I liked the wrong person!!

221 17 4
                                    

Winnieဘဝမှာနောင်တအရဆုံးအရာဆိုရင် Satang Kittiphop Sereevichayasawat ဆိုသူအားအောက်ပုဂ္ဂိုလ်ဟုထင်ကာလိုက်မိခဲ့ခြင်းပင်။

ထိုသူသည် university တစ်ခုလုံးတွင် နတ်သားအလားတင်စားခံရသူဆိုရင်လည်းမမှား။မိန်းကလေးတွေသာမကယောင်္ကျားလေးအချို့ကပါ ဝိုင်းကြိုက်ခြင်းခံရတဲ့သူ။အလွန်ချောမောလှတဲ့မျက်နှာနှင့်ပါးပြင်ပေါ်ရှိပါးချိုင့်ရေးရေးတို့သည်တစ်ခြားသူများကိုဆွဲဆောင်နိုင်သောအရာဖြစ်သော်လည်း ငါ့အတွက်တော့ဟုတ်မနေခဲ့။

Satang Kittiphop ဆိုသူအားမသိတဲ့သူမရှိသလောက်ပင်။လာကြိုက်သည့်သူတိုင်းအားငြင်းလွှတ်တတ်ပြီးအလွန်ချေသူလည်းဖစ်သည်။သူငယ်ချင်းဆိုလည်းမရှိသလောက်။

သူနဲ့စစတွေ့ခြင်းတုန်းကဆို library ထဲတွင်စာဖတ်နေတဲ့ကောင်လေးအားသူတွေ့ခဲ့သည်။အမ်း...စာတော်တဲ့သူဆိုလည်းမမှား။သူကပုံမှန်ဆိုစာသိပ်လုပ်တာမဟုတ် အဲ့နေ့ကလဲ ဆရာသမားmarkကြောင့်ရောက်သွားခြင်းသာဖြစ်သည်။

အဲ့နေ့ကစပြီးသူကောင်လေးနောက်အားတစ်ကောက်ကောက်လိုက်နေခဲ့သည်။အရယ်အပြုံးသိပ်မရှိသူကြောင့် သူအပြုံးလေးကိုမြင်ရဖို့နည်းလမ်းပေါင်းစုံလုပ်ခဲ့သော်လည်း တစ်ချက်မှတောင်မပြုံးခဲ့။သူ့ကိုသဘောကျကြောင်းအခါပေါင်းများစွာပြောခဲ့သော်လည်းထိုကောင်လေးကရင်တောင်မခုန်ခဲ့။

တစ်ရက်ပွဲတစ်ခုရှိတာကြောင့်ကျောင်းကလူတော်တော်များများလာကြတယ်။ကျောင်းမှာသာဆရာကြီးဆိုက်ဖမ်းပေမဲ့တကယ်တမ်းကျအရက်တောင်မသောက်နိုင်သူ။အလိုက်ကန်းဆိုးမသိတဲ့ကျေးဇူးရှင်က ကိုယ့်သူငယ်ချင်းထိုးတိုက်ခံနေရတာတောင် မတားခဲ့။သူ့ဘေးမှာတော့satangကရှိနေပေးလို့တော်သေးသူတင်တားပေးလို့သာမဟုတ်ရင်သူအဲ့နားမှာတင်အသောက်လွန်ပြီး ဆေးရုံရောက်သွားနိုင်သည်။

ထို့နောက်အိပ်ပျော်သွားကာအဲ့ကစလို့ငါဘားမှမမှတ်မိတော့။နှိုးလာတော့မရင်းနှီးတဲ့အခန်းပတ်ဝန်းကျင်ကြောင့်ဆက်ခနဲထထိုင်မိတဲ့အခါ အောင့်တက်သွားသည့်ခါးနှင့်အတူခန္ဓာကိုယ်ပေါ်ရှိခရမ်းပုတ်ရောင်အကွက်များ။ဖြစ်ခဲ့သည့်အကြောင်းအရာများကိုပြန်စဉ်းစားသော်လည်းဘားမှမပေါ်လာ။

The Person Where stories live. Discover now