Part 1 Uni

1.5K 73 13
                                    

ဒီနေ့ဟာ တက္ကသိုလ်ရဲ့ထမဆုံးကျောင်းဖွင့်ရက် ဖြစ်တာကြောင့် ကျောင်း၀န်းထဲတွင် ကျောင်းသားများဖြင့်ရောက်ယှက်ခက်နေကြပြီး ပထမနှစ်ကျောင်းသားသစ်လေးတွေက သူတို့ရဲ့သက်ဆိုင်စာသင်ခန်းအသစ်များကို တက်ကြွစွာဖြင့် လိုက်လံရှာဖွေနေကြသည်။

ထိုအချိန်တွင် ဆေးတက္ကသိုလ်ကျောင်း၀န်းထဲသို့ BMWပုံစံတူ အရောင်တူအနက်ရောင်ကားနှစ်စီးဟာလည်း ရှေ့ဆင့်နောက်ဆင့်၀င်လာပြီး ကားပါကင်ထိုးတဲ့နေရာမှာပါ ကားနှစ်စီးကိုအတူတူယှဉ်ထိုးထားသည်။ထိုကားပေါ်မှအသီးသီးဆင်းလာတဲ့ ကောင်လေးနှင့် ကောင်မလေးတွေကိုမြင်လိုက်ရသည့် ကျောင်းသားအချို့မှာ အံ့အားသင့်ကြသည်။

"ကိုကို ညီမလေးတို့ကို အတန်းထိလိုက်မပို့ပေးနဲ့တော့ ကိုယ့်ဘာသာလိုက်ရှာမယ် ဒီနေ့တောင်ပါပါးစိတ်ချမ်းသာအောင်အတူတူလိုက်လာရတာ"

ကြည်သာနှစ်ယောက်ရဲ့ ဆူပုတ်နေတဲ့ရုပ်တွေကြောင့် သက်ပြင်းသာချမိတော့သည်။ပါပါးကလည်း ပါပါးဘဲသူ့သမီးတွေက တအားမယ်တက်ပဖြစ်နေတာကို ကျောင်းသွားတာကို အကိုတွေနဲ့ အတူတူထည့်ပေးလိုက်တော့ စိတ်ကောက်ကုန်ကြပြီလေ။

"ဟုတ်ပါပြီ ကိုကိုတို့လည်း လိုက်မပို့တော့ဘူး အတန်းသွားတော့မယ်ဟုတ်ပြီလား အဲ့ဒီမျက်နှာလေးတွေပြင်ပြီးသွား "

လရောင်ရဲ့စကားကြောင့် ဆူပုတ်နေတဲ့မျက်နှာ‌ဟာအနည်းငယ် ပြေလျော့သွားသည်။

"ကိုကိုတို့ကို ပြုံးပြပါအုံး "

"ဟီးဟီး...."

နေရောင် ပြောလိုက်တဲ့စကားမှာတော့ ကြည်သာနှစ်ယောက်က မချိသွားဖြဲပြကာ စာသင်ကျောင်းဆောင်တွေရှိရာဘက်ကို သုတ်သုတ်နဲ့ထွက်သွားတော့သည်။ညီမအမြွှာနှစ်ယောက်ရဲ့ ခပ်ရွဲ့ရွဲ့လုပ်သွားတဲ့ပုံစံကြောင့်
ညီကိုနှစ်ယောက်မှာ အချင်းချင်းကြည့်ပြီး ခပ်ဟဟရီမိသွားသည်။

သူတို့ လေးယောက်ရဲ့ပုံရိပ်တစ်ချို့ဟာ ကျောင်း ပထမဆုံးနေမှာဘဲ ကျောင်းwebsite မှာပါ ပလူပျံနေတာကိုတော့ သူတို့မသိခဲ့ချေ။ကျောင်းရဲ့ မိန်းမပျိုလေးတွေရဲ့ ရင်ထဲက King ဖြစ်တဲ့ အမြွှာညီကိုနှစ်ယောက်ဟာ ဒီနှစ်မှာတော့ အမြွှာကောင်မလေးနှစ်ယောက်နဲ့ ကျောင်းကိုအတူတူလာခဲ့ချင်းပင်။

Accident (Season 2) OR Bring Me Back Where stories live. Discover now