Part 2 Zawgyi

162 6 0
                                    

"ညီမလေး...မကို ညီမလေးတို့ရဲ့အကိုနဲ့ မိတ်ဆက်ပေးလို့ရလား "

"ဒါလေးက ညီမလေးတို့အတွက် မ ရဲ့လက်ဆောင်လေးပါ"

ကြည်သာနှစ်ယောက် ကန်တင်းမှာ မုန့်စားနေတုန်း သူတို့ အရှေ့မှာရှိသည့် လွှတ်နေသောထိုင်ခုံတွင် ခွင့်တောင်းခြင်းမရှိပဲ သူတို့အားလာဘ်ထိုးပြီး ကိုကိုတို့ကိုရောချင်နေသည့် အမကိုတစ်ချက်ကြည့်လိုက်မိသည်။

ကျောင်းစစတက်သည့်နေ့က မောင်နှမလေးယောက်ရဲ့ ပုံဟာ ကျောင်းတွင်း ဂရုထဲမှာပျံနှံသွားခဲ့ပြီး ကြည်သာတို့မိသားစုရဲ့ အမှတ်အသားဖြစ်သည့် ဆွဲကြိုးကြောင့် အမြွှာမောင်နှမအရင်းတွေဖြစ်တာကို တစ်ကျောင်းလုံးသိသွားခဲ့သည်။

ကြည်သာတို့ညီမနှစ်ယောက်ဟာလည်း ရုပ်ချင်းခွဲမရအောင်တူကြသည်။ဒါပေမဲ့ အကြီးဖြစ်တဲ့အေးမြဟာ လရောင်လိုမျိုး မျက်ခုံးနှစ်ခုကြားလေးမှာ မှည့်သေးသေးတစ်ခုပါသည်။ အငယ်ဖြစ်တဲ့ ‌ချမ်းမြေ့က နေရောင်လိုမျိုး လည်ပင်းအလယ်တည့်တည့်မှာ မှည့်သေးသေးလေးတစ်ခုပါသည်။

ကြည်သာတို့ညီမနှစ်ယောက်က ရုပ်ချင်းတူပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ သိပ်မတူညီကျပေ။ အကြီးဖြစ်တဲ့ အေးမြဟာ တစ်ခါတစ်လေ အနေတည်ပြီး စကားပြောရင်ခပ်ပြတ်ပြတ် ပြောတက်သည်။အငယ်ဖြစ်တဲ့ ချမ်းမြေ့ကတော့ ဖော်ရွေတက်ပြီး ပျော်ပျော်လည်းနေတက်သည်။

ညီမနှစ်ယောက်က မကြိုက်သည့်အရာကို ဘယ်သူ့မျက်နှာကိုမှမထောက်ပဲ အပြတ်လည်းငြင်းတက်သည်။

"ဟင့်အင်း မလိုပါဘူး ဂူဂူးတို့ကို ဖေဖေနဲ့ပါပါးက အပြည့်အစုံ ၀ယ်ပေးထားတယ် "

"ကိုကိုတို့နဲ့ ခင်ချင်ရင် မမတို့ဘာသာဘဲ မိတ်ဆက်လိုက်ပါ ကူကူးတို့တော့ မကူညီနိုင်ဘူး"

ညီမနှစ်ယောက်ရဲ့ စကားကြောင့် လက်ဆောင်ပေးသည့်မိန်းကလေးမှာ လက်တွန့်သွားရသည်။အကိုနှစ်ယောက်က အလွယ်တကူပေါင်းလို့သင်းလို့မရတာကြောင့် ညီမနှစ်ယောက်ကို ကပ်ခါမှ ပိုဆိုးနေသည်။

သူ့စိတ်ထဲ ဘယ်လောက်ပဲ အချဉ်ပေါက်နေပါစေအုံး ဟန်တော့လုပ်ရပေအုံးမည်။

Accident (Season 2) OR Bring Me Back Where stories live. Discover now