3

1.7K 52 1
                                    

နံနက် 5: 30။ ရထားထွက်ဖို့ နာရီဝက်သာလိုတော့၏။

အခန်းတံခါးက အသာပွင့်ဟလာခဲ့သည်။

Zayneလှည့်ကြည့်လိုက်တော့ မောပန်းနွမ်းနယ်နေပုံရသော Rishက အခန်းထဲဝင်လာပြီး ရေချိုးခန်းဆီတန်းသွားလေ၏။ သူ့ကို ဂရုစိုက်နေပုံလည်းမပေါ်။ အခွင့်အရေးဟုမှတ်ယူကာ လော့ခ်ပြန်မချထားခဲ့သော အခန်းတံခါးကို လျှပ်စီးလိုအလျင်ဖြင့် ပြေးဖွင့်လိုက်သည်။

Rishက သူ့ကိုစနောက်နေသည်ဖြစ်စေ ၊ အတည်ပြောသည်ဖြစ်စေ၊ ညလုံးပေါက်ထည့်ပိတ်ထားခဲ့တာက သက်သေ။ သူထပ်ပြီး ဆွေးနွေးနှုတ်ဆက်မှုတွေ မပြုချင်တော့....။

ရေချိုးခန်းထဲရှိ Rish၏မျက်ခွံတို့ဟာ ပျင်းရိလေးကန်စွာပင့်တက်သွားပြီးနောက် မျက်လွှာပြန်ချသွားခဲ့သည်။

မလွတ်မြောက်နိုင်ဖို့ သေချာနေတာမို့ သူ့မှာစိုးရိမ်ပူပန်မှုတို့မရှိ။

-

အမှန်ပင် Zayneမလွတ်မြောက်ခဲ့ပေ။ လှေခါးထိပ်တွင်ရပ်နေသော ဘော်ဒီတောင့်တောင့် သက်တော်စောင့်နှစ်ယောက်ကိုမြင်တော့ သူ၏နှုတ်ခမ်းဟာ ချက်ချင်းမဲ့ကျသွားလေသည်။

ထိုနှစ်ယောက်က သူ့ကိုသတိပြုမိလာခဲ့ပြီး ဘာမှမဆိုလာသော်လည်း မျက်စိထောင့်ထောက်လိုက်ကြည့်နေသည်ကိုတော့ Zayneခံစားမိနိုင်သေး၏။

အခန်းထဲပြန်ဝင်သွားဖို့ကိုငြင်းပယ်၍ Zayneရဲဆေးတင်လျက် ထိုနှစ်ယောက်ရှေ့မှ ဖြတ်လျှောက်သွားလိုက်သည်။ ထိုနှစ်ယောက်က သူလှေခါးထစ်များအလယ်ရောက်လာသည်နှင့် အနောက်ကနေ လိုက်ဆင်းလာသည်။

သူအခုစောင့်ကြည့်ခံနေရတာလား.....။ Zayne ဒေါသစိတ်တို့ထိုးထွက်လာကာ ခြေလှမ်းကိုမြန်၍ ကျန်နေသည့်လှေခါးထစ်များဆီမှ ပြေးဆင်းလိုက်၏။

အနောက်ကလိုက်ပါလာသည့် ခပ်သော့သော့ခြေသံများကိုကြားသော် သူနောက်ပြန်မလှည့်ကြည့်ဘဲ ပွင့်နေသောတံခါးဆီ အသားကုန်ပြေးသွားတော့၏။

တံခါးနှင့်ခြေတစ်လှမ်းနီးကပ်လာသည်နှင့်အမျှ တံခါးဆီမှအလိုအလျောက်တပ်ဆင်ထားသောစနစ်ဆီမှ အနီရောင်အချက်ပြမီးတစ်ခု အသံတိတ်လင်းလက်လာခဲ့သည်။

R I S HWhere stories live. Discover now