To begin bf:3

81 8 0
                                    

မင်းအပိုင်!...

"အချစ်"

"အားးး..စောစောစီးစီးကွာဘယ်သူတုန်း အိပ်ကောင်းချင်းမအိပ်ရဘူး "

" ဟေး..ကိုယ်လေအချစ်.."

"ဘာလဲကွာ"

ညကဂိမ်းဆော့လွန်လားမလွန်လားဆိုတာမနက်သုံးနာရီမှအိပ်ရတဲ့အဖြစ်။ကျောင်းကို7နာရီကျော်လောက်လာရတာကြောင့်မလာချင်ပဲလာရသည်။လူကလုံးဝပင်အားမရှိ...မျက်စိထောင့်တောင်မထောက်နိုင်တော့။majorအရှေ့ကခုတန်းမှာတင်အိပ်ပျော်သွားသည်။

အိမ်မက်မက်လို့ကောင်းနေတုန်းဘယ်ကကောင်လဲမသိငါ့ကိုလာနိုးတာ။ကြည့်လိုက်တော့ဟိုကောင်...မင်းလူမှုရေးနားမလည်ဘူးလားဟမ်သူများအိပ်နေတာနည်းနည်းတော့သိတတ်လေကွာ။

"အချစ်က..စိမ်းကားလိုက်တာကွာ"

"ဘာလဲကွာ..မင်းမှာလုပ်စရာမရှိဘူးလား..လာမနှောင့်ယှက်လို့မရဘူးလား"

"……"

တိတ်ဆိတ်သွားသည့်လေထု။ဘာ..ဘာလဲ၊ဘာဖြစ်တာလဲ စိတ်ဆိုးသွားတာလားဘာလား။သူအူကြောင်ကြောင်ကြည့်နေတုန်း

" ကိုယ်...ကိုယ်နဲ့စကားပြောချင်စိတ်ရှိခဲ့လား"

"ဟ..ဟမ်"

"ဟုတ်ပီ..မင်းအဆင်ပြေမယ်ဆို ကိုယ်ထွက်သွားပေးမယ် "

"အမ်...ဟေ ဘာတုန်း ဟေ့ကောင် "

ပြောချင်တာပြောပြီးထွက်သွားတဲ့သူကြောင့်သူမှာစကားပင်မစလိုက်ရ။ငါပြောတာအဲ့လိုမ..မဟုတ်ဘူးလေ၊အဲ့လိုဆိုလိုတာမဟုတ်ဘူးလေ။တွေးနေတုန်း ပြုံးစိစိနဲ့markရောက်လာသည်။

" ဟျောင့် ဘာဖြစ်နေတာလဲ "

" ငါသူ့ကိုပြောတာလွန်သွားလို့လား"

"ဘာတုန်း.မင်းဟာကအစမရှိအဆုံးမရှိနဲ့ ဘယ်သူကအပြောလွန်တာလဲ ဘယ်သူလဲ "

" Satang ကိုကွာ ငါက..မနှောင့်ယှက်နဲ့လို့ပြောလိုက်တာလွန်သွားလား "

"သူကမင်းဘာလုပ်လို့လဲ "

"ဘားမှမလုပ်ပါဘူး..ငါကဒီတိုင်းအိပ်ချင်နေတာနဲ့ ပြောမိလိုက်တာ"

The Person Where stories live. Discover now