2

2.8K 133 5
                                    

Zayneက ပေါ့ပေါ့ပါးပါးပဲဝတ်ဆင်ကာ သူငယ်ချင်းတွေနှင့်အပြိုင်ဟဲ၍ ခွက်ချင်းတိုက်လိုက်သည်။

ညလယ်လောက်ရောက်တော့ သောက်နေကျမဟုတ်သည့် Zayneက အရက်ဂျိုးများနှင့် ဆက်မသောက်နိုင်တော့ဘဲ သန့်စင်ခန်းရှိရာ ထွက်ခဲ့လေသည်။

'ချပ်'

သန့်စင်ခန်းတံခါးက ချပ်ခနဲပွင့်လာပြီး လက်ဆေးနေသည့်Zayneကလှည့်ကြည့်တော့ တစ်ဖက်လူ၏နက်ရှိုင်းသောမျက်ဝန်းနက်တို့ဖြင့် ဆုံစည်းသွားခဲ့သည်။

တစ်ဖက်လူငယ်လေးက ဂျင်းဘောင်းဘီဒူးပြဲကို Mr.Martinဖိနပ်နှင့်တွဲကာ အဖြူရောင်ရှပ်အား ဝတ်ဆင်ထား၏။ အပေါ်ထပ်အနေနှင့် နွေးထွေးပုံရသောကုတ်အင်္ကျီရှည်ကို ထပ်မံဝတ်ဆင်ထားခဲ့သည်။ သို့တိုင် လူငယ်ဆန်သောအရိပ်အသက်ကလွဲ ကာရာအိုကေလိုနေရာမျိုးထဲ သူ့အရှိန်အဝါကလုံးလုံးကွဲထွက်နေပြီး ဒီနေရာနှင့်လုံးဝသက်ဆိုင်ခြင်းမရှိ။

ထိုသူက သူ့ကိုစိုက်ကြည့်နေတော့ Zayneအလိုလိုဘဲ ဘေးကိုရွှေ့ပေးလိုက်မိလေသည်။ လူငယ်က မျက်လွှာကိုချကာ သူဖယ်ဘေးလိုက်သောနေရာနား အသာတကြည်လာရပ်ကာ လက်ဆေးလာ၏။

သူတို့ခန္ဓာကိုယ်နှစ်ခုဆီမှဟပ်လာသော ကိုယ်ပူချိန်ကိုပင် ခံစားမိနိုင်လောက်အောင် နီးကပ်သွားခဲ့သည်။ Zayneက တရိပ်ရိပ်မူးဝေနေသည်မို့ မည်သည့်မူမမှန်မှုမျိုးကိုမှ သတိမထားမိသလို သူ့ဘေး သုံးဖက်သုံးတန်တွင်လည်း လူလွတ်နေသောဘေစင်များဖြင့် ပြည့်နှက်နေသည်ကိုလည်း မမှတ်မိပါချေ။

သူပဲစိတ်ထင်၍လားတော့မသိ။ တစ်ဖက်လူငယ်က ပြန်လှည့်ထွက်သွားသည့်အချိန်တွင် သူတို့၏အဝတ်ချင်းဖြတ်တိုက်သွားကြပြီး ဝင်သက်ထွက်သက်နွေးနွေးက သူ့နားရွက်အောက်နားလေးကို ကျီစယ်သွားခဲ့သယောင်။

Zayneက တစ်ဖက်လူ၏နောက်ကျောကိုငေးကာ ယားယံသွားသောလည်ပင်းအထက်နားလေးကို လက်ဖဝါးဖြင့်ပွတ်လိုက်မိတော့သည်။

-

"Bye Bye.... "

"Bye~~~ Zayne"

Zayne သူငယ်ချင်းတွေကို လက်ပြနှုတ်ဆက်ပြီးနောက် အဝင်ကောခေါ်ဆိုမှုကိုပြနေသည့်ဖုန်းအား ​လက်ခံဖြေဆိုလိုက်၏။

R I S HWhere stories live. Discover now