ကျုပ်အဖိုးပြောပြဖူးတယ်"

"မ...မဖြစ်နိုင်တာ "

ဝမ်ယိခန္ဓာကိုယ်အတွင်းရှိ သွေးများ ပြောင်းပြန်လှည့်ပတ်စီးဆင်းသွားသလိုပင်။
ဆောက်တည်ရာမရစွာနှင့် ထိုင်ခုံရှိသစ်သားလက်တန်းကို ဆုပ်ကိုင်ထားမိသည်။

"ဘာက မဖြစ်နိုင်တာလဲ မိန်းကလေး "

"သူ...သူက ရေတွင်းထဲ ပြုတ်ကျပြီး ဆုံးသွားတာမှမဟုတ်တာ!"

"မိန်းကလေးပြောနေတာတွေကို ကျုပ်နားမလည်ဘူး။
သခင်မလေးရဲ့ သေဆုံးမှုကို မဟုတ်ပါဘူးလို့ ဘာကြောင့်ပြောနိုင်ရတာလဲ "

"သူ...သူက မီးဆိုင်းပြုတ်ကျပြီး ဆုံး...ဆုံးသွားတာလေ ။ ဒါပေမယ့်...ဒါပေမယ့် ကျွန်မ သူ့ကို သေချာ  လှမ်းဆွဲထားခဲ့တာ "

"စိတ်ကိုအရင်ဆုံးတည်ငြိမ်အောင်ထားပါဦး။
လုံးထွေးနေတဲ့ မိန်းကလေးစကားတွေကို ကျုပ်နားမလည်ဘူး "

အဖိုးဆမ်ချပေးထားတဲ့ အေးစက်စပြုနေပြီဖြစ်တဲ့ လက်ဖက်ရည်ခွက်ကို တုန်တုန်ရီရီနှင့် သောက်ချလိုက်ပြီး အသက်အားမနည်းလုရှူနေရသည်။

"တစ်ချို့ကလည်းပြောကြတယ်
သခင်မလေးက လုပ်ကြံခံရတာတဲ့ "

တင်းကြပ်လာတဲ့ရင်ဘတ်နဲ့အတူ ဝင်လေထွက်လေတို့မှာလည်း မတည်ငြိမ်တော့ဘဲ အသက်ရှူရတာကိုပင် ပင်ပန်းလာသည်။

She was from 1900Where stories live. Discover now